၂၃၄ နှစ်မြောက် ရခိုင့်ဘုရင့်နိုင်ငံ အချုပ်အခြာအာဏာ ကျဆုံးခြင်းအခမ်းနားကို စစ်တွေမြို့မှာ ကျင်းပပြုလုပ်

စစ်တွေ၊ ဇန်နဝါရီ ၁-၂၀၁၉
ခိုင်လင်းစံ (VOM)

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကျရောက်တဲ့ ရခိုင်ဘုရင့်နိုင်ငံအချုပ်အခြာအာဏာ ကျဆုံးခြင်း ၂၃၄ နှစ်မြောက် အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

အဲဒီအခမ်းအနားကို အရင်နှစ်တွေက ရခိုင်ပြည်နယ်အတွင်း မြို့နယ်တိုင်းမှာကျင်းပပြုလုပ်ခဲ့ကြပေမယ့် အခုနှစ်မှာတော့ စစ်တွေတစ်မြို့တည်းမှာသာ ကျင်းပခဲ့တာဖြစ်ပြီး ရခိုင်အမျိုးသားပါတီ ANP က ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

“အရင်နှစ်က မြောက်ဦးမှာဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် ပြည်သူတွေက ကြောက်ရွံ့နေကြပါတယ်၊ အဲဒီအခမ်းအနားကို ကျင်းပလို့ရှိရင် ဖမ်းဆီးခံရမလားဆိုးပြီးတော့၊ ကျွန်တော်တို့ပါတီက အမျိုးသားအကျိုးစီးပွားကို အလေးထားဆောင်ရွက်နေ တဲ့ပါတီဖြစ်တဲ့အတွက် အခုလိုမျိုး သမိုင်းကြောင်းဆိုင်ရာတွေကို မျိုးဆက်သစ်တွေသိရရှိအောင်အတွက် ကျင်းပပြုလုပ်ခဲ့တာပါ”လို့ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

ဒါ့အပြင် အခုလိုမျိုးအခမ်းအနားတွေကို တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ မြို့နယ်တိုင်းမှာ ကျင်းပပြုလုပ်ဖို့လိုအပ်ပြီး ရခိုင်သမိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်း ပြောကြားဖို့လိုတယ်လို့ အခမ်းအနားတက်ရောက်လာခဲ့တဲ့ လူငယ်တွေက ပြောပါတယ်။

“ဒီလိုမျိုးပွဲဆိုတာ လုပ်သင့်တဲ့ပွဲတွေဖြစ်တယ်၊ အာဏာပိုင်တွေကလည်း တားဆီးမှုတွေမလုပ်သင့်ပါဘူး၊ လက်နက်ကိုင်ပြီး တားဆီးမှုတွေကြောင့် အပြစ်မရှိတဲ့ ပြည်သူတွေလည်းသေဆုံးခဲ့ကြရတယ်၊ တစ်ပြည်နယ်လုံးမှာ လုပ်စေချင်ပါတယ်။”လို့ ဆယ်တန်းေ​​ကျာင်းသားတစ်ဦးဖြစ်တဲ့ မောင်အောင်နိုင်ဝင်း က ​ပြောပါတယ်​။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်ပြည့်အခမ်းအနား ဟောပြောပွဲကိုမြောက်ဦးမြို့မှာ ကျင်းပပြုလုပ်ခဲ့ကြရာ ဒေသအာဏာပိုင်းတွေက တားဆီးတဲ့အတွက် လူထုအုံကြွမှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ကပစ်ခတ်နှိမ်နင်းတဲ့အတွက် ပွဲကြည့်ပရိသတ်လူငယ် ၇ ဦးသေဆုံးခဲ့ရပြီး ၁၂ ဦးသေနတ်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့ကြောင့် အခုနှစ်မှာကျင်းပပြုလုပ်လို့ရှိရင် ပြင်းထန်တဲ့တားဆီးမှုတွေဖြစ်လာနိုင်တယ်တဲ့အတွက် တခြားမြို့နယ်တွေမှာ ကျင်းပပြုလုပ်ခဲ့ခြင်းမရရှိတာဖြစ်တယ်လို့ ဦးထွန်းအောင်ကျော်က ဆက်လက်ပြေကြားခဲ့ပါတယ်။

#voiceofmyanmar#စစ်​​တွေ#၂၃၄နှစ်မြောက်ရခိုင့်ဘုရင့်နိုင်ငံ#အချုပ်အခြာအာဏာကျဆုံးခြင်းအခမ်းနားကျင်းပ#

Related posts

Leave a Comment

VOM News

FREE
VIEW