၂၀၂၀ မှာချစ်သူနဲ့ မင်္ဂလာဆောင်မယ့် ညီညီမောင်စမ်းချောင်း

ရန်ကုန် ဇန်နဝါရီ ၉- ၂၀၁၉

သင်းသဒ္ဒါ(VOM)

မိတ်ကပ်အလှဖန်တီးရှင် တစ်ဦးဖြစ်တဲ့ ညီညီမောင်စမ်းချောင်းကတော့ သူ့ချစ်သူနဲ့အတူ မင်္ဂလာပွဲကြီးကိုတော့ ၂၀၂၀ မှာပြုလုပ်သွားမယ်လို့ဆိုပါတယ်။

”၂၀၂၀ တကယ်ပါ၊တကယ်လည်း လက်မှတ်ထိုး ယူမှာပါ၊ခုလောလောဆယ်တော့ မသေချာသေးဘူးဆိုတာ မချပြချင်သေးလို့ပါ၊တည်မြဲခိုင်ခံတဲ့ Relationship တစ်ခုဖြစ် မင်္ဂလာပွဲကိုတော့ ၂၀၂၀မှာ ကျင်းပမှာပါ၊LGBT တစ်ယောက်အနေနဲ့ လူသားထဲကလူသားဆန်တဲ့ ပွဲလေးတစ်ခုကို အဲကြရင် ထုတ်ပြမှာပါ”လို့ဆိုပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်မိဘအသိပေးပွဲလေးတော့ လုပ်ပြီးပြီးလို့ သိရပါတယ်။ ကျားကျားကြိုက်ကြိုက်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ အကယ်ဒမီ မြင့်မြတ် ၊အကယ်ဒမီ မင်းမော်ကွန်း တို့နဲ့အတူ ရိုက်ကူးနေလျှက်ရှိပါတယ်။၂၀၂၀ မှာ ဧည့်ခံပွဲတွေ Dinner ပွဲတွေ လူသားတိုင်းလုပ်တဲ့ ပွဲတွေလည်းလုပ်သွားမယ်လို့သိရပါတယ်။

” Relationship တစ်ခုကတော့ ချစ်နေဖို့အဓိကပါ၊ ချစ်နေရင် ဖင်လှုတ်လှုတ် ခေါင်းလှုပ်လှုပ်ကြည့်ကောင်းတာပါပဲ၊ မချစ်တော့ရင်တော့  ဖင်လှုတ်လှုတ် ခေါင်းလှုပ်လှုပ်အပြစ်ဖြစ်လာတယ်၊ အချစ်ပဲလိုပါတယ်၊ မိန်းမလျာမှမဟုတ်ပါဘူး၊ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် မချစ်တော့ရင် ထထု နှပ်ကြ ရိုက်ကြတာပါပဲ၊ လူသားထဲက လူဆိုတော့ ချစ်နေရင်တော့အချစ်လို့ မြင်ပါတယ်”လို့ဆိုပါ တယ်။

၂၀၁၉ ကတော့ သုအတွက်ကံကောင်းတဲ့ နှစ်လို့ ပြောလို့ရပါတယ်။ ကိုယ်တွေလို မိန်းမလျာတွေကို ကားရိုက်ဖို့ အလကားခေါ်တာမဟုတ်ပဲ Actorကြေး အပြည့်အဝပေး ခေါ်တယ်ဆိုတော့လေ ။လူကိုချစ်လို့ပွဲတွေလာအပ်တယ် ကြော်ငြာတွေ ရိုက်ရတယ်။၂၀၁၈ အကုန်ပိုင်းကနေ ခုနှစ်အစအထိကံကောင်း ခြင်းတွေ သုဆီရောက်ရှိနေပါတယ် လို့ပြောပါတယ်။

#voiceofmyanmar#ညီညီမောင်စမ်းချောင်း#

ဓာတ်ပုံ- သင်းသဒ္ဒါ

Related posts

Leave a Comment

VOM News

FREE
VIEW