ဘူးသီးတောင်၊ ဇန်နဝါရီ ၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ်အတွင်းက နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကိုဒီကနေ့မနက်ပိုင်းမှာ AA ကဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာမှာ ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း မြို့ပေါ်နဲ့မိုင် ၂၀ ခန့်အကွာမှာတည်ရှိတဲ့ နယ်ခြားစောင့် ရဲကင်းစခန်းတွေဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့ မနက် ၅ နာရီဝန်းကျင်လောက်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ “တိုက်ပွဲတွေဖြစ်ခဲ့တယ်ဆိုတာတော့ သတင်းရပါတယ်၊ ခထီးလှတို့၊ ငမြင်းဘော်တို့ဘက်မှာ ဖြစ်နေတာပါ၊ မနက်စောစောကတည်းက ဖြစ်နေတာပါ၊ တခြားအသေးစိပ်တော့မသိရဘူးဗျ “လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။ တိုက်ခိုက်ခံလိုက်ရတဲ့ ရဲကင်းစခန်းတွေကတော့ ကျောင်းတောင်၊ ခထီးလှ၊ ငမြင်းဘော်၊ ဂုတ်ပီစတဲ့ရဲကင်းစခန်းတွေဖြစ်ပြီး ရဲဝန်ထမ်း ၇ ဦးကျဆုံးပြီး ၁၄ ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ “မနက်တုန်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ စခန်းလေးခု တိုက်ခိုက်ခံခဲ့ရပါတယ်၊ AA ကတိုက်တာပါ၊ ကျွန်တော်တို့ဆီကတော့ စစချင်းပဲ…
Read MoreMonth: January 2019
အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲ ဇန်နဝါရီ ၇ ရက်မှာ စတင်တော့မည်
ပေကျင်း၊ ဇန်နဝါရီ ၄-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား ဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ အဆုံးသတ်ဖို့အတွက် ရည်ရွယ်ထားတဲ့ ကုန်သွယ်ရေးဆွေးနွေးပွဲကို ဇန်န၀ါရီ ၇ ရက်နဲ့ ၈ ရက်တွေမှာ စတင်တော့မှာဖြစ်ပါတယ်။ ကုန်သွယ်ရေးစစ်ပွဲကြောင့် အမေရိကန်နဲ့ တရုတ်နှစ်နိုင်ငံလုံးရဲ့ စီးပွားရေးထိခိုက်မှု ပိုမိုဖြစ်ပေါ်နေပြီး ကမ္ဘာ့စီးပွားရေးဈေးကွက် မတည်မငြိမ်ဖြစ်ပေါ်နေခြင်းကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ နှစ်နိုင်ငံအကြား လွန်ခဲ့တဲ့နှစ်က ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိ ကုန်ပစ္စည်းများစီးဆင်းမှုတွေ ကမောက်ကမဖြစ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်းမှုအပေါ် စိုးရိမ်မှုတွေမြင့်တက်ခဲ့ပါတယ်။ အမေရိကန် ဒုတိယကုန်သွယ်ရေးကိုယ်စားလှယ် ဂျက်ဖရီဂါရစ်ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်တာဝန်ရှိသူတွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေအတွက် တရုတ်နိုင်ငံသို့ လာရောက်မှာဖြစ်တယ်လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ၀က်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ နှစ်နိုင်ငံလုံးအနေနဲ့ တွေ့ဆုံမယ့် နေရက်အချိန်ကို ဇန်န၀ါရီ ၄ ရက်က ဖုန်းဆက်အတည်ပြုခဲ့ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီး…
