ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုကြောင့် လက်ကျင်းတူးသူ (၄)ဦးထက်မနည်း သေဆုံးနိုင်

ဖားကန့်၊ ဖေဖေါ်ဝါရီ ၁၀-၂၀၁၉

ဇော်မိုးထက်(ဖားကန့်)(VOM)

ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု စပေါ့ကျေးရွာအနီးမှာရှိတဲ့ သက်တမ်းကုန်လုပ်ကွက် ကမ်းပါးနံရံဟာ ဒီကနေ့ နေ့လည်၁နာရီကျော်လောက်မှာ ရုတ်တရက်ပြိုကျခဲ့တာကြောင့် လက်ကျင်းကျောက်စိမ်းတူးသူ လေးဦးထက်မနည်း သေဆုံးနိုင်တယ်လို့ မျက်မြင်တွေ့ရှိတဲ့ လက်ကျင်းတူးရေမဆေးသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ခြောက်ယောက်ခန့်သေဆုံးနိုင်တယ်လို့လဲ ပြောဆိုနေကြပါတယ်၊ သေဆုံးသူစာရင်းကိုတော့ အတိအကျသိရှိရခြင်းမရှိသေးပါဘူး၊ အခြားကုမ္မဏီတခုက TEREX အမျိုးအစား မြေစာသယ်ကားတစ်စီးပေါ်ကို လမ်းပေါ်မှာမောင်းနေရင်း ရုတ်တရက်ကမ်းပါးပြိုကျခဲ့လို့ မြေသယာဉ်ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်မောင်းကတော့ အသက်မသေပဲ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်”လို့ ကုမ္မဏီတာဝန်ခံကပြောပါတယ် ။

ကမ်းပါးပြိုကျမှုကြောင့် အနည်းဆုံးလေးယောက်လောက်တော့ သေဆုံးနိုင်တယ်လို့ ဆိပ်မူကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူးမိုင်ကလည်း ပြောပါတယ်။

#voiceofmyanmar#ဖားကန့်#ကျောက်စိမ်းလုပ်ကွက်ကမ်းပါးပြိုကျမှု(၄)ဦးထက်မနည်းသေဆုံးနိုင်#

 

Related posts

Leave a Comment

VOM News

FREE
VIEW