ကံမ ဖေဖေါ်ဝါရီ ၉-၂၀၁၉
ဂျန်ကိုးလ် (VOM)
၂၀၀၆ ခုနှစ်က ကြံခင်း ပခုက္ကူမီးရထားလမ်းဖောက်လုပ်ရာမှာ အဓမ္မသိမ်းဆည်းခံခဲ့ရတဲ့ မြေယာတွေအတွက်လျော်ကြေးငွေပေးအပ်ပွဲကို ကံမမြို့မြို့နယ်ခန်းမမှာ ဖေဖေါ်ဝါရီလ၉ရက် မနက်၁၀နာရီက ပေးအပ်ခဲ့ပါတယ်။
အဲဒီ ရထားလမ်းဖောက်လုပ်စဉ်က ကံမမြို့နယ်အတွင်း၂၇မိုင်ဖြတ်သန်းသွားတာဖြစ်ပြီး သိမ်းခံရတဲ့မြေ လယ်တဧကသိန်း၂၀နှုန်း ယာတဧက၁၅သိန်းနဲ့ အိမ်ခြံမြေ သိန်း၈၀နှုန်းနဲ့ ပေးလျော်တာလို့သိရပါတယ်
အရင် အသိမ်းခံရတုန်းက လယ်မြေ ယာမြေကိုင်းမြေတွေနဲ့ အခြားနည်း အသုံးပြုခံရတဲ့မြေယာ စုစုပေါင်းဧက ၈၁၀ ဟာ ဒေသခံတွေသဘောမတူပဲ သိမ်းဆည်းခံခဲ့ရပြီး စိုက်ပျိုးထားတဲ့သီးနှံတွေပါ ဆုံးရှုံးခဲ့တဲ့အကြောင်း ကံမမြို့မဲဆန္ဒနယ်အမှတ်၂တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်က
“ကျနော်ကတော့ကျေးဇူးတင်စကားမပြောတော့ပါဘူး ကျနော့သိမ်းဆည်းခံတောင်သူတွေမြေယာလျော်ကြေးရဘို့ကြံ့ကြာနေရတာကိုတောင်းပန်ချင်ပါတယ်။ ကျနော်တို့လုပ်မပေးနိုင်ခင်၂၀၁၂ ကကိုယ့်မြို့နယ်ကလုပ်မပေးလို့ အဲဒီတုန်းက တခြာမြို့ကလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုကိုလွှတ်တော်မှာကြယ်ပွင့်မပြမေးပေးဖို့ အကူညီတောင်းရတယ်။ အဲဒီမှာ လမ်းစရခဲ့ပါတယ်။ စိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံမှာ စိုက်ပျိုးမြေကို သိမ်းစဉ်အခါက ပေါင်းစပ်ညှိနှိုင်း အသိပေး အကြောင်းကြားခြင်းမရှိဘဲ သိမ်းခဲ့တဲ့မြေတွေ ဒီကနေ့လျော်ကြေးပြန်ပေးလို့ဝမ်းသာပါတယ်။ နှောင့်နှေးနေရတဲ့အတွက် ပြည်သူတွေကိုတောင်းပန်ပါတယ်”လို့ပြောပါတယ်။
မြေသိမ်းစဉ်က မတ်ပဲခင်းတခုလုံးဆုံးရှုံပြီး မြေကိုအခြားနည်းနဲ့ပါသုံးစွဲခံရတဲ့ အင်ဘက်တောကျေးရွာသား ဦးအောင်ထူးက
“သိမ်းတုန်းကမတ်ပဲခင်းကြီးပေါ့ ၁.၅၈ဧကပေါ့ အဲဒါကိုထော့င်ဖြတ်ဖြတ်တော့ ဟိုဘက်အစွန်းဒီဘက်အစွန်းဘဲကျန်တယ်။ ကျန်တာလည်းမြေယူဖို့တော့ ဘေးကအကွက်တွေပါ မြေဆုတ်သွားပြီး စားရခါနီးမှ ဘာမှမရတော့ဘူး ကလေးက၃ယောက်အကြီးက၁၀တန်း အငယ်ဆုံးက၈တန်း မတ်ပဲ ကိုအားထားတာမရတော့ အခြားက လယ်ကိုရောင်းပြီး ကျောင်းထားခဲ့ရတာ ။ အခုလယ်မရှိ နွားမရှိဘဝရောက်တယ်။ အခုအလျော်ရတော့ အများအတိုင်းလေ ကျောက်စရစ်ကုန်းယာကွက်ကလည်းဒီဈေး ကျနော့လိုမြေနုမြေသားကောင်းတာကလည်း ၁ဧကသိန်း၂၀နုန်းနဲ့ ၂၃သိန်း၇သောင်းရတယ်လေ ။ ဆုံးသွားထက်တော့တော်သေးဆိုပေမဲ့မြေယာလက်မဲ့ဖြစ်သွားရတာပေါ့”လို့ပြောပါတယ်။
ရထားလမ်းဖေါက်တုန်းက ကံမမြို့နယ်အတွင်းမှာ ရထားလမ်းမိုင်၂၇မိုင်အတွက် ကျေးရွာအုပ်စုပေါင်း ၁၃အုပ်စုတောင်သူဦးရေ ၄၄၅ဦး လယ်ယာမြေ ၄၄၄.၁၃ဧကအတွက် ၇၇၇.၆၂သန်းပေးလျော်ရမှာဖြစ်ပါတယ်။ ဒီထဲကနေ တောင်သူခြင်း အငြင်းပွားနေတဲ့ ကျေးရွာအုပ်စု၂စု တောင်သူ၆၅ဦး ၇၇.၉၄ဧက ၅၉၉.၃၄သန်းကိုတော့ ခေတ္တ ဆိုင်းငံ့ထားတယ်လို့ ကံမ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။
#voiceofmyanmar#ကံမ#မြေယာလျော်ကြေး