အီရန်စစ်ဘက်လေယာဉ်တစ်စင်းပျက်ကျ၊ လိုက်ပါသူအားလုံးနီးပါးသေဆုံး

တီဟီရန်၊ ဇန်န၀ါရီ-၁၅-၂၀၁၉

မျိုးဆက် (VOM)

လေယာဉ်မှူးအပါအ၀င် လူ ၁၆ ဦးလိုက်ပါလာတဲ့ အီရန်စစ်ဘက်လေယာဉ်တစ်စင်း လေဆိပ်ပြေး လမ်းကိုကျော်လွန်ပြီး ဇန်န၀ါရီ ၁၄ ရက်က အယ်လ်ဘော့ဇ်ပြည်နယ်မှာ  ပျက်ကျခဲ့တာကြောင့် လိုက်ပါလာသူအားလုံးနီးပါးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဘိုးအင်း ၇၀၇ လေယာဉ်ဟာ ကာရစ်ရှိ ပါယမ် နိုင်ငံတကာလေဆိပ်မှာ ဆင်းသက်ဖို့ စီစဉ်ထားပေမယ့် လေယာဉ်မှူးဟာ တီဟီရန်ရဲ့  အနောက်ဘက် ၂၅ မိုင်အကွာရှိ ဖက်သ်လေဆိပ်သို့ ဆင်းသက်ရန် ကြိုးစားခဲ့တာဖြစ်ပါတယ်။ အဆိုပါလေဆိပ်ဟာ လေယာဉ်ကြီးတွေအတွက် ပြေးလမ်းအလွန်တိုကြောင်း အီရန်နိုင်ငံပိုင် သတင်းဌာနကဖော်ပြပါတယ်။

လေယာဉ်ဟာ လေဆိပ်မှာဆင်းသက်ဖို့ကြိုးစားရင် ပြေးလမ်းချော်သွားပြီး လေယာဉ်ကွင်းနဲ့ အနီးနားရှိ လူနေအိမ်တွေကို ပိုင်းခြားထားတဲ့ တံတိုင်းကို တိုက်မိခဲ့ကြောင်း တာဝန်ရှိသူများက ပြောဆိုပြီး လူနေအိမ်အချို့ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

လေယာဉ်ပျက်ကျပြီးမကြာမီ လိုက်ပါသူ ၁၅ ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ အီရန်အရေးပေါ်ဌာန အကြီးအကဲ ပီဟိုစိန်ကိုလီဗန့်က ပြောပါတယ်။ လေယာဉ်ပျံသန်းမှု အင်ဂျင်နီယာကတော့ အသက်ရှင်ကျန်ရစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒါဏ်ရာတွေ ရရှိထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘိုးအင်း ၇၀၇ ကုန်တင်လေယာဉ်ဟာ ကာဂျစ္စတန်ရှိ ဘီရှ်ကတ်မှ အသားတွေကို တင်ဆောင်ပျံသန်းခဲ့ပြီး ဇန်န၀ါရီ ၁၄ ရက်နံနက်ပိုင်းမှာ  ဖက်သ်လေဆိပ်သို့ အရေးပေါ်ဆင်းသက်ခဲ့တယ်အီရန်စစ်ဘက်က ကြေညာချက်ထုတ်ပြန်ပြီး ပျံသန်းမှုမှတ်တမ်းတင်ထားတဲ့ ဘလက်ဘောက်ကို ရယူပြီး ပျက်ကျခဲ့ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

Ref : UPI

Photo : AFP

#voiceofmyanmar#အီရန်#စစ်ဘက်လေယာဉ်ပျက်

Related posts

Leave a Comment

VOM News

FREE
VIEW