ကနေဒါနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးမှောင်ခိုမှုဖြင့် တရုတ်သေဒဏ်ပေး

ပေကျင်း၊ဇန်နဝါရီ-၁၅-၂၀၁၉

မျိုးဆက် (VOM)

ကနေဒါနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှုဖြင့် တရုတ်နိုင်ငံရှိ တရားရုံးတစ်ရုံးက သေဒဏ်အမိန့်ချက်လိုက်တာကြောင့် ကနေဒါနဲ့ တရုတ်နိုင်ငံတို့အကြား သံတမန်ရေးရာ ဆက်ဆံရေးပိုမိုဆိုးရွားလာဖွယ်ရှိပါတယ်။

ရောဘတ်လွိုက်ချယ်လင်ဘတ်ဟာ ၂၀၁၈ခုနှစ်အတွင်း ထောင်ဒဏ်၁၅နှစ်ကျခံထားရတာဖြစ်ပေမယ့် ယင်းပြစ်ဒဏ်မှာ ငဲ့ညှာလွန်းနေတယ်လို့ တရားရုံးကဆုံးဖြတ်လိုက်ပြီးနာက် ယခုကဲ့သို့ သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

ကနေဒါနိုင်ငံဟာ အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် ဟွာဝေးတရုတ်ဆက်သွယ်ရေးကုမ္ပဏီရဲ့ ထိပ်တန်း အရာရှိတစ်ဦးဖြစ်တဲ့ မန့်ဝမ်ကျိုးကို ဖမ်းဆီးပြီးနောက် သီတင်းပတ်အနည်းငယ်အကြာ ဇန်နဝါရီ၁၄ရက်မှာ ကနေဒါနိုင်ငံသားတစ်ဦးကို ယခုလိုစီရင်လိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ဒီလိုပြစ်ဒါဏ်စီရင်တာကို ကနေဒါနိုင်ငံက ပြစ်တင်ရှုတ်ချထားပြီး သေဒါဏ်ကို လိုသလိုအသုံးချတဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို အလွန်စိုးရိမ်ပူပန်ကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒေါက ပြောပါတယ်။ ကနေဒါဝန်ကြီးချုပ်၏ မှတ်ချက်ပြုပြောဆိုခြင်းကို အလွန်စိတ်ပျက်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး ကနေဒါအနေဖြင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားသင့်တယ်လို့ ပြောဆိုပါတယ်။

Ref : Reuter/ BBC

Photo : AFP

#voiceofmyanmar#ကနေဒါနိုင်ငံသားကိုသေဒဏ်ပေး

Related posts

Leave a Comment

VOM News

FREE
VIEW