စိတ်ကြွဆေးပြားလက်ဝယ်တွေ့လို့ တရားရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းဆရာမအမှု စွဲချက်တင်

ဂန့်ဂေါ ဇန်န၀ါရီ ၂၉-၂၀၁၉

မိုင်ချယ်ရီ (VOM)

မကွေးတိုင်း ဂန့်ဂေါမြို့နယ် တရားရုံးမှာ စိတ်ကြွဆေးပြားတွေ့ရှိမှု နဲ့ တရားရင်ဆိုင်နေရတဲ့ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် သစ်ချောက်ကျေးရွာ ကျန်းမာရေးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်း ဆရာမ ဒေါ်သန်းသန်းမြင့်အမှုကို ဂန့်ဂေါမြို့နယ် တရားရုံးကနေ စွဲချက်တင်ဖို့အမိန့်ချလိုက်ပါတယ်။ ဇန်​န၀ါရီ ၃၁ ရက်နေ့ ရုံးချိန်းမှာ အမိန့်ချမှတ်ခဲ့တဲ့အကြောင်း ဆရာမရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ အထက်တန်းရှေ့နေ ဒေါ်ဗန်နီဒင်း က

“တရာလိုပိုင်း စစ်ပြီးသမျှကို စွဲချက်တင်တဲ့ နေ့မှာ ကိုယ်က ဘယ်သူကို ခေါ်ချင်လဲ ဆိုတာကို တရားရုံးက ခေါ်ခွင့်ရှိတယ်။ကျွန်မတို့က ၁၀ ယောက် စစ်ထားတယ်။ စစ်ပြီးသားထဲက ဘယ်သူ့ကို ခေါ်ချင်လဲမေးတယ်။ အဲ့တာဆိုတော့ ပြန်စစ်ဖို့ ၃ယောက် တင်ပြထားတယ်” လို့ ပြောပါတယ်။

ဒေါ်သန်းသန်းမြင့် (၄၃) နှစ် ဟာဆိုရင် သူစီးနင်းလာတဲ့ အိန္ဒိယဆိုင်ကယ် မိန်းမစီးဘီးရဲ့ ရှေ့အံခွက်ထဲကနေ စိတ်ကြွဆေးပြား (၁၈) ပြား တွေ့ရှိခဲ့တာနဲ့ပတ်သက်ပြီး စက်တင်ဘာလ(၁၁) ရက်နေ့က အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အဖမ်းခံခဲ့ရပြီး ဒေါ်သန်းသန်းမြင့်ဟာ မျက်စိကျန်းမာရေးခြင်း ၊ မူးယစ်ဖြင့် ကျော်စောသတင်းမရှိခြင်း ၊ မြို့မိဖြို့ဖ အဖွဲ့တွေ ရဲ့ ထောက်ခံချက် ရရှိတာတွေကြောင့် အောက်တိုဘာလ (၂) ရက်နေ့မှာ ဂန့်ဂေါမြို့နယ်တရားရုံးကနေ အာမခံ ရရှိပြီး အမှုကို ဆက်လက်ရင်ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။

တရားရုံးက  စွဲချက် တင်သင့်ကြောင်း အမိန့်ချတာကြောင့် အမှုကို ဆက်လက်ရင်ဆိုင်သွားရမှာ ဖြစ်ပြီး ပြန်ခေါ်သက်သေစစ်ဆေးမှုကိုတော့ ဖေဖော်ဝါရီလ ၈ရက်နေ့ ရုံးချိန်းမှာ စစ်ဆေးမှာ ဖြစ်ပါတယ်။

ဆရာမ ဒေါ်သန်းသန်းမြင့် ရဲ့ အမှုဟာဆိုရင် လုပ်ကြံခံရတယ်ဆိုပြီး သတင်းကြီးနေတဲ့ အမှုဖြစ်ပြီး တရားရုံးမှာ ယ(ပ)၈/၂၀၁၈ ၊ မူး/စိတ် ပုဒ်မ -၁၆ (ဂ) နဲ့ အမှုဖွင့် တရားရင်ဆိုင်နေရတဲ့ အမှုဖြစ်ပါတယ်။  လတ်တလောမှာ ဆရာမ ဒေါ်သန်းသန်းမြင့်ဟာအမှုရင်ဆိုင်နေရတာကြောင့်  မိခင်ဌာနက အလုပ်ဆင်းခွင့်မပြုသေးတဲ့အတွက် မူလတာဝန်နဲ့ရပိုင်ခွင့်တွေ ဆုံးရှုံးသလိုဖြစ်နေပါတယ်။

#voiceofmyanmar#ကျမ္မာရေးဝန်ထမ်းဆရာမမူးယစ်မှုနဲ့စွဲချက်တင်

Related posts

Leave a Comment

VOM News

FREE
VIEW