Read Moreစစ်ဘေးရှောင်ကလေးငယ်တွေကို ယာယီစခန်းတွေမှာ ပညာသင်ကြားနိုင်ရေးအတွက် စီစဉ်နေ
ကျောက်တော်၊ ဇန်နဝါရီ ၄-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းတွေကို ထွက်ပြေးရောက်ရှိလာနေတဲ့ ကလေးငယ်တွေကို ပညာသင်ကြား ရေး လှစ်ဟာမှုမရှိစေရေးအတွက် သူတို့ယာယီနေထိုင်နေကြတဲ့ ကယ်ဆယ်ရေးစခန်းရှိရာ ကျေးရွာတွေမှာ ပညာသင်ကြား ပေးနိုင်ရေးအတွက် စီစဉ်နေတယ်လို့ ကျောက်တော်မြို့နယ် ပညာရေးမှူးရုံးကပြောပါတယ်။ ကျောက်တော်မြို့နယ်အတွင်းမှာ စစ်ပွဲတွေကြောင့် ဘေးလွတ်ရာကိုထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာပေါင်း ၁၅ ရွာခန့်ရှိနေ ပြီး ကျောက်တော်မြို့နယ်အတွင်းက စစ်ရှောင်စခန်း ၄ ခုမှာ ယာယီခိုလှုံနေကြတာဖြစ်ပါတယ်။ “ကျောက်တော်မြို့နယ်အတွင်းမှာ ထွက်ပြေးရောက်ရှိနေတဲ့ကလေးတွေကို သူတို့အခုနေတဲ့ကျေးရွာတွေမှာ စာသင်နိုင်ရေး အတွက် ဆောင်ရွက်နေပါတယ်၊ ဆရာတွေကိုလည်း အခုထွက်ပြေးလာခဲ့ကြတဲ့ ကျေးရွာတွေက ကျောင်းတွေကိုပိတ်ထား တာဆိုတော့ အဲဒီကျောင်းတွေက ဆရာတွေနဲ့ပဲ ဒီမှာသင်ကြားပေးဖို့လုပ်နေပါတယ် ”လို့ ကျောက်တော်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးသာဟန်မောင်က ပြောပါတယ်။ လက်ရှိမှာ ကျောက်တော်မြို့နယ်အတွင်း ပိတ်ထားရတဲ့စာသင်ကျောင်းပေါင်း ၁၅ ကျောင်းရှိနေပြီး အဲဒီကျောင်းတွေက ကျောင်းသားတွေဟာ ဝါးတောင်ကျေးရွာမှာ ၁၉၈…
Read Moreချင်းပြည်နယ်တွင် ၂၀၁၈ခုနှစ်အတွင်း ခရီးသွားဧည့်သည် ၂သောင်းနီးပါး ဝင်ရောက်
မင်းတပ် ဇန်နဝါရီ ၃-၂၀၁၈ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ်၊ မင်းတပ်ခရိုင် အတွင်းမှာရှိတဲ့ ခေါနူးစုမ်(ခေါ်) နတ်မတောင် အမျိုးသား ဥယျာဉ်နဲ့ မတူပီမြို့နယ်မှာ ရှိတဲ့ ဘုံတလာရေတံခွန်တွေကို ၂၀၁၈ ခုနှစ် အတွင်းမှာ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်လည်ပတ်မှု အနေနဲ့ လူဦးရေ ၂သောင်း နီးပါး ရှိတယ်လို့ မင်းတပ်ခရိုင် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှုဦးစီးဌာနရုံးကနေ သိရပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ စတင်ပြီးတော့ ဒီဇင်ဘာလ အထိ ပြည်တွင်းခရီးသွားဧည့်သည် ဝင်ရောက်မှု အနေနဲ့ ၁၆၈၄၀ ဦး ရှိပြီးတော့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု အနေနဲ့ ၂၃၆၄ ဦး ရှိပါတယ်။ ဒီစာရင်းတွေ အရ ၂၀၁၈ ခုနှစ်အတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ် တစ်နှစ်တာ ခရီးသွားဧည့်သည်ဝင်ရောက်မှု နှုန်းနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင်…
Read Moreစစ်ဘေးရှောင်တွေအတွက် အကူအညီပေးရေးအဖွဲ့တွေကို အစိုးရခွင့်ပြုချက်နဲ့ သွားလာခွင့်ပြု
