၂၀၁၈ခုနှစ်အတွင်း ​​ကလေးခရိုင်တွင်​ အစား​အ​သောက်​နှင့်​ပက်​သက်​ပြီး တိုင်​ကြားမှု ၄မှုသာရှိ

ကလေးlဇန်​နဝါရီဝါရီ ၁-၂၀၁၉
သူရိယထက်

ကလေးခရိုင်အတွင်း ၂၀၁၈ခုနှစ်​ ဇန်နဝါရီလမှစတင်၍ နှစ်ကုန်ပိုင်းအထိ ​​​ကလေးခရိုင် စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာသို့ လာရောက်တိုင်ကြားမှု ၄ ခုရှိခဲ့ကြောင်း ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးမှူးဦးစိုးအောင်က ပြောသည်။

အဆိုပါအမှု ၄ မှုမှာ 4 TV ၂ မှု l Online Shop ၁ မှုနှင့်တယ်လီနောဖုန်း ဝိုင်ဖိုင် ၁ မှု စုစုပေါင်း ၄ မှုဖြစ်သည်။

“ဒီလေးမှုကို အရေးယူဖို့ တိုင်ကြားတယ်၊၂ မှုကတော့ ရုံးချုပ်ထိ တိုင်ကြားတယ်၊ ဒါပေမယ့် ကျနော်တို့ဆီပဲ ပြန်လွှဲပေးခဲ့တယ်၊စားသုံးသူကို နှစ်ကြိုက်အောင်လုပ်ပေးတယ်ဆိုရင် ဒါကအဓိကတော့ အရေးယူမှုတစ်ခုပါပဲ၊ အဓိကတော့ စားသုံးသူမနစ်နာရေးပဲ၊ နဂိုက ဒါမျိုးတွေမရှိခဲ့ဘူး၊ ​ရောင်းတဲ့သူက ပစ္စည်းတစ်ခုလဲမပေးဘူးကွာ မတတ်နိုင်ဘူးကွာ ဒီလိုပဲပြီးခဲ့ကျတာ၊ စားသုံးသူရဲ့ အကာအကွယ်ပေးတဲ့ဌာနလဲပေါ်လာပြီ၊ ဥပဒေတွေကလဲ ပေါ်လာပြီဆိုတော့ စားသုံးသူကရေဆုံးကန်းဆုံလိုက်တဲ့အခါမှာ ပြန်ပြီး အလျော်အစားတွေ ပေးရတယ်”လို့  ဦးစိုးအောင်ကပြောသည်။

စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ စားသုံးသူများနှင့်ရောင်းသူခြားမှာ အဆင်ပြေအောင် လုပ်ပေးသည့် အဓိကဌာနဖြစ်သည်။

ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေနှင့် စာသင်ကျောင်းများ၊အရပ်ဖက်အဖွဲ့အစည်းများ၊​ဈေးဆိုင်ပိုင်ရှင်များ၊ဌာနဆိုင်များ၊ကုမ္ပဏီများ၊အသင်း​အဖွဲ့များနှင့်ပြည်သူများ သိရှိဖို့ ဟောပြောပွဲများ ပြုလုပ်ခဲ့တယ်​လို့ သိရသည်။

ကလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေနဲ့
စားသောက်ကုန်နှင့်ကုန်စည်များကို မြန်မာစာဖြင့်ဖော်ပြပေးရန် အသိပေးထားပြီး မလိုက်နာပါက ၂၀၁၉ ခုနှစ် ဇွန်လတွင် ဖမ်းဆီးအရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

#voiceofmyanmar#က​လေးခရိုင်​#စား​သောက်​​ရေးရာတိုင်​ကြားမှု#

Related posts

Leave a Comment

VOM News

FREE
VIEW