ရိုဟင်ဂျာတွေကို လက်ခံခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ စံပြခေါင်းဆောင်တစ်ဦးလို့ ဂျိုလီ ချီးကျူး

ဒါကာ၊ ဖေဖော်ဝါရီ-၇-၂၀၁၉

မျိုးဆက် (VOM)

မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကိုဖွင့်ပေးခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာစီနာဟာ စံပြခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ အမေရိကန် ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီက ချီးကျူးပြောဆိုလိုက်ပါတယ်။

ရှိဟာစီနာလို ခေါင်းဆောင်အများပြား ကမ္ဘာကြီးက လိုအပ်နေတယ်လို့လည်း ၎င်းကဆိုပါတယ်။ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ အထူးသံတမန်တစ်ဦးလည်းဖြစ်သူ ဂျိုလီဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကော့ဘဇားဒေသကို နှစ်ရက်ကြာသွားရောက်ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်က ၀န်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို ခိုလှုံခွင့်ပေးခဲ့တဲ့အတွက်လည်း ဂျိုလီက ချီးကျူးပြောဆိုပြီး ၀န်ကြီးချုပ်ဟာ စံနမူနာယူစရာကောင်းတဲ့ ခေါင်းဆောင်တစ်ဦးလို့ ပြောဆိုခဲ့ကြောင်း ဟာစီနာရဲ့ မီဒီယာဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အိုင်ဆန်နူကာရင်က သတင်းထောက်တွေကို ပြောပါတယ်။

ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းမစမီ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိပြန်လာရေးနဲ့ လုံခြုံစိတ်ချရတဲ့ ၀န်းကျင်းမျိုး မြန်မာနိုင်ငံဘက် မဖြစ်မနေဖန်တီးပေးရမယ်လို့လည်း ဂျိုလီက ပြောဆိုခဲ့ပါတယ်။

Ref & Photo : bdnews24

Related posts

Leave a Comment

VOM News

FREE
VIEW