ကျောက်တော်၊ ဇန်နဝါရီ ၃-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းမှာရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေအတွက် အစားအစာနဲ့ အသုံးအဆောင် ပစ္စည်းတွေ ထောက်ပံ့ကူညီပေးရေးအတွက် အစိုးရရဲ့ခွင့်ပြုချက်ရရှိတဲ့ အဖွဲ့တွေကိုပဲသွားလာခွင့်ပြုနေတာ ဖြစ်ပါတယ်။ ကျောက်တော်မြို့နယ် ယိုးချောင်းဖျားဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြ သူတွေဟာ နီးစပ်ရာကျေးရွာတွေမှာ လာရောက်ခိုလှုံနေကြတာဖြစ်ပြီး အဲဒီလူတွေရဲ့စားရေးသောက်ရေး၊ နေရေးထိုင်ရေး အတွက် အစားအစာနဲ့ အသုံးအဆောင်တွေကို လူမှုအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီနေကြတာဖြစ်ပါတယ်။ “ရိက္ခာသယ်ယူပို့ဆောင်ခွင့်ကို ဖွင့်ပေးလိုက်တာလို့တော့မဟုတ်ဘူး၊ ကျွန်တော်တို့က အခြေအနေအရ အကောင်းဆုံး ဖြစ်အောင် ညှိနှိုင်းပြီးတော့ လုပ်ပေးနေပါတယ်၊ စိစစ်ပြီးတော့ သွားခွင့်ပြုနေပါတယ် ”လို့ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောပါတယ်။ လက်ရှိမှာ အဲဒီဒေသအတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသေးတဲ့အတွက် ထောက်ပံ့ကူညီပေးရေးအဖွဲ့တွေနဲ့ ရိက္ခာသယ်ယူသူတွေကို ယခင်ကလိုမျိုး လွတ်လပ်စွာသွာလာခွင့်မပေးဘဲ ပိတ်ဆို့ထားတာဖြစ်ပါတယ်။ “တိုက်ပွဲတွေလည်းရှိနေသေးတော့ စစ်ဆေးတာတွေတော့ရှိပါတယ်၊ အကူအညီပေးတဲ့အဖွဲ့တွေကိုလည်း ကျွန်တော်တို့က ရခိုင်ပြည်နယ်အစိုးရကိုတင်ပြပေးတယ်၊ သွားခွင့်ပြုရင်တော့ သွားခိုင်းတာပေါ့၊ အဲဒီလိုသွားခွင့်ပေးထားတာ…
Read Moreတရုတ်ပြည်မနဲ့ ပြန်လည်ပေါင်းစည်းရေး လက်ခံဖို့ ထိုင်ဝမ်ကို တရုတ်သမ္မတ တိုက်တွန်း
ပေကျင်း၊ ဇန်န၀ါရီ ၂-၂၀၁၉ မျိုးဆက် (VOM) တရုတ်ပြည်မနဲ့ မဖြစ်မနေ ပြန်လည်ပေါင်းစည်းဖို့နဲ့ ပေါင်းစည်းတာကိုလက်ခံဖို့ ထိုင်ဝမ်ပည်သူတွေကို တရုတ်သမ္မတ ရှိီကျင်းပင်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ တစ်ပြည်ထောင် စနစ်နှစ်ခု ကိုအခြေခံပြီး ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးအတွက် ထိုင်ဝမ်ကို တရုတ်နိုင်ငံက တိုက်တွန်းတယ်လို့ သမ္မတ ရှီကျင်းပင်က ပြောပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက ပြန်လည်ပေါင်းစည်းရေး ကိစ္စအပေါ် အင်အားအသုံးပြုခွင့်ကို ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း ၎င်းက ဆိုပါတယ်။ ထိုင်ဝမ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ လွတ်လပ်တဲ့အစိုးရအဖြစ် အုပ်ချုပ်နေတာဖြစ်ပြီး တရုတ်နိုင်ငံကတော့ ပြည်မကြီးမှ ခွဲထွက်နေတဲ့ ပြည်နယ်တစ်ခုအဖြစ် ထိုင်ဝမ်အပေါ်သဘောထားနေပါတယ်။ နှစ်ဘက်လုံးဟာ တူညီသော တရုတ်မိသားစုရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး ထိုင်ဝမ်လွတ်လပ်ရေးဟာ သမိုင်းကြောင်းဆိုင်ရာအပြင် နောက်ဆုံးဖြစ်လာမယ့် အဆုံးသတ်နဲ့ လက်ရှိမှာဆန့်ကျင်နေတယ်လို့ ရှီကျင်းပင်က ပြောဆိုပါတယ်။ ဒါကြောင့် ထိုင်ဝမ်လွတ်လပ်ရေးဟာ ဆင်းရဲဒုက္ခကိုသာ ယူဆောင်လာလိမ့်မယ်ဆိုတာကို ထိုင်ဝမ်ပြည်သူများနားလည်ရမယ်လို့ ၎င်းက ပြောဆိုပါတယ်။ ထိုင်ဝမ်လွတ်လပ်ရေးကို…
