ရန်ကုန်မှာ မြို့ပြယဉ်ကျေးမှုအမွေအနှစ်တွေထိမ်းသိမ်းမှ နေချင်စဖွယ် စီးပွားရေးမြို့တော်ဖြစ်မယ်လို့ ဝန်ကြီးချုပ်ဆို

ရန်ကုန် ဖေဖော်ဝါရီ ၇-၂၀၁၉

TGH (VOM)

ရန်ကုန်မြို့ကို  နိုင်ငံတကာက အသိအမှတ်ပြုတဲ့ နေချင်စဖွယ် စီးပွားရေးမြို့တော် ဖြစ်ဖို့အတွက် မြို့ပြယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ YHTက ပြုလုပ်တဲ့ ကမ်းနားလမ်းက  the Strand Hotelကို   ၂၇ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ်အပြာရောင်ကမ္ဗည်းပြား Blue Plaque တပ်ဆင်တဲ့အခမ်းအနားမှာ  ပြောခဲ့တာဖြစ်ပါတယ်။

 

“မြို့ပြအမွေအနှစ်နဲ့ ပတ်သက်ပြီး နှစ်မျိုးရှိပါတယ်။ ရှေးဟောင်းအမွေအနှစ် ရှိသလို မြို့ပြအမွေအနှစ်တွေရှိပါတယ်။ ဒီအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး နိုင်ငံတကာအသိအမှတ်ပြုနိုင်တဲ့ နေချင်စဖွယ်မြို့တော်ဖြစ်လာအောင်ကြိုးစားရမှာဖြစ်တယ်။ ဒါက ရန်ကုန်ရဲ့ရည်ရွယ်ချက်တွေထဲမှာလည်းပါတယ်။ ခုချိန်က ရန်ကုန်မြိုကို ဖွံ့ဖြိုးတိုးတက်တောင် ဆောင် ရွက်နေတဲ့ကာလလည်းဖြစ်တယ်။ အမွေအနှစ်တွေကိုထိန်းသိမ်းစောင့်ရှောက်ဖို့လိုသလိုပဲ မြို့ရဲ့သဘာ ၀ပတ်ဝန်းကျင်ကို မပျက်စီးသွားစေဖို့ကလည်း အရေးကြီးတယ်။ အထူးဂရုစိုက်ဖို့လိုအပ်တယ်”လို့ ဆိုပါတယ်။

 

ရန်ကုန်မြို့ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောက်ရွက်နေတဲ့အစီအစဉ်တွေထဲမှာ မြို့ပြအမွေအနှစ်တွေကိုထိန်းသိမ်းစောင့်ရှောက်တာအပြင် အစိမ်းရောင်မြို့ဖြစ်ရေး ၊ အမွေအနှစ်တွေက တဆင့် စီးပွားရေး ၊ လူမှုရေးကဏ္ဍတွေကို မြှင့်တင်ဆောင်ရွက်သွားနိုင်မယ့် စီးပွားရေးမြို့တော်ဖြစ်လာဖို့ ကြိုးစားရမှာဖြစ်တယ်လို့ဆိုပါတယ်။

 

ရန်ကုန်မြို့ရဲ့ ကမ်းနားလမ်းဟာ မြို့ပြအမွေအနှစ်တွေ အများဆုံးတည်ရှိတဲ့နေရာဖြစ်သလို Stand Hotel ကလည်း အရှေ့တောင်အာရှမှာ ဖွင့်လှစ်ခဲ့တဲ့ ပထမဆုံးကိုလိုနီခေတ် ဇိမ်ခံဟိုတယ်တွေထဲက တခုအပါအ၀င်ဖြစ်ပါတယ်။ ၁၉၀၁ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ပြည်တွင်းမှာ  ဗိသုကာလက်ရာတွေနဲ့ အလှပဆုံးသော အထင်ကရအဆောက်အသီးတွေအနက်တစ် ခုအဖြစ်လည်းရှိနေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar#ရန်ကုန်မြို့ပြယဉ်ကျေးမှုထိမ်းသိမ်းရေး

Related posts

Leave a Comment

VOM News

FREE
VIEW