ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦး စတင်ဆောက်လုပ်

စစ်ကိုင်း၊ ဇန်နဝါရီ ၃၁-၂၀၁၉

စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမူတော်စေတီကြီးမှာ ကမ္ဘာ့အကြီးဆုံးစည်တော်ကြီးထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦး စတင်ဆောက်လုပ်နေပါတယ်။

ကမ္ဘာ့အကြီးဆုံးစည်တော်ကြီး ထားဖို့အတွက် ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦးကိုတော့ ကောင်းမှုတော်စေတီတော်ကြီးရင်ပြင်တော်အရှေ့တောင်ထောင့် ကြေးစည်းတော် ၊မောင်းတော် အနီးမှာ ယခုလ ၂၇  ရက်နေ့က စတင်ဆောက်လုပ်တယ်လို့ကောင်းမှုတော်စေတီ ဂေါပကအဖွဲ့ဒုတိယဥက္ကဌ ဦးနီတင်က

‘ဒီ စည်တော်ကြီးထားဖို့ မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီဦးဝင်းမောင်က ညောင်ရမ်းခေတ်က စည်တော်တွေထားတဲ့ ပုံစံ အဆောက်အဦး ဒီဇိုင်းဆွဲပေးတယ်။ အပေါ်က ဘုံပြဿဒ်ငါးဆောင်နဲ့ အောက်က လှေကားနဲ့နှစ်ဆင့်တက်ပေါ့၊ နှစ်ဆင့်တက်အပေါ်မှာ စည်တော်ကြီးထားမယ့်နေရာရှိမယ်။ အဲအပေါ်မှာ ဘုံပြဿဒ် ငါးဆောင်တင်ပြီး ညောင်ရမ်းခေတ်ပုံစံအတိုင်း တည်ထားမှာ ဖြစ်တယ်’ လို့ ပြောပါတယ်။

ညောင်ရမ်းခေတ်ပုံစံ အဆောက်အဦးကို  တပေါင်းလပြည့် မတိုင်မီ အပြီးဆောက်လုပ်သွားမှာဖြစ်ပြီး ကုန်ကျငွေ အနေနဲ့ ကျပ်သိန်း ၅၀၀ ခန့် ကုန်ကျမှာပါ။ အဆောက်အဦးရဲ့ အကျယ်အဝန်းကတော့ ပေ ၃၀ ၊အမြင်ပေ ၇၀  ဖြစ်တယ်လို့ ဘုရားဂေါပက အဖွဲ့ကပြော ပါတယ်။

ကမ္ဘာ့အကြီးဆုံး စည်တော်ကြီးကို အင်း တော်မြို့ နယ် လက်ပံကုန်း ကျေးရွာရှိ ‘ဆရာပွဲ ”မြန်မာတူ ရိယာ အမျိုး မျိုး လုပ်ငန်း ကထွင်းထုလှူဒါန်းတာဖြစ်ပြီး  စည်တော်ကြီးကို ထွင်းထုခဲ့တဲ့ အသားကတော့ ကုက္ကိုလ်သားဖြစ်ကာ အင်းတော်မြို့သင်းချိုင်းရှင်းလင်းရာကနေ ရရှိခဲ့ပြီး စည်တော်ကြီးမှာ အလျား ၁၂၈ လက်မ၊ အမြင့် ၆၄ လက်မ၊ စည်တော်မျက်နှာဝအကျယ် ၅၄ လက်မရှိပါတယ်။

စည်တော်မျက်နှာပြင်အတွက်  ကျွဲသားရေ နှစ်ချပ် နဲ့ပြုလုပ်ထားသလို  စည်တော်စည်ကျစ်ကြိုး အတွက် နွားသားရေ (၁၈)ချပ်နဲ့ပြုလုပ်ထားပါတယ်။

စည်တော်ကြီး ထွင်းထု ပြုလုပ်မှုကို ၂၀၁၈ခု နှစ်ဖေဖော်ဝါရီလ၁၂ ရက်နေ့မှာ စတင် ပြုလုပ်ပြီး ၂၀၁၈ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ပြီးစီးခဲ့ပါတယ်။

စည်တော်ကြီးကို စစ်ကိုင်းမြို့၊ကောင်းမှုတော် စေတီတော်ဆီ ပင့်ဆောင်မှာကတော့ လာမယ့် မတ်လ အတွင်း သယ်ဆောင်ဖို့သတ်မှတ်ထားပြီး သီတဂူဆရာတော်ကြီးနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်တို့  ဦးဆောင်ပြီးပင့်ဆောင်မှာဖြစ်ပါတယ်။ ညအိပ်ရပ်နားတဲ့မြို့တွေမှာလည်း တရားပွဲတွေကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

#voiceofmyanmar#စည်တော်ကြီးကောင်းမှုတော်ပင့်မည်

Related posts

Leave a Comment

VOM News

FREE
VIEW