မင်းဝံတောင်မှာ ဒေသခံတွေ တရားဝင်ကျောက်ထုတ်လုပ်ခွင့်ရရှိရန် စီစဉ်နေ

စစ်ကိုင်း ၊ဖေဖော်ဝါရီ ၈-၂၀၁၉

မောင်တာရာ(VOM)

စစ်ကိုင်းမြို့၊မင်းဝံတောင်မှာ ဒေသခံတွေကို တရားဝင်ကျောက်တူးထုတ်လုပ်ဖော်ခွင့် ရရှိဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေက စီစဉ်ဆောင်ရွက်နေပါတယ်။

လက်ရှိမှာ တရားမဝင် ကျောက်ထုတ်လုပ်နေတဲ့ အတွက် ကျောက်တွင်းပြိုကျ၍ လူသေဆုံးမှုတွေ၊သ ဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ စတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်နေတဲ့အတွက် ယခုအခါ ဒေသခံတွေ တရားဝင် ကျောက်ထုတ်လုပ်ခွင့်ရရှိရန် အတွက် သက်ဆိုင်ရာ ဌာနတွေက စီစဉ်ဆောင်ရွက်နေပါတယ်။

”ဒေသခံတွေက ဒါနဲ့ပဲ အသက်မွေးဝမ်းကျောင်းလုပ်တယ်၊ ဒါကြောင့် တရားဝင်ခွင့်ပြုပေးဖို့ ကျွန်တော်လုပ်နေပါတယ်၊ သစ်တောကနေ တရားဝင်ပယ်ဖျက်ပြီးတာနဲ့ အုပ်ချုပ်ရေးအပိုင်ကနေ တရားဝင်တူးဖော်ခွင့်ကို အများပိုင်ကုမ္ပဏီကနေ ဖြစ်ဖြစ် အဖွဲ့စည်းပဲဖြစ်ဖြစ် သူတို့ကို တရားဝင်တူးခိုင်းမယ်” လို့ စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းလှိုင် ကပြောပါတယ်။

တရားဝင် ကျောက်တူးဖော်ထုတ်လုပ်ခွင့် ရရှိရန်အတွက် စစ်ကိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ဒေသခံ ကျောက်ထုတ်လုပ်တဲ့သူတွေကို အဖွဲ့ဖွဲ့စည်းပေးထားပြီး ယင်း အဖွဲ့အစည်းကနေ စီမံချက်ရေးဆွဲကာ သက်ဆိုင်ရာသို့ အဆင့်ဆင့်တင်ပြဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

”ကျွန်တော်တို့က ကျောက်ထုတ်လုပ်ဖို့ ၄၁ ဧက တိုင်းပြီးသား အဲဒါကို မင်းဝံတောင် ဘေးမဲ့တောဧရိ ယာထဲက ပယ်ဖျက်ဖို့ လုပ်နေပါတယ်။ ပယ်ဖျက်ပြီးရင် လုပ်လို့ ရပြီ၊အဲဒါကို သူတို့က ပယ်ဖျက်မယ့်အချိန်အထိ မစောင့်တော့ဘူးနေမှာ ကြားဖြတ်တင်ကြမယ်ထင်တယ်။”လို့  စစ်ကိုင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူးဦးညွန့်လှိုင်  က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က စစ်ကိုင်းမြို့၊တောင်ညိုရွာသစ်အနီး မင်းဝံတောင်မှာ တရားမဝင် ကျောက်တူးဖော် ထုတ်ယူနေတဲ့ ကျောက်ကျင်းမှာ ကျောက်တောင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ (၃) ဦး ကျောက်ပိ သေဆုံးကာ လူ (၁) ဦး ပြင်ထန်းဒဏ်ရာရရှိခဲ့ပါတယ်။

#voiceofmyanmar#မင်းဝံတောင်#ဒေသခံတွေကိုတရားဝင်ကျောက်ထုတ်လုပ်ခွင့်ရရှိရန်စီစဉ်နေ#

Related posts

Leave a Comment

VOM News

FREE
VIEW