ကြံခင်းပခုက္ကူရထားလမ်းကြောင့် သိမ်းခံရတဲ့ မ​ကွေးတိုင်း ​ ကံမမြို့​နယ်က မြေတွေ ​လျော်​​ကြေး​ရသောလည်း ဒေသခံတွေ အပြည့်အဝကျေနပ်မှုမရှိ

ကံမ ဖေ​ဖေါ်ဝါရီ ၉-၂၀၁၉

ဂျန်ကိုးလ် (VOM)

၂၀၀၆ ခုနှစ်က ကြံခင်း ပခုက္ကူမီးရထားလမ်း​ဖောက်​လုပ်​ရာမှာ  အဓမ္မသိမ်းဆည်းခံခဲ့​ရတဲ့ မြေယာတွေအတွက်​​လျော်​​ကြေး​ငွေ​ပေးအပ်​ပွဲကို ကံမမြို့မြို့နယ်​ခန်းမမှာ ဖေ​ဖေါ်ဝါရီလ၉ရက်​ မနက်​၁၀နာရီက​ ပေးအပ်​ခဲ့​ပါတယ်။

အဲဒီ ရထားလမ်း​ဖောက်​လုပ်​စဉ်​က ကံမမြို့နယ်​အတွင်း၂၇မိုင်​ဖြတ်​သန်း​သွားတာဖြစ်ပြီး သိမ်းခံရတဲ့မြေ လယ်တဧကသိန်း၂၀နှုန်း ယာတဧက၁၅သိန်းနဲ့ အိမ်ခြံမြေ သိန်း၈၀နှုန်းနဲ့ ပေးလျော်တာလို့သိရပါတယ်

အရင် အသိမ်းခံရတုန်းက လယ်​​မြေ ယာ​မြေကိုင်း​မြေတွေနဲ့ အခြားနည်း အသုံးပြုခံရတဲ့​မြေယာ စုစု​ပေါင်း​ဧက ၈၁၀ ဟာ ဒေသခံတွေသဘောမတူပဲ သိမ်းဆည်းခံခဲ့ရပြီး စိုက်​ပျိုးထားတဲ့သီးနှံ​တွေပါ ဆုံးရှုံးခဲ့တဲ့အကြောင်း ကံမမြို့မဲဆန္ဒနယ်​အမှတ်​၂တိုင်း​ဒေသကြီးလွတ်​​တော်​ကိုယ်​စားလှယ် ​ဦးမြင့်​​အောင်​က

“ကျ​နော်​က​တော့​ကျေးဇူးတင်​စကားမ​ပြော​တော့ပါဘူး ကျ​နော့​သိမ်းဆည်းခံ​တောင်​သူ​တွေ​မြေယာ​လျော်​​ကြေးရဘို့ကြံ့ကြာ​နေရတာကို​တောင်းပန်​ချင်​ပါတယ်​။  ကျ​နော်​တို့လုပ်​မ​ပေးနိုင်​ခင်​၂၀၁၂ ကကိုယ့်​မြို့နယ်​ကလုပ်​မ​ပေးလို့ အဲဒီတုန်းက တခြာမြို့ကလွှတ်​​တော်​ကိုယ်​စားလှယ်​​ ဒေါက်​တာ​အောင်​မိုးညိုကို​လွှတ်​​တော်​မှာ​ကြယ်​ပွင့်​မပြ​မေး​ပေးဖို့ အကူညီ​တောင်းရတယ်​။ အဲဒီမှာ လမ်းစရခဲ့ပါတယ်​။   စိုက်​ပျိုး​ရေးကို အဓိကထားတဲ့ နိုင်​ငံမှာ​ စိုက်​ပျိုး​မြေကို သိမ်းစဉ်​အခါက ​ပေါင်းစပ်​ညှိနှိုင်း အသိ​ပေး အ​ကြောင်းကြားခြင်းမရှိဘဲ သိမ်းခဲ့တဲ့​မြေ​တွေ ဒီက​နေ့​လျော်​​ကြေးပြန်​​ပေးလို့ဝမ်းသာပါတယ်​​။ နှောင့်​​နှေး​နေရတဲ့အတွက် ​ပြည်​သူ​တွေကို​တောင်းပန်​ပါတယ်​”လို့​ပြောပါတယ်​။

မြေသိမ်းစဉ်​က မတ်​ပဲခင်းတခုလုံးဆုံးရှုံပြီး ​မြေကိုအခြားနည်းနဲ့ပါသုံးစွဲခံရတဲ့ အင်​ဘက်​​တော​ကျေးရွာသား ဦးအောင်​ထူးက

“သိမ်းတုန်းကမတ်​ပဲခင်းကြီး​ပေါ့ ၁.၅၈ဧက​ပေါ့ အဲဒါကို​ထော့င်​ဖြတ်​ဖြတ်​​တော့ ဟိုဘက်​အစွန်းဒီဘက်​အစွန်းဘဲကျန်​တယ်​။ ကျန်​တာလည်း​မြေယူဖို့​တော့​ ဘေးကအကွက်​​တွေပါ​ မြေဆုတ်​သွားပြီး စားရခါနီးမှ ဘာမှမရ​တော့ဘူး က​လေးက၃​ယောက်​အကြီးက၁၀တန်း အငယ်​ဆုံးက၈တန်း မတ်​ပဲ ကိုအားထားတာမရ​တော့ အခြားက လယ်​​ကိုရောင်းပြီး ​ကျောင်းထားခဲ့ရတာ ။ အခုလယ်​မရှိ နွားမရှိဘဝ​ရောက်​တယ်​။ အခုအ​လျော်​ရတော့ အများအတိုင်း​လေ​ ကျောက်​စရစ်​ကုန်းယာကွက်​ကလည်းဒီ​ဈေး ကျ​နော့လို​မြေနု​မြေသား​ကောင်းတာကလည်း ၁ဧကသိန်း၂၀နုန်းနဲ့ ၂၃သိန်း၇သောင်းရတယ်​​လေ ။ ဆုံးသွားထက်​​တော့​တော်​​သေးဆို​ပေမဲ့​မြေယာလက်​မဲ့ဖြစ်​သွားရတာ​ပေါ့”လို့​ပြောပါတယ်​။

ရထားလမ်းဖေါက်တုန်းက ကံမမြို့နယ်​အတွင်းမှာ ရထားလမ်းမိုင်​၂၇မိုင်​အတွက်​​ ကျေးရွာအုပ်​စု​ပေါင်း ၁၃အုပ်​စု​တောင်​သူဦး​ရေ ၄၄၅ဦး လယ်​​ယာ​မြေ ၄၄၄.၁၃ဧကအတွက်​ ၇၇၇.၆၂သန်း​ပေး​လျော်​ရမှာ​ဖြစ်​ပါတယ်။ ဒီထဲကနေ  တောင်​သူခြင်း အငြင်းပွား​နေတဲ့ ကျေးရွာအုပ်​စု၂စု​ ​တောင်​သူ၆၅ဦး ၇၇.၉၄ဧက ၅၉၉.၃၄သန်းကိုတော့ ​​ခေတ္တ ဆိုင်းငံ့ထားတယ်​လို့ ကံမ အမှတ် ၁ တိုင်းဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ် ​ဦး​ဇော်​ဝင်းက ပြောပါတယ်။

#voiceofmyanmar#ကံမ#မြေယာလျော်ကြေး

 

 

Related posts

Leave a Comment

VOM News

FREE
VIEW