Read Moreမွေးနေ့မှာ သီလရှင်ဝတ်မယ့် နေခြည်ဦး
ရန်ကုန် ဇန်န၀ါရီ ၂-၂၀၁၉ သင်းသဒ္ဒါ(VOM) Beauty Blogger ကတဆင့် အနုပညာလောကထဲရောက်လာတဲ့ နေခြည်ဦး ကတော့ မွေးနေ့မှာ သီလရှင် ဝတ်မယ်လို့ ဆိုပါတယ်။ “နေခြည် သီလရှင် ၀တ်ဖို့အတွက် အခုထဲက ပီတိလည်း ဖြစ်နေပါတယ်၊ မွေးနေ့ကလည်း ဇန်န၀ါရီ ၂၅ ဆိုရင် အသက် ၂၇ ပြည့်ပြီလေ၊ နေခြည် မွေးနေ့ပြီးတာနဲ့ တစ်ပတ် ၊၁၀ ရက်လောက် ဝတ်ဖြစ်မှာပါ၊ မန်နေဂျာ ကိုလည်း အတင်းဝတ်ခိုင်း ထားပါတယ်၊ သူငယ်ချင်းတွေလည်း တော်တော်များများဝတ်ကြမယ်၊ သူများဝတ်လို့ လိုက်ဝတ်တာတော့ မဟုတ်ပါဘူး၊ အကုန်လုံးကလည်း ပထမဆုံးအကြိမ်ဝတ်တာ ဖြစ်တယ်၊ နေခြည် အနေနဲ့ အလှူအကြီးကြီး လုပ်ချင်တယ်” လို့ ဆိုပါတယ်။ သူမကတော့ လက်ရှိမှာ မန္တလေး နဲ့ စစ်ကိုင်း ခရီးသွားကောက်ကြောင်း ပရိုဂရမ်တစ်ခု ရိုက်ကူးနေသလို ရုပ်ရှင်ကားကြီးဖြစ်တဲ့…
Read Moreရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကားတန်း မိုင်းသုံးလုံးပေါက်ကွဲမှုကြောင့် ထိခိုက်မှုရှိ
မြောက်ဦး၊ ဇန်နဝါရီ ၁-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ၅ မိုင်ကျော်အကွာ ရန်ကုန်-စစ်တွေ ကားလမ်းမအတွင်း ဒီကနေ့ညနေပိုင်းက မိုင်းသုံးလုံးဆက်တိုက် ပေါက်ကွဲခဲ့ပါတယ်။ အဲဒီမိုင်းပေါက်ကွဲမှုကြောင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ အစိုးရအဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာအရာရှိတွေ လိုက်ပါလာခဲ့တဲ့ ကားတန်းက ခရိုင်အုပ်ချုပ်ရေးမှူးကားမှာ ထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ်။ “ကျွန်တော်တို့က သတင်းပဲကြားရတာပါ၊ မိုင်းကွဲတယ်ဆိုတာတော့ ဟုတ်ပါတယ်၊ ညနေပိုင်းကဖြစ်ခဲ့တာပါ၊ ဝန်ကြီးချုပ်ကားတန်းအဖြတ်မှာ ကွဲတာလို့ကြားတယ်ဗျ”လို့ မြောက်ဦးမြို့ခံတစ်ဦးကပြောပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ကျောက်ဖြူမြို့ကနေ ဒီကနေ့မနက်ပိုင်း မှာ ထွက်ခွာလာခဲ့ကြတာဖြစ်ပြီး မြောက်ဦးနဲ့မင်းပြားအကြား မြောက်ဦးမြို့နယ် လောင်းကြက်နဲ့ နန်းကျားကျေးရွာအကြား မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ “အဲဒီကားတန်းသွားတာကိုတော့ ကျွန်တော်တို့မသိဘူး၊ ဒါပေမယ့် ပေါက်ကွဲမှုဖြစ်တာတော့သိလိုက်တယ်၊ ပေါက်ကွဲသံက သုံးချက်ဆက်တိုက်မြည်တယ်၊ သွားကြည့်တော့ ကားတန်းမိုင်းကွဲတယ်ဆိုတာ မြင်နေရတယ်၊ ဝန်ကြီးချုပ်ကားတန်းလို့ ပြောပါတယ် ”လို့ လောင်းကြက်ကျေးရွာသားတစ်ဦးက ပြောပါတယ်။ အဲဒီမိုင်းဗုံးတွေဟာ…
Read Moreကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ဘေးရှောင်တွေ ထပ်မံရောက်ရှိ
