ပိုးထည်နဲ့ အော်ဂန်းနစ်ချည်ထည် ကဏ္ဍအတွက် ဒေါ်လာ ၁.၄ မီလီယံ ရင်းနှီးမြှုပ်နှံမယ်

ရန်ကုန် ဇန်န၀ါရီ ၃၁-၂၀၁၉

TGH (VOM)

မြန်မာနိုင်ငံရဲ့ ပိုးထည်နဲ့ အော်ဂန်းနစ်ချည်ထည် ထုပ်လုပ်တဲ့ကဏ္ဍအတွက် ယူကေအစိုးရကနေ ကန်ဒေါ်လာ ၁.၄ မီလီယံကို ၂၀၂၀ မှာ စတင်ရင်းနှီးမြုပ်နှံမှုပြုလုပ်သွားမှာဖြစ်တယ်လို့ ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌာန DFID ရဲ့ အကြီးအကဲ ဖြစ်သူ Dr Gail Marzetti က ပြောပါတယ်။

 

ဒီရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို  ယူကေ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန DFID  ရဲ့ လုပ်ငန်းအစီအစဉ်တစ်ခုဖြစ်တဲ့ DaNa Facility နဲ့ Pragma Ventures Myanmar၊ Pure Sense Organics Ltd တို့ကပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

 

Pragma Ventures စီမံကိန်းဟာဆိုရင်  ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကအစ  ပိုးထည်ထုတ်လုပ် မှုအပိုင်း အချောသတ်အထိ  ဒီဇိုင်းပိုင်း ၊ ကုန်အမှတ်တံဆိပ် ဖော်ဆောင်မှုအပိုင်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်မယ့် စီမံကိန်းဖြစ်ပါတယ်။ဒါ့အပြင် ချင်းပြည်နယ်နဲ့ ရန်ကုန်မှာရှိတဲ့ ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေသူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေရရှိလာစေမယ်လို့ဆိုပါတယ်။

 

“မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ပတ်ဝန်းကျင် အနေအထားက ပိုးထည်ထုတ်လုပ်ရေးအတွက် အကောင်းဆုံးဖြစ်တယ်။ Pragma Ventures အနေနဲ့ ဒီလုပ်ငန်းကို ချင်းပြည်နယ်မှာ ပြန်လည်အသက်သွင်းဖို့ စိတ်လှုပ်ရှားနေပေမယ့် ဒေသခံ လက်မှုပညာရှင်တွေနဲ့ ကျွန်မတို့ရဲ့ ရက်ကန်း လုပ်ငန်း နှစ်ခုစလုံးအတွက် ပြည်တွင်းဖြစ်ပိုးထည်တွေကို လုံလုံလောက်လောက် ပံ့ပိုးပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။”

Pragma Ventures ရဲ့ ဒါရိုက်တာ Catherine Smith ကပြောပါတယ်။

 

အဆိုပါရင်းနှီးမြှုပ်နှံမှုကနေ  ပိုးထည်ထုတ်လုပ်ရေးအပိုင်းကိုအရည်အသွေးမြင့်တင်ပြီး    ဥရောပ၊ မြောက်အမေရိက နဲ့  သြစတြေးလျမှာရှိတဲ့  အိမ်အလှဆင်ဈေးကွက်ကို  တင်ပို့ရောင်းချ သွားမှာဖြစ်ပါတယ်။

 

DaNa Facility ဟာဆိုရင်  ယူကေနိုင်ငံရဲ့ နိုင်ငံတကာ ဖွံ့ ဖြိုးရေးဌာန DFID ကနေ ထောက်ပံ့ပေးထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပြီး  Pragma Ventures  မြန်မာက မြန်မာနိုင်ငံတစ်ဝှမ်းမှာ လက်လီရောင်းချ မှု ခရီးသွားလုပ်ငန်း၊ လုပ်ငန်းစတင်ဖို့ ဈေးကွက်ရှာဖွေရေး၊ သက်မွေးမှု သင်တန်းနဲ့ အထွေထွေ အကြံပေး ကဏ္ဍတွေမှာ  လုပ်ကိုင်နေတဲ့  ပုဂ္ဂလိကအတိုင်ပင်ခံ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

#voiceofmyanmar#ပိုးထည်နဲ့အော်ဂန်းနစ်ချည်ထည်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW