နိုင်ငံတော်သမ္မတကြီးဟာ စစ်မက်လိုလားတဲ့ စစ်ဝါဒီသဘောမျိုး ဦးဇော်ဌေးပြောသွားကြောင်း ဒေါက်တာအေးမောင်ဆို

နိုင်ငံတော်သမ္မတကြီးဟာ စစ်မက်လိုလားတဲ့ စစ်ဝါဒီသဘောမျိုး ဦးဇော်ဌေးပြောသွားကြောင်း ဒေါက်တာအေးမောင်ဆို
စစ်တွေ၊ ဇန်နဝါရီ ၁၅-၂၀၁၉
ခိုင်လင်းစံ (VOM)
ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က မောင်တာမြို့နယ်မှာရှိတဲ့ နယ်ခြားစောင့်ရဲကင်းစခန်း လေးခုကို ရက္ခိုင့်တပ်မတော် AA က ဝင်ရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ ဇန်နဝါရီလ ၇ ရက်နေ့မှာ နိုင်ငံတော်သမ္မတအိမ်တော်မှာ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး အဲဒီရှင်းလင်းပွဲမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ပြောကြားချက်တွေကြောင့် သမ္မတကြီးမှာ စစ်မက်လိုလားတဲ့ စစ်ဝါဒီအဖြစ်သဘောသက်ရောက်သွားကြောင်း ဒေါက်တာအေးမောင်က မနေ့ပြောကြားခဲ့ပါတယ်။
“ကာလုံသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်နဲ့ပတ်သက်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကိုပြန်သုံးသပ်ရမယ့် ကာလမှာ ကိုဇော်ဌေးကပြောတယ်။ နိုင်ငံတော်သမ္မတကြီးဟာ စစ်မက်လိုလားတဲ့ စစ်ဝါဒီသဘောမျိုးပြောသွားတာရှိတယ်။ သမ္မတရုံးကထုတ်ပြန်တယ်ဆိုတာ မဖြစ်သင့်ဘူး။ သမ္မတကြီးက ဖြန်ဖြေတာပဲဖြစ်ရမယ်။”လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
သူ့အနေနဲ့ နိုင်ငံတော်ကို စစ်မဲ့နိုင်ငံတစ်ခုဖြစ်သွားစေချင်ကြောင်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြည်ထောင်စုကို ပြန်တည်ဆောက်ဖို့ လိုအပ်နေပြီး တိုင်းရင်းသားတွေရဲ့အမုန်းလိုင်းတွေဟာ မြန်မာနိုင်ငံတစ်ခုလုံးကို အလုံးစုံပျက်သုံဉ်းရေးရောက်သွားမှာကို စိုးရိမ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။
“တပ်မတော်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားအားလုံးနဲ့ပတ်သက်နေတဲ့ဟာပါ။ အားလုံးက ပြည်ထောင်စုကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်တည်ဆောက်မှသာလျင် ကျွန်တော်တို့ ရှေ့ဆက်သွားနိုင်မှာဖြစ်တယ်။”လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး တိုက်ပွဲတွေအတွင်း လိုအပ်ပါက ရဟတ်ယာဉ်တွေကိုအသုံးပြုတိုက်ခိုက်ဖို့အတွက် သမ္မတကြီးက ခွင့်ပြုပေးထားတယ်လို့ ဦးဇော်ဌေးက ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
#voiceofmyanmar #ဒေါက်တာအေးမောင်#ဦးဇော်ဌေး

Related posts

Leave a Comment

VOM News

FREE
VIEW