ပြည်မြို့ မီးလောင်မှု ဆိုင်ခန်းများနှင့် ဆိုင်ကယ်အသစ်များ ဆုံးရှုံး

ပြည် – ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉

လမင်း (VOM)

 

ပဲခူးတိုင်း၊ ပြည်မြို့ ပြည်သာယာရပ်ကွက် ၊ ပြည် – အောင်လံကားလမ်းဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်ကနေ စပြီးလောင်တဲ့မီးကြောင့် ဆိုင်ခန်း ၅ ခန်းအပါအဝင် ဆိုင်ကယ်အသစ်တွေ မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

 

ပြည်-အောင်လံ ကားလမ်းဘေးရှိ မောင်သိန်းပိုင်ဆိုင်တဲ့ ဆိုင်ကယ်ပြင်ဆိုင်ထဲမှာ  ပြင်ထားသည့်ဆိုင်ကယ်တစ်စီးကို သော့ဖွင့်ပြီးထားခဲ့တာကြောင့် ဘထ္ကရီအပူလွန်ကဲပြီး မီးလောင်မှု့ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။

မီးလောင်မှုကြောင့် ပြင်လက်စဆိုင်ကယ်တွေနဲ့ ဓါတ်ဆီ၊ အင်ဂျင်ဝိုင်ဘူးတွေကို ကူးဆက်လောင်ကျွမ်းရာကနေ ဘေးပတ်ဝန်းကျင်က ဆိုင်ခန်း ၄ ခန်းအပါအဝင် ဆိုင်ကယ်အရောင်းဆိုင် ၊ ဆိုင်ကယ်အသစ် ၃၇ စီးနှင့် ဖုန်းဆိုင် ၁ ဆိုင် တို့မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

 

အဲ့ဒီ မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးလောင်မှုဖြစ်စေတဲ့ ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင် မောင်သိန်းကို ပြည်မြို့နယ်၊ အမှတ် ၃ နယ်မြေရဲစခန်းမှာ (ပ)၁၆၂/၂၀၁၉ ၊ ပုဒ်မ ၂၈၅၊ မီးလောင်စေမှုနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW