တရုတ်နှစ်သစ်ကူးပွဲတော်ကို ရန်ကုန်မြို့တွင်တစ်ရက်သာ ကျင်းပပြုလုပ်မည်

ရန်ကုန် ဇန်နဝါရီ ၃၁-၂၀၁၉ လမင်း (VOM) ကမ္ဘာ့ နိုင်ငံအများစုတွင် ကျင်းပပြုလုပ်တဲ့  တရုတ်ရုတ်လူမျိုးတို့ရဲ့ နှစ်သစ်ကူးပွဲတော်တစ်ခုကို လာမယ့်ဖေဖော်ဝါရီလ ၅ ရက်နေ့ တစ်ရက်တည်းသာ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း ပွဲတော်စီစဉ်တဲ့ အဖွဲ့တာဝန်ခံကပြောပါတယ်။ ” ၅ ရက်နေ့တစ်ရက်တည်းလုပ်မှာ ၊ စတုဒီသာကျွေးပွဲတွေ ဖျော်ဖြေရေးပွဲတွေပါမယ် မနက်စောစောမှာတော့ သံဃာအပါး ၁၅၀၀ ကိုဆွမ်းကပ်လှူဒါန်းကြမှာပါ ” လို့ ပွဲတော်စီစဉ်ရေးအဖွဲ့တာဝန်ခံ ဦးသက်ဝေက ပြောပါတယ်။ အဲဒီပွဲတော်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက် ၆ နာရီခွဲခန့််မှာ  ရန်ကုန်တိုင်း ၊ လသာမြို့နယ် ၊ တရုတ်တန်းလမ်းမှာ ဖွင့်ပွဲအခမ်းအနားဖြင့် စတင်ဖွင့်လှစ်မှာပါ ။ သံဃာတော်အပါး ၁၅၀၀ ကျော်ကို ဆွမ်းကပ်လောင်းလှူသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီစဉ်တွေ ၊ စတုဒီသာကျွေးပွဲတွေ ၊ ပရိုမိုးရှင်းဆိုင်ခန်းတွေ ၊ တရုတ်ရိုးရာပြဇာတ်တွေ…

Read More

ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦး စတင်ဆောက်လုပ်

စစ်ကိုင်း၊ ဇန်နဝါရီ ၃၁-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီကြီးမှာ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦး စတင်ဆောက်လုပ်နေပါတယ်။ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦးကိုတော့ ကောင်းမှုတော်စေတီတော်ကြီးရင်ပြင်တော်အရှေ့တောင်ထောင့် ကြေးစည်းတော် ၊မောင်းတော် အနီးမှာ ယခုလ ၂၇  ရက်နေ့က စတင်ဆောက်လုပ်တယ်လို့ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဒုတိယဥက္ကဌ ဦးနီတင်က ‘ဒီ စည်တော်ကြီးထားဖို့ မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ညောင်ရမ်းခေတ်က စည်တော်တွေထားတဲ့ ပုံစံ အဆောက်အဦး ဒီဇိုင်းဆွဲပေးတယ်။ အပေါ်က ဘုံပြဿဒ်ငါးဆောင်နဲ့ အောက်က လှေကားနဲ့နှစ်ဆင့်တက်ပေါ့၊ နှစ်ဆင့်တက်အပေါ်မှာ စည်တော်ကြီးထားမယ့်နေရာရှိမယ်။ အဲအပေါ်မှာ ဘုံပြဿဒ် ငါးဆောင်တင်ပြီး ညောင်ရမ်းခေတ်ပုံစံအတိုင်း တည်ထားမှာ ဖြစ်တယ်’ လို့ ပြောပါတယ်။ ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦးကို  တပေါင်းလပြည့် မတိုင်မီ အပြီးဆောက်လုပ်သွားမှာဖြစ်ပြီး ကုန်ကျငွေ အနေနဲ့ ကျပ်သိန်း ၅၀၀ ခန့် ကုန်ကျမှာပါ။ အဆောက်အဦးရဲ့…

Read More

အလုပ်​ထုတ်​ခံရတဲ့ မန္တ​လေး​တောင်​​ဂေါက်​ကွင်း ကယ်​ရီအလုပ်​သမားများ မြို့​တော်​ဝန်​နဲ့လာ​တွေ့

မန္တ​လေး၊ ဇန်​နဝါရီ ၃၁-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေး​တောင်​​ဂေါက်​ကွင်းက အလုပ်​ထုတ်​ခံရတဲ့ ကယ်ရီအလုပ်သမား(၆၉)ဦးဟာ သူတို့ လုပ်အားခထဲကနေ ကုမ္ပဏီက​ အဓမ္မဖြတ်တောက်တဲ့အတွက် မြို့တော်ဝန်ကိုလာရောက်တွေ့ဆုံ တိုင်ကြားခဲ့ပါတယ်။ အဓမ္မဖြတ်​တောက်ကောက်ခံခဲ့တဲ့​ငွေဟာ (၉)နှစ် (၃)လ (၁၂)ရက်အထိ ငွေကျပ် သိန်းသုံးရာကိုးဆယ့်ကိုးသိန်းသုံးသောင်း ဖြစ်ပြီး အဲဒီငွေတွေပြန်ရဖို့ ဒီက​နေ့မနက်​ပိုင်းမှာ အလုပ်​သမား​ခေါင်း​ဆောင်​ (၈)ဦးဟာ မြို့​တော်ဝန်​နဲ့လာပြီး​တွေ့ဆုံ​ဆွေး​နွေးခဲ့ပါတယ်​။ #voiceofmyanmar#မန္တ​လေး#​ဂေါက်​ကွင်းအလုပ်​သမားများမြို့​တော်​ဝန်​နဲ့လာ​တွေ့#

Read More

ပိုးထည်နဲ့ အော်ဂန်းနစ်ချည်ထည် ကဏ္ဍအတွက် ဒေါ်လာ ၁.၄ မီလီယံ ရင်းနှီးမြှုပ်နှံမယ်

ရန်ကုန် ဇန်န၀ါရီ ၃၁-၂၀၁၉ TGH (VOM) မြန်မာနိုင်ငံရဲ့ ပိုးထည်နဲ့ အော်ဂန်းနစ်ချည်ထည် ထုပ်လုပ်တဲ့ကဏ္ဍအတွက် ယူကေအစိုးရကနေ ကန်ဒေါ်လာ ၁.၄ မီလီယံကို ၂၀၂၀ မှာ စတင်ရင်းနှီးမြုပ်နှံမှုပြုလုပ်သွားမှာဖြစ်တယ်လို့ ယူကေနိုင်ငံတကာဖွံ့ဖြိုးရေးဌာန DFID ရဲ့ အကြီးအကဲ ဖြစ်သူ Dr Gail Marzetti က ပြောပါတယ်။   ဒီရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို  ယူကေ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန DFID  ရဲ့ လုပ်ငန်းအစီအစဉ်တစ်ခုဖြစ်တဲ့ DaNa Facility နဲ့ Pragma Ventures Myanmar၊ Pure Sense Organics Ltd တို့ကပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ပါတယ်။   Pragma Ventures စီမံကိန်းဟာဆိုရင်  ချင်းပြည်နယ်ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကအစ  ပိုးထည်ထုတ်လုပ် မှုအပိုင်း အချောသတ်အထိ  ဒီဇိုင်းပိုင်း ၊ ကုန်အမှတ်တံဆိပ် ဖော်ဆောင်မှုအပိုင်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်မယ့် စီမံကိန်းဖြစ်ပါတယ်။ဒါ့အပြင်…

Read More

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက မဖြစ်မနေလက်ခံသွားရမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဆို

ဒါကာ၊ ဇန်န၀ါရီ-၃၁ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ(မူရင်းသတင်းအသုံး)တွေ ပြန်ပို့ရေးမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖိအားပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာက ထပ်မံတိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို မဖြစ်မနေ ပြန်လည်လက်ခံသွားရမှာဖြစ်ကြောင်းနဲ့ ရိုဟင်ဂျာတွေပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီသင့်တယ်လို့ ၎င်းကပြောပါတယ်။ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ငုယင်ကွာဒေါင်နဲ့ ရှိတ်ဟာစီနာတို့ ၀န်ကြီးချုပ်နေအိမ်မှာ ဇန်န၀ါရီ ၃၀ ရက်က တွေ့ဆုံရာမှာ ဒီလိုမှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပေမယ့် ပြန်လည်လက်ခံရေးအစ်ီအစဉ်ကတော့ ရိုဟင်ဂျာတွေက ပြန်လိုတဲ့ ဆန္ဒမရှိတာကြောင့် နှောင့်နှေးနေပါတယ်။ လက်ရှိ ကော့ဘဇားမှာနေထိုင်နေတဲ့ ရိုဟင်ဂျာတွေကို ဘာရှန်ချာသို့ ယာယီရွှေ့ပြောင်းသွားမယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာက ဆိုပါတယ်။ ဒုက္ခသည်တွေနေထိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာတွေမှာ ဘင်္ဂလားဒေ့ရှ်ရဲ့ အားထုတ်မှုတွေကို ဗီယက်နမ်နိုင်ငံခြားရေးဒုဝန်ကြီးချီးကျူးပြောဆိုပြီး ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားတဲ့…

Read More

စိတ်ကြွဆေးပြားလက်ဝယ်တွေ့လို့ တရားရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းဆရာမအမှု စွဲချက်တင်

ဂန့်ဂေါ ဇန်န၀ါရီ ၂၉-၂၀၁၉ မိုင်ချယ်ရီ (VOM) မကွေးတိုင်း ဂန့်ဂေါမြို့နယ် တရားရုံးမှာ စိတ်ကြွဆေးပြားတွေ့ရှိမှု နဲ့ တရားရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ဆရာမ ဒေါ်သန်းသန်းမြင့်အမှုကို ဂန့်ဂေါမြို့နယ် တရားရုံးကနေ စွဲချက်တင်ဖို့အမိန့်ချလိုက်ပါတယ်။ ဇန်​န၀ါရီ ၃၁ ရက်နေ့ ရုံးချိန်းမှာ အမိန့်ချမှတ်ခဲ့တဲ့အကြောင်း ဆရာမရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဒေါ်ဗန်နီဒင်း က “တရာလိုပိုင်း စစ်ပြီးသမျှကို စွဲချက်တင်တဲ့ နေ့မှာ ကိုယ်က ဘယ်သူကို ခေါ်ချင်လဲ ဆိုတာကို တရားရုံးက ခေါ်ခွင့်ရှိတယ်။ကျွန်မတို့က ၁၀ ယောက် စစ်ထားတယ်။ စစ်ပြီးသားထဲက ဘယ်သူ့ကို ခေါ်ချင်လဲမေးတယ်။ အဲ့တာဆိုတော့ ပြန်စစ်ဖို့ ၃ယောက် တင်ပြထားတယ်” လို့ ပြောပါတယ်။ ဒေါ်သန်းသန်းမြင့် (၄၃) နှစ် ဟာဆိုရင် သူစီးနင်းလာတဲ့…

Read More
VOM News

FREE
VIEW