မြန်မာဘက်က မှောင်ခိုပို့တဲ့ ရူပီးခြောက်ကုဋေကျော်တန်ဖိုးရှိ ရွှေချောင်းတွေ အိန္ဒိယမှာဖမ်းမိ

ကာလကတ္တား၊ ဖေဖော်ဝါရီ-၇-၂၀၁၉
မျိုးဆက် (VOM)
မြန်မာနိုင်ငံကနေ တရားမ၀င်မှောင်ခိုတင်သွင်းလာတဲ့ အိန္ဒိယရူပီး ၆ ဒသမ ၇၃ ကုဋေတန်ဖိုးရှိ ရွှေချောင်း ၂၀ ကီလိုဂရမ်ကို အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဟိုရာ့ဒေသမှာ အာဏာပိုင်းတွေက ဖမ်းဆီးရမိခဲ့ပါတယ်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အကောက်ခွန်ထောက်လှမ်းရေးတာဝန်ရှိသူတွေက လူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားကာ နယ်စပ်ရှိ မဏိပူမှ တစ်ဆင့် အနောက်ဘင်္ဂလားနယ်သို့ ရွှေချောင်းတွေကို သယ်ယူလာခဲ့တာလို့ဆိုပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ အိန္ဒိယနိုင်ငံမှ မဟုတ်တဲ့ နိုင်ငံခြားရွှေအလေးချိန်အတိအကျမှာ ၁၉ ဒသမ ၉၂ ကီလိုဂရမ်ဖြစ်ပြီး ရွှေချောင်း ၁၂၀ အရေအတွက်ရှိတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြောင်း အိန္ဒိယအခြေစိုက် NDTV သတင်းဌာနက ဖေဖော်ဝါရီ ၆ ရက်က ဖော်ပြထားပါတယ်။
ဒီနှစ်ဘဏ္ဍာရေးနှစ်အတွင်းမှာ ဒီလိုတရားမ၀င် ရွှေမှောင်ခိုတင်သွင်းမှုတွေမှာ ရွှေချိန်ပမာဏ ၄၁၅ ကီလိုဂရမ်အထိ အကောက်ခွန်ထောက်လှမ်းရေးတွေက ဖမ်းဆီးရမိခဲ့ပြီး အနောက်ဘင်္ဂလားပြည်နယ်နဲ့ နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေကဖြစ်ကာ တန်ဖိုးအားဖြင့် ရူပီးကုဋေပေါင်း ၁၃၀ အထိရှိတယ်လို့ ဆိုပါတယ်။
အဲဒီလို ဖမ်းဆီးရမိတဲ့ရွှေတွေဟာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ ဘူတန်နဲ့ တရုတ်နိုင်ငံတို့ကနေ အိန္ဒိယနိုင်ငံကို တရားမ၀င် မှောင်ခိုတင်သွင်းလာတာဖြစ်တယ်လို့ ယုံကြည်ရတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
Ref & Photo : NDTV

Related posts

Leave a Comment

VOM News

FREE
VIEW