‘အရင်နှစ်တွေအကယ်ဒမီပေးတာထက် ဒီနှစ်တရားမျှတမှုရှိဖို့အာမခံလိုက်တဲ့ ဇင်ဝိုင်း’

ရန်ကုန် ဇန်နဝါရီ ၉-၂၀၁၉

သင်းသဒ္ဒါ(VOM)

၂၀၁၉ ခုနှစ်မတ်လတွင် ကျင်းပသွားမယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကို  မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဇင်ဝိုင်းက အရင်နှစ်တွေအကယ်ဒမီပေးတာထက် ဒီနှစ်တရားမျှတမှုရှိဖို့အာမခံလိုက်ပါတယ်လို့ ဆိုပါတယ်။

၂၀၁၈ အကယ်ဒမီ နဲ့ ပတ်သက်ပြီး ”ကျွန်တော် အမှန်တရား ပိုမိုနီးစပ်လာအောင် ၊ တရားမျှတခြင်း ပိုမိုရှိလာအောင် အဂတိတရားကင်းအောင် ဒီဟာကိုအတတ်နိုင်ဆုံး ကျွန်တော်ကြိုးစားပါတယ်၊ အရင်နှစ်တွေ အကယ်ဒမီပေးတာထက်စာရင် ပိုမိုပြီး အမှန်တရားနဲ့ နီးစပ်ပါလိမ့်မယ်”လို့ဆိုပါတယ်။

၂၀၁၈ အကယ်ဒမီစာရင်းဝင် ရုပ်ရှင် ဇာတ်ကားပေါင်း ၈၃ ကားကို ပထမအဆင့် စစ်ဆေးမှုတွေစတင် လုပ်ဆောင်နေပြီး  မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုကိုတော့ ၁၁(သို့) ၁၃ ဆုချီးမြှင့် သွားမယ်လို့သိရပါတယ်။

တစ်နှစ်နဲ့တစ်နှစ် ဝေဖန်မှုတွေ မများအောင်”အတက်နိုင်ဆုံး လုပ်ဆောင်ထားပေမယ့် ဝေဖန်မှုဆိုတာ လူတိုင်းရှိမှာပါ၊ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ မှ မဟုတ်ပါဘူး၊ ကျန်တဲ့ ပုဂ္ဂိုလ်တိုင်း၊အဖွဲ့အစည်းတိုင်းဖြစ်ဖြစ် ဝေဖန်မှုဆိုတာ ရှိမှာပါ၊ ကျွန်တော်တို့ ရုပ်ရှင်ဆိုတာက ပရိသတ်နဲ့သွားတာဖြစ်ပါတယ်၊ သူ့ပရိသတ် ကိုယ့်ပရိသတ်မတူတဲ့အတွက် အကုန်လုံး ၁၀၀ ရာခိုင် နှုန်း ကျေနပ်ဖို့မလွယ်ပါဘူး၊ ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်း ကျေနပ်ဖို့က မလွယ်ပါဘူး၊ ကျွန်တော် ၁၀၀ ရာခိုင် နှုန်း အမှတ်တရားဖြစ်ရမယ်လို့ အာမမခံနိုင်ပါဘူး”လို့ဆိုပါတယ်။

၂၀၁၈ ဆုတွေပတ်သက်ပြီးတော့ ”ကျွန်တော်တို့ အကယ်ဒမီ နဲ့ ပတ်သက်ရင် ဖြေကြားတာ ဘောင်ကြော်သလို ဖြစ်ရပါတယ်၊ ကျွန်တော်တို့ ပညာရပ် ၁၁ မျိုးအတွက် ဆု ၁၁ ဆုပဲ သတ်မှတ်ထားပါတယ်၊ ဒီအတွက် မနှစ်ကချီးမြှင့်သလို တသက်တာ ရုပ်ရှင်ထူး ချွန် ဆု ချီးမြှင့်ဖို့ရှိပါမယ်၊ ပုံမှန် မချီးမြှင့်နိုင်ခဲ့တဲ့ ပညာရပ်တွေဖြစ်တဲ့ ဥပမာ – Song Design ၊ မိတ်ကပ်၊ costume ကလေးသရုပ်ဆောင် စသဖြင့် ဒီဆုတွေကို တကယ်ထူးချွန်တဲ့သူပေါ်ရင် အထူးဆုအနေနဲ့ ချီးမြှင့်မှာဖြစ်ပါတယ်၊ ၁၁ ဆု နှင့် ၁၃ ကြားမှာ ချီးမြှင့်နိုင်ဖို့ရှိပါတယ်”လို့ဆိုပါတယ်။

#voiceofmyanmar#ဇင်ဝိုင်း#

ဓာတ်ပုံ -သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW