ဒီနှစ်အကယ်ဒမီပေးပွဲဟာ ဒိုင်တွေတော်တော်ခေါင်းစားမယ်လို့ သက်မွန်မြင့်ဆို

ရန်ကုန် ဖေဖော်ဝါရီ ၇-၂၀၁၉

သင်းသဒ္ဒါ (VOM)

ကလေးနှစ်ယောက် မိခင်ဖြစ်ပေမယ့် ပရိသတ်ချစ်ခင်ခြင်းခံရတဲ့ ထပ်ဆင့် အကယ်ဒမီ သက်မွန်မြင့်ကတော့ ဒီနှစ်အကယ်ဒမီပေးပွဲဟာ ဒိုင်တွေတော်တော်ခေါင်းစားရမယ်လို့ဆို ပါတယ်။

‘ဒီနှစ် အကယ်ဒမီ ပေးပွဲကတော့ ပိုရင်ခုန်စရာလည်း ကောင်းပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဇာတ်ကားအမိုက်စားတွေ အကောင်းစားတွေအများကြီး ထွက်လာတယ်။ သရုပ်ဆောင်တွေလည်း ဇာတ်ကောင်တွေတိုင်းမှာ လုံးဝပီပီပြင်ပြင် သရုပ်ဆောင်နိုင်ကြတယ်ဆိုတော့ ဒိုင်တွေလည်း တော်တော်လေးကို ခေါင်းစားမယ်လို့ ထင်တယ်။ ပရိသတ်တွေလည်း တော်တော်ရင်ခုန်ရမှာပါ”လို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုအတွက် ဇာတ်ကားပေါင်း ၈၃ ကားရှိပါတယ်။ သူမကတော့ အကယ်ဒမီထူးချွန်ဆုပေးပွဲကို တက်ဖြစ်မယ်လို့ဆိုပါတယ်။ လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာ ၊ ဓာတ်ပုံပိုင်းတွေ လုပ်ဆောင်ဖြစ်ပေမယ့် ကားရိုက်နည်းနည်းပါးသွားတယ်လို့သိရပါတယ်။

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားရဲ့ ရင်ခုန်မှုပတ်သက်ပြီး ”သက်မွန်တို့က အများကြီးတော့ ပြောလို့ မရပါဘူး။ ဒီဇာတ်ကားကလည်း အများကြီးတော့ အောင်မြင်ထားတယ်။ ဆုတစ်ခုခုတော့ ချိတ်မယ်ထင်တယ်။ ၂၀၁၈ ထဲမှာကားကောင်းတွေက အများကြီး ထွက်လာတော့ လုံးဝကို အကြိတ်အနယ်ပါပဲ”လို့ဆိုပါတယ်။

ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ခရစ္စတီးနားခီရိုက်ကူးပြီးတော့ သရုပ်ဆောင်ဇဏ်ခီ ၊သက်မွန်မြင့်၊ အောင်မြင့်မြတ် ၊ မင်းဦး၊ ကျော်ကိုကိုဝေ၊ ခြူးစစ်ဟန်၊ ထိုင်းမင်းသမီး kaew korravee တို့ အဓိကပါဝင်သရုပ် ဆောင်ထားခဲ့ပါတယ်။

ဓာတ်ပုံ – သင်းသဒ္ဒါ

#voiceofmyanmar#သက်မွန်မြင့်

Related posts

Leave a Comment

VOM News

FREE
VIEW