ကျောက်တော်၊ ဇန်နဝါရီ ၁-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ်အတွင်းက ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်တွေဟာ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ထပ်မံရောက်ရှိလာနေ ကြပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ ကျောက်တော်မြို့နယ် ယိုးချောင်အထက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာတွေမှာရှိတဲ့ လေကွိနဲ့ တဲဝ ကျေးရွာသားတွဖြစ်ပြီးတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့က ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။ “စစ်ဘေးရှောင်တွေက လျော့သွားတာလည်းရှိတယ်၊ တိုးလာတာလည်းရှိတယ်၊ တောင်မင်းကုလာားရွာမှာဆိုရင် တချို့ပြန်သွားကြပါပြီ၊ ထပ်တိုးလာတာက ဝါးတောင်ကျေးရွာမှာ အိမ်ထောင်စု ၈၁ စုရောက်နေတယ်၊ လူဦးရေက ၄၅၀ ရောက်နေပါတယ် ”လို့ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောပါတယ်။ ဒ့ါအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လေးကျေးရွာကိုလည်း ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ကျောက်တော်မြို့နယ် ပညာဝကျေးရွာက ထွက်ပြေးလာခဲ့ကြသူ ၁၆၀ ကျော်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ “သူတို့ရောက်တာ သုံးလေးရက်ရှိပြီ၊ တစ်နေ့ကလည်း ထပ်ရောက်လာသေးတာပါ၊…
Read More၂၃၄ နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာ ကျဆုံးခြင်းအခမ်းနားကို စစ်တွေမြို့မှာ ကျင်းပပြုလုပ်
စစ်တွေ၊ ဇန်နဝါရီ ၁-၂၀၁၉ ခိုင်လင်းစံ (VOM) ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ရခိုင်ဘုရင့်နိုင်ငံအချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၄ နှစ်မြောက် အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအခမ်းအနားကို အရင်နှစ်တွေက ရခိုင်ပြည်နယ်အတွင်း မြို့နယ်တိုင်းမှာကျင်းပပြုလုပ်ခဲ့ကြပေမယ့် အခုနှစ်မှာတော့ စစ်တွေတစ်မြို့တည်းမှာသာ ကျင်းပခဲ့တာဖြစ်ပြီး ရခိုင်အမျိုးသားပါတီ ANP က ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ “အရင်နှစ်က မြောက်ဦးမှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် ပြည်သူတွေက ကြောက်ရွံ့နေကြပါတယ်၊ အဲဒီအခမ်းအနားကို ကျင်းပလို့ရှိရင် ဖမ်းဆီးခံရမလားဆိုးပြီးတော့၊ ကျွန်တော်တို့ပါတီက အမျိုးသားအကျိုးစီးပွားကို အလေးထားဆောင်ရွက်နေ တဲ့ပါတီဖြစ်တဲ့အတွက် အခုလိုမျိုး သမိုင်းကြောင်းဆိုင်ရာတွေကို မျိုးဆက်သစ်တွေသိရရှိအောင်အတွက် ကျင်းပပြုလုပ်ခဲ့တာပါ”လို့ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။ ဒါ့အပြင် အခုလိုမျိုးအခမ်းအနားတွေကို တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်တိုင်းမှာ ကျင်းပပြုလုပ်ဖို့လိုအပ်ပြီး ရခိုင်သမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း ပြောကြားဖို့လိုတယ်လို့ အခမ်းအနားတက်ရောက်လာခဲ့တဲ့ လူငယ်တွေက ပြောပါတယ်။ “ဒီလိုမျိုးပွဲဆိုတာ…
Read More