အိန္ဒိယရှိ ကျောက်မီးသွေးတွင်းထဲ တစ်လကျော် ပိတ်မိနေသူတွေရဲ့ ရုပ်အလောင်း စတင်တွေ့ရှိ

ဒေလီ၊ ဇန်န၀ါရီ-၁၇

မျိုးဆက် (VOM)

အိန္ဒိယနိုင်ငံ မက်ဟာလာယာ ပြည်နယ်အရှေ့မြောက်ပိုင်းရှိ  ရေလွှမ်းသွားတဲ့ ကျောက်မီးသွေးတွင်း တစ်ခုမှာ အလုပ်သမား ၁၅ ဦးဟာ တစ်လကျော်ကြာပိတ်မိနေခဲ့ပြီး ၎င်းတို့ထဲက တစ်ဦးရဲ့ရုပ်အလောင်းကို အိန္ဒိယရေတပ် ရေငုပ်သမားတွေက ရှာဖွေတွေ့ရှိပြီဖြစ်ပါတယ်။

အလုပ်သမားတွေဟာ  ဒီဇင်ဘာ ၁၃ ရက်က ကြွက်တွင်းလို့ အမည်ရတဲ့ ကျောက်မီးသွေးတွင်းထဲသို့ တရားမ၀င် ၀င်ရောက်ခဲ့တာဖြစ်ပြီး အနီးနားရှိ မြစ်တစ်စင်း ရေကြီးလာပြီး တွင်းထဲကိုရေတွေဝင်ချိန်မှာတော့ ပိတ်မိနေခဲ့တာဖြစ်ပါတယ်။

ရေအောက်သွားလာရေးယာဉ်က သေဆုံးသူတစ်ဦးရဲ့  ရုပ်အလောင်းကို အနက် ၄၈ မီတာမှာ မထမဆုံးအကြိမ် ထောက်လှမ်းတွေ့ရှိခဲ့တယ်လို့ အိန္ဒိယရေတပ်က ပြောပါတယ်။ ပိတ်မိနေတဲ့  အခြားမိုင်းအလုပ်သမားတွေရဲ့ ကံကြမ္မာကိုမူ မသိရသေးဘူးလို့ဆိုပါတယ်။ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းကို ဆရာဝန်တွေရဲ့ ကြီးကြမ်မှုနဲ့ အပြင်သို့သယ်ထုတ်မှာဖြစ်ပါတယ်။

လက်ရှိမှာတော့ အဆိုပါကျောက်မီးသွေးတွင်းမှာ  ကယ်ဆယ်ရေးလုပ်သား ၂၀၀ ဖြန့်ကြက်ထားပြီး ရေတွေကိုထုတ်ဖို့  ကြိုးစားနေကြပါတယ်။ ပိတ်မိနေတဲ့ အခြား အလုပ်သမားတွေ အသက်ရှင်နေခြင်းရှိမရှိ ရှင်းလင်းစွာမသိရသေးဘဲ ရှာဖွေရေးလုပ်ဆောင်ရာမှာ ခမောက်သုံးလုံးကိုလည်း တွေ့ရှိထားပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ  တတိယအကြီးဆုံးကျောက်မီးသွေးထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပြီး နိုင်ငံစွမ်းအင်လိုအပ်ချက်ရဲ့ ၆၀ ရာခိုင်နှုန်းမှာ ကျောက်မီးသွေးကို အသုံးပြုနေပါတယ်။ ဒါပေမယ့် ကျောက်မီးသွေး တူးဖော်ခြင်းလုပ်ငန်းများတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်း ချမှတ်ရာမှာ အားနည်းနေတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။

Ref : BBC

Photo ; Reuter

#voiceofmyanmar#ကျောက်မီးသွေးတွင်းပိတ်မိ

 

Related posts

Leave a Comment

VOM News

FREE
VIEW