ကျောက်တော်၊ ဖေဖော်ဝါရီ ၇-၂၀၁၉ ခိုင်လင်းစံ(VOM) ချင်းပြည်နယ် ပလက်ဝ မြို့နယ် ချင်းလက်ဝကနေပြီးတော့ ဒေသမတည်မငြိမ်ဖြစ်ပွားနေတဲ့အတွက် ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်မှာ လာရောက်ခိုလှုံဖို့အတွက် ရောက်ရှိလာခဲ့သူ ၂၅ ဦးတို့ကို အခုလ ၃ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး မတရားအသင်းဆက်သွယ်မှု ဥပဒေနဲ့အရေးယူဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ အဲဒီ ၂၅ ဦးတို့ကို သံသယနဲ့ဖမ်းဆီးစဉ်မှာပါဝင်သတစ်ဦးဖြစ်တဲ့ ဦးတက်တိုးကို အဲဒီနေ့ကလွတ်ပေးထားခဲ့ပေမယ့် မနေ့က စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် ပြန်လည်ခေါ်ယူတာကြောင့် ဒီကနေ့မနက်ပိုင်းမှာ မိသားစုတွေကနေ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ကို လာရောက်အပ်နှံမှုပြုလုပ်သွားဖို့ ရှိနေပါတယ်။ “ဖမ်းဆီးသွားတဲ့ ၂၅ ယောက်ကိုတော့ စစ်တွေမှာရဲစခန်းမှာ ချုပ်ထားပါတယ်။ အဲဒီ ၂၅ ယောက်ကိုဖမ်းတဲ့နေ့မှာပဲ တစ်ယောက်ကိုလွှတ်ပေးထားခဲ့ပါတယ်။ သူနဲ့မသက်ဆိုင်ဘူးဆိုပြီးတော့။ အဲဒါကို မနေ့ ရဲတပ်ဖွဲ့ကနေ စစ်ဆေးစရာတွေရှိတယ်ဆိုပြီး ပြန်ခေါ်တယ်။ အခုမိသားစုတွေ ရဲစခန်းကိုအပ်ဖို့သွားပါတယ်။”လို့ ကျောက်တော်ဒေသခံ ဦးဇော်ဝင်းကပြောပါတယ်။ အဲဒီဖမ်းဆီးခံထားရသူတွေဟာ ကျောက်တော်နဲ့ ချင်းလက်ဝဒေသတွေမှာ ကုန်သွယ်စီးပွားရေးလုပ်ကိုင်နေကြသူတွေ…
Read MoreMonth: February 2019
ရိုဟင်ဂျာတွေကို လက်ခံခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ စံပြခေါင်းဆောင်တစ်ဦးလို့ ဂျိုလီ ချီးကျူး
ဒါကာ၊ ဖေဖော်ဝါရီ-၇-၂၀၁၉ မျိုးဆက် (VOM) မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေအတွက် နယ်စပ်ကိုဖွင့်ပေးခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာစီနာဟာ စံပြခေါင်းဆောင် တစ်ဦးဖြစ်တယ်လို့ အမေရိကန် ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီက ချီးကျူးပြောဆိုလိုက်ပါတယ်။ ရှိဟာစီနာလို ခေါင်းဆောင်အများပြား ကမ္ဘာကြီးက လိုအပ်နေတယ်လို့လည်း ၎င်းကဆိုပါတယ်။ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီရဲ့ အထူးသံတမန်တစ်ဦးလည်းဖြစ်သူ ဂျိုလီဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကော့ဘဇားဒေသကို နှစ်ရက်ကြာသွားရောက်ပြီးနောက် ဖေဖော်ဝါရီ ၆ ရက်က ၀န်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို ခိုလှုံခွင့်ပေးခဲ့တဲ့အတွက်လည်း ဂျိုလီက ချီးကျူးပြောဆိုပြီး ၀န်ကြီးချုပ်ဟာ စံနမူနာယူစရာကောင်းတဲ့ ခေါင်းဆောင်တစ်ဦးလို့ ပြောဆိုခဲ့ကြောင်း ဟာစီနာရဲ့ မီဒီယာဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ အိုင်ဆန်နူကာရင်က သတင်းထောက်တွေကို ပြောပါတယ်။ ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းမစမီ ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိပြန်လာရေးနဲ့ လုံခြုံစိတ်ချရတဲ့ ၀န်းကျင်းမျိုး မြန်မာနိုင်ငံဘက် မဖြစ်မနေဖန်တီးပေးရမယ်လို့လည်း ဂျိုလီက ပြောဆိုခဲ့ပါတယ်။…
Read Moreစစ်ပွဲတွေကြောင့် ပိတ်မိနေပြီး ရိက္ခာပြတ်လပ်မှုဖြစ်နေတဲ့ ကျေးရွာပေါင်း ၁၀ရွာ ကျော်ရှိလာနေ
စစ်တွေ၊ ဖေဖော်ဝါရီ ၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက စစ်ပွဲဖြစ်ပွားမှုတွေကြောင့် ကျေးရွာတချို့တို့ဟာ ပိတ်မိနေပြီး ဆက်သွယ်သွားလာရေး အခက်အခဲနဲ့ကြုံတွေ့နေရတာကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုဖြစ်ပွားနေတဲ့ ကျေးရွာပေါင်း ၁၀ရွာ ကျော်အထိရှိလာနေ ပြီဖြစ