စည်ပင်ရွေးကောက်ပွဲမှာအနိုင်ရရင် ဒုတိယမြို့တော်ဝန်နေရာအထိ မှန်းထားတဲ့ ထက်ထက်ထွန်း

ရန်ကုန် ဖေဖော်ဝါရီ ၇-၂၀၁၉ သင်းသဒ္ဒါ (VOM) ၂၀၁၆ ခုနှစ်က Miss Universe ပြိုင်ပွဲကြီးမှာ National Costume ဆုရှင် အလှမယ် ထက်ထက်ထွန်း ကတော့စည်ပင်ရွေးကောက်ပွဲမှာ ဒုတိယမြို့တော်ဝန်နေရာအထိ မှန်းထားတယ်လို့ဆိုပါတယ်။ ”လောလောဆယ်ကတော့ ကော်မတီနေရာက ၀င်ရောက်ယှဉ်ပြိုင်တယ်။ နောက်ဆုံး ဒုတိယမြို့ တော်ဝန်နေရာ ထိမှန်းတယ်။ ဒီကနေ ဒုမြို့တော်ဝန်အထိ ပြိုင်လို့ရတယ်ဆိုတော့ ဆက်လက်ယှဉ်ပြိုင်သွားမှာပါ။ ဒီအတွက် ထိုက်တန်အောင် ကြိုးစားလုပ်ဆောင်မှာပါ”လို့ဆိုပါတယ်။ သူမကတော့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို မြို့တော် စည်ပင်သာယာရေး ကော် မတီဝင်အဖြစ်နဲ့ ၀င်ရောက် ယှဉ်ပြိုင်မှာဖြစ်ပြီး အခုဝင်ပြိုင်ကတော့ မဲဆန္ဒနယ် ၃က ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ မဲဆန္ဒနယ် ၆ ခုရှိပါတယ်။ လူဦးရေ အိမ်ခြေအရေလည်း အသီးသီးသွားထားပါတယ်။ မဲဆန္ဒနယ်ကတော့ ၃ မှာတော့ မြို့နယ်ပေါင်း ၁၂ မြို့နယ် ပါပါတယ်။ မြို့နယ်တွေကတော့ ကြည့်မြင်တိုင်၊ စမ်းချောင်း…

Read More

လွိုင်ကော် ကရင်နီလူငယ် သပိတ်စခန်းဖြိုခွဲခံရ

လွိုင်ကော် ဖေဖေါ်ဝါရီ ၇- ၂၀၁၉ ထူးသာဦး (VOM) ‌လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထားတာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ရုံးရှေ့မှာ  သပိတ်စခန်းထိုင်နေတဲ့ လူငယ်တွေကို  ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး သပိတ်ခန်းကို ဖြိုခွင်းလိုက်ပါတယ်။ ‌ ‌သပိတ်စခန်းဖျက်သိမ်းပေးဖို့ ယနေ့ မွန်းလွှဲပိုင်းမှာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနဲ့ လွိုင်ကော်စခန်းမှူးတို့ လာရောက်ပြောဆိုခဲ့ပြီး နာရီဝက်အကြာ ရဲအင်အား တစ်ရာဝန်းကျင် သပိတ်စခန်းကို ရောက်ရှိလာကာ ကရင်နီလူငယ်များ ဖမ်းဆီးခံခဲ့ရပြီး  သပိတ်စခန်းဖြိုခွဲခံခဲ့တာဖြစ်ပါတယ်။   ‌ ‌ဒီနေ့သပိတ်စခန်းဖြိုခွဲ မှုမှာ သပိတ်စခန်းဦးဆောင်သူ လေးဦးကို ရဲတပ်ဖွဲ့များမှဦးစွာဖမ်းဆီးခဲ့တာဖြစ်ပြီး ကျန်ရှိခဲ့သည်လူငယ် ၃၇ဦးကို လူစုခွဲခိုင်းရာမှ လူငယ်များက လူစုမခွဲသောကြောင့်ရဲကားပေါ်သို့အတင်းဆွဲခေါ်သွားခဲ့ခြင်းဖြစ်ပါတယ်။   ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သပိတ်ခေါင်းဆောင် ၄ ဦးကို လွိုင်ကော်မြို့နယ်ရဲစခန်းမှ တရားလိုပြုလုပ်ပြီး ငြိမ်းစုစည်ပုဒ်မဖြင့်တရားစွဲဆိုသွားမည်ဟုသိရှိရသော်လည်း ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည့်လူငယ် ၃၇ ဦးကိုမူ တရားစွဲ၊ မစွဲကို ရှင်းလင်းစွာ မသိရှိရသေးပါဘူး။ ‌ ထိုင်သပိတ်ကော်မတီပြောရေးဆိုခွင့်ရှိသူ…

Read More

ရန်ကုန်မှာ မြို့ပြယဉ်ကျေးမှုအမွေအနှစ်တွေထိမ်းသိမ်းမှ နေချင်စဖွယ် စီးပွားရေးမြို့တော်ဖြစ်မယ်လို့ ဝန်ကြီးချုပ်ဆို

ရန်ကုန် ဖေဖော်ဝါရီ ၇-၂၀၁၉ TGH (VOM) ရန်ကုန်မြို့ကို  နိုင်ငံတကာက အသိအမှတ်ပြုတဲ့ နေချင်စဖွယ် စီးပွားရေးမြို့တော် ဖြစ်ဖို့အတွက် မြို့ပြယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ YHTက ပြုလုပ်တဲ့ ကမ်းနားလမ်းက  the Strand Hotelကို   ၂၇ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ်အပြာရောင်ကမ္ဗည်းပြား Blue Plaque တပ်ဆင်တဲ့အခမ်းအနားမှာ  ပြောခဲ့တာဖြစ်ပါတယ်။   “မြို့ပြအမွေအနှစ်နဲ့ ပတ်သက်ပြီး နှစ်မျိုးရှိပါတယ်။ ရှေးဟောင်းအမွေအနှစ် ရှိသလို မြို့ပြအမွေအနှစ်တွေရှိပါတယ်။ ဒီအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတကာအသိအမှတ်ပြုနိုင်တဲ့ နေချင်စဖွယ်မြို့တော်ဖြစ်လာအောင်ကြိုးစားရမှာဖြစ်တယ်။ ဒါက ရန်ကုန်ရဲ့ရည်ရွယ်ချက်တွေထဲမှာလည်းပါတယ်။ ခုချိန်က ရန်ကုန်မြိုကို ဖွံ့ဖြိုးတိုးတက်တောင် ဆောင် ရွက်နေတဲ့ကာလလည်းဖြစ်တယ်။ အမွေအနှစ်တွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့လိုသလိုပဲ မြို့ရဲ့သဘာ ၀ပတ်ဝန်းကျင်ကို မပျက်စီးသွားစေဖို့ကလည်း အရေးကြီးတယ်။ အထူးဂရုစိုက်ဖို့လိုအပ်တယ်”လို့ ဆိုပါတယ်။…

Read More

မြန်မာဘက်က မှောင်ခိုပို့တဲ့ ရူပီးခြောက်ကုဋေကျော်တန်ဖိုးရှိ ရွှေချောင်းတွေ အိန္ဒိယမှာဖမ်းမိ

ကာလကတ္တား၊ ဖေဖော်ဝါရီ-၇-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံကနေ တရားမ၀င်မှောင်ခိုတင်သွင်းလာတဲ့ အိန္ဒိယရူပီး ၆ ဒသမ ၇၃ ကုဋေတန်ဖိုးရှိ ရွှေချောင်း ၂၀ ကီလိုဂရမ်ကို အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဟိုရာ့ဒေသမှာ အာဏာပိုင်းတွေက ဖမ်းဆီးရမိခဲ့ပါတယ်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အကောက်ခွန်ထောက်လှမ်းရေးတာဝန်ရှိသူတွေက လူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကာ နယ်စပ်ရှိ မဏိပူမှ တစ်ဆင့် အနောက်ဘင်္ဂလားနယ်သို့ ရွှေချောင်းတွေကို သယ်ယူလာခဲ့တာလို့ဆိုပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ အိန္ဒိယနိုင်ငံမှ မဟုတ်တဲ့ နိုင်ငံခြားရွှေအလေးချိန်အတိအကျမှာ ၁၉ ဒသမ ၉၂ ကီလိုဂရမ်ဖြစ်ပြီး ရွှေချောင်း ၁၂၀ အရေအတွက်ရှိတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြောင်း အိန္ဒိယအခြေစိုက် NDTV သတင်းဌာနက ဖေဖော်ဝါရီ ၆ ရက်က ဖော်ပြထားပါတယ်။ ဒီနှစ်ဘဏ္ဍာရေးနှစ်အတွင်းမှာ ဒီလိုတရားမ၀င် ရွှေမှောင်ခိုတင်သွင်းမှုတွေမှာ ရွှေချိန်ပမာဏ ၄၁၅ ကီလိုဂရမ်အထိ အကောက်ခွန်ထောက်လှမ်းရေးတွေက ဖမ်းဆီးရမိခဲ့ပြီး အနောက်ဘင်္ဂလားပြည်နယ်နဲ့ နိုင်ငံ…

Read More

ဒီနှစ်အကယ်ဒမီပေးပွဲဟာ ဒိုင်တွေတော်တော်ခေါင်းစားမယ်လို့ သက်မွန်မြင့်ဆို

ရန်ကုန် ဖေဖော်ဝါရီ ၇-၂၀၁၉ သင်းသဒ္ဒါ (VOM) ကလေးနှစ်ယောက် မိခင်ဖြစ်ပေမယ့် ပရိသတ်ချစ်ခင်ခြင်းခံရတဲ့ ထပ်ဆင့် အကယ်ဒမီ သက်မွန်မြင့်ကတော့ ဒီနှစ်အကယ်ဒမီပေးပွဲဟာ ဒိုင်တွေတော်တော်ခေါင်းစားရမယ်လို့ဆို ပါတယ်။ ‘ဒီနှစ် အကယ်ဒမီ ပေးပွဲကတော့ ပိုရင်ခုန်စရာလည်း ကောင်းပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဇာတ်ကားအမိုက်စားတွေ အကောင်းစားတွေအများကြီး ထွက်လာတယ်။ သရုပ်ဆောင်တွေလည်း ဇာတ်ကောင်တွေတိုင်းမှာ လုံးဝပီပီပြင်ပြင် သရုပ်ဆောင်နိုင်ကြတယ်ဆိုတော့ ဒိုင်တွေလည်း တော်တော်လေးကို ခေါင်းစားမယ်လို့ ထင်တယ်။ ပရိသတ်တွေလည်း တော်တော်ရင်ခုန်ရမှာပါ”လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုအတွက် ဇာတ်ကားပေါင်း ၈၃ ကားရှိပါတယ်။ သူမကတော့ အကယ်ဒမီထူးချွန်ဆုပေးပွဲကို တက်ဖြစ်မယ်လို့ဆိုပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာ ၊ ဓာတ်ပုံပိုင်းတွေ လုပ်ဆောင်ဖြစ်ပေမယ့် ကားရိုက်နည်းနည်းပါးသွားတယ်လို့သိရပါတယ်။ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားရဲ့ ရင်ခုန်မှုပတ်သက်ပြီး ”သက်မွန်တို့က အများကြီးတော့ ပြောလို့…

Read More

အမေရိကန်နဲ့ နျူစာချုပ်ကိစ္စတင်းမာနေစဉ် မိုင် ၇၅၀၀ အထိပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးပျံ ရုရှားစမ်းသပ်

မော်စကို၊ ဖေဖော်ဝါရီ-၇-၂၀၁၉ မျိုးဆက် (VOM) တာလတ်ပစ်နျူကလီးယား စာချုပ်ကနေ အမေရိကန်နဲ့ ရုရှားတို့က  နှုတ်ထွက်မယ်လို့အပြန် အလှန်ခြိမ်းခြောက်ပြီး  နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာနေချိန်မှာ  ရုရှားနိုင်ငံက  ၎င်းရဲ့ အာအက်စ်-၂၄ ယာစ် တိုက်ချင်းပစ်ဒုံးပျံကို အောင်မြင်စွာစမ်းသပ်လိုက်ပါတယ်။ အဆိုပါ သာမိုနျူကလီးယားဒုံးပျံကို နိုင်ငံမြောက်ပိုင်း အာခန်ဂီလက်ခ်ရှိ ပလီဆက် ဒုံးပစ်လွှတ်စင်မှ နိုင်ငံအရှေ့ဖျားပိုင်းသို့ ပစ်လွှတ်ခဲ့တယ်လို့  ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၆ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ ယင်းသို့စမ်းသပ်မှုမှာ အာအက်စ်-၂၄ ယာစ် အဆင့်မြင့် ဒုံးပျံစနစ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပစ်လွှတ်နိုင်တဲ့ ၀ိသေဒလက္ခဏာတွေကို အတည်ပြုဖို့  ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တိုပို-အမ် ဒုံးပျံစနစ်ကို ပြုပြင်မွန်းမံထားတဲ့ အဆိုပါ  အာအက်စ်-၂၄ ယာစ် ဒုံးပျံသစ်ဟာ အမြင့်ဆုံးအကွာ အဝေးအဖြစ် မိုင်ပေါင်း ၇၅၀၀ အထိ ပစ်ခတ်နိုင်စွမ်းရှိပါတယ်။ ၁၉၉၁ ခုနှစ်တွင်…

Read More

ကျောက်တော်မြို့ကို ထွက်ပြေးရောက်ရှိလာသူ ၂၅ ဦးကိုဖမ်းဆီးရာမှာ လွှတ်ပေးထားခဲ့သူတစ်ဦးကို ရဲတပ်ဖွဲ့ကပြန်လည်ခေါ်ယူ

ကျောက်တော်၊ ဖေဖော်ဝါရီ ၇-၂၀၁၉ ခိုင်လင်းစံ(VOM) ချင်းပြည်နယ် ပလက်ဝ မြို့နယ် ချင်းလက်ဝကနေပြီးတော့ ဒေသမတည်မငြိမ်ဖြစ်ပွားနေတဲ့အတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်မှာ လာရောက်ခိုလှုံဖို့အတွက် ရောက်ရှိလာခဲ့သူ ၂၅ ဦးတို့ကို အခုလ ၃ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေနဲ့အရေးယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ အဲဒီ ၂၅ ဦးတို့ကို သံသယနဲ့ဖမ်းဆီးစဉ်မှာပါဝင်သတစ်ဦးဖြစ်တဲ့ ဦးတက်တိုးကို အဲဒီနေ့ကလွတ်ပေးထားခဲ့ပေမယ့် မနေ့က စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ပြန်လည်ခေါ်ယူတာကြောင့် ဒီကနေ့မနက်ပိုင်းမှာ မိသားစုတွေကနေ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ကို လာရောက်အပ်နှံမှုပြုလုပ်သွားဖို့ ရှိနေပါတယ်။ “ဖမ်းဆီးသွားတဲ့ ၂၅ ယောက်ကိုတော့ စစ်တွေမှာရဲစခန်းမှာ ချုပ်ထားပါတယ်။ အဲဒီ ၂၅ ယောက်ကိုဖမ်းတဲ့နေ့မှာပဲ တစ်ယောက်ကိုလွှတ်ပေးထားခဲ့ပါတယ်။ သူနဲ့မသက်ဆိုင်ဘူးဆိုပြီးတော့။ အဲဒါကို မနေ့ ရဲတပ်ဖွဲ့ကနေ စစ်ဆေးစရာတွေရှိတယ်ဆိုပြီး ပြန်ခေါ်တယ်။ အခုမိသားစုတွေ ရဲစခန်းကိုအပ်ဖို့သွားပါတယ်။”လို့ ကျောက်တော်ဒေသခံ ဦးဇော်ဝင်းကပြောပါတယ်။ အဲဒီဖမ်းဆီးခံထားရသူတွေဟာ ကျောက်တော်နဲ့ ချင်းလက်ဝဒေသတွေမှာ ကုန်သွယ်စီးပွားရေးလုပ်ကိုင်နေကြသူတွေ…

Read More

ရိုဟင်ဂျာတွေကို လက်ခံခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ စံပြခေါင်းဆောင်တစ်ဦးလို့ ဂျိုလီ ချီးကျူး

ဒါကာ၊ ဖေဖော်ဝါရီ-၇-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကိုဖွင့်ပေးခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာစီနာဟာ စံပြခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ အမေရိကန် ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီက ချီးကျူးပြောဆိုလိုက်ပါတယ်။ ရှိဟာစီနာလို ခေါင်းဆောင်အများပြား ကမ္ဘာကြီးက လိုအပ်နေတယ်လို့လည်း ၎င်းကဆိုပါတယ်။ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ အထူးသံတမန်တစ်ဦးလည်းဖြစ်သူ ဂျိုလီဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကော့ဘဇားဒေသကို နှစ်ရက်ကြာသွားရောက်ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်က ၀န်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို ခိုလှုံခွင့်ပေးခဲ့တဲ့အတွက်လည်း ဂျိုလီက ချီးကျူးပြောဆိုပြီး ၀န်ကြီးချုပ်ဟာ စံနမူနာယူစရာကောင်းတဲ့ ခေါင်းဆောင်တစ်ဦးလို့ ပြောဆိုခဲ့ကြောင်း ဟာစီနာရဲ့ မီဒီယာဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အိုင်ဆန်နူကာရင်က သတင်းထောက်တွေကို ပြောပါတယ်။ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းမစမီ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိပြန်လာရေးနဲ့ လုံခြုံစိတ်ချရတဲ့ ၀န်းကျင်းမျိုး မြန်မာနိုင်ငံဘက် မဖြစ်မနေဖန်တီးပေးရမယ်လို့လည်း ဂျိုလီက ပြောဆိုခဲ့ပါတယ်။…

Read More

စစ်ပွဲတွေကြောင့် ပိတ်မိနေပြီး ရိက္ခာပြတ်လပ်မှုဖြစ်နေတဲ့ ကျေးရွာပေါင်း ၁၀ရွာ ကျော်ရှိလာနေ

စစ်တွေ၊ ဖေဖော်ဝါရီ ၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက စစ်ပွဲဖြစ်ပွားမှုတွေကြောင့် ကျေးရွာတချို့တို့ဟာ ပိတ်မိနေပြီး ဆက်သွယ်သွားလာရေး အခက်အခဲနဲ့ကြုံတွေ့နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပွားနေတဲ့ ကျေးရွာပေါင်း ၁၀ရွာ ကျော်အထိရှိလာနေ ပြီဖြစ်ပါတယ်။ အဲဒီကျေးရွာတွေအနေနဲ့ အခုလိုပိတ်မိနေတာဟာ နှစ်လနီးပါးအထိကြားမြင့်နေပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေ ဖြစ်တာကြောင့် ရိက္ခာသယ်ယူခွင့်နဲ့ ခရီးသွားလာခွင့်တွေကို မရရှိတာကြောင့်ဖြစ်ပါတယ်။ “ကျွန်တော်တို့ရွာသားတွေ ဘယ်မှသွားလာလို့မရဘဲ ပိတ်မိနေတာ အခုဆိုရင် နှစ်လလောက်ရှိလာနေပြီပေါ့နော်။ အလုပ်အကိုင်တွေလည်းမလုပ်ရဘူး။ ဒါကြောင့် စားရေးသောက်ရေးအခက်အခဲတွေရှိနေပါတယ်။ တော်တော်လေးကို ဒုက္ခရောက်နေကြပါတယ်။”လို့ ပိတ်မိကျေးရွာသားတစ်ဦးက ပြောပါတယ်။ အခုလိုမျိုးပိတ်မိနေတဲ့ကျေးရွာတွေကတော့ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းမှာ ကျေးရွာ ၅ ရွာ၊  ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအထက်ပိုင်းမှာ ကျေးရွာ ၃ ရွာအပြင် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာတွေအပြင် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းအထက်ပိုင်းမှာရှိနေတဲ့ ကျေးရွာတွေမှာ ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ “ရိက္ခာပြတ်နေတဲ့ကျေးရွာ အားလုံးက မြို့နယ်လေးမြို့နယ်အတွင်းမှာဆိုရင် ၁၀ ကျော်လောက်ရှိနိုင်ပါတယ်။ အခုအခြေအနေက…

Read More

မတူပီက စစ်တပ်ရှေ့တွေ ညအချိန်ဖြတ်သန်းသွားလာခွင့်မရှိ

မတူပီ ဖေဖော်ဝါရီ ၇-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် မတူပီမြို့ အထွက်ဖက်မှာ တည်ရှိတဲ့ တပ်မတော်တပ်ရင်း တွေရဲ့ ရှေ့ကနေ ညနေ ၇ နာရီ ကနေ မနက် ၅  နာရီ ကြား ကာလမှာ ဖြတ်သန်း မသွားဖို့ တပ်မတော်ဖက်ကနေ အမိန့်ထုတ်ကြေညာထားတယ် လို့ မတူပီမြို့ဒေသခံတွေကပြောပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှာ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ နဲ့  နေ့လယ်ချိန် ဖြတ်သန်းသွားလာတဲ့ အခါမှာလည်း တပ်ရင်းတွေ ရှေ့ရောက်ရင် ဖုန်းပြောတာတို့ ဓာတ်ပုံရိုက်တာတို့ စတဲ့အရာတွေ ကိုလည်း မပြုလုပ်ကြဖို့နဲ့  မြို့တွင်းမှာ တူမီး လေသေနတ်စတာတွေ ထမ်းပြီး မသွားလာကြဖို့ ၊ လူစိမ်းတွေ ၀င်ရောက်လာရင် ချက်ခြင်း အသိပေးဖို့ ဆိုပြီး  ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် မြို့နယ် အတွင်းမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ကနေစပြီး ထုတ်ပြန်ထားတာ…

Read More
VOM News

FREE
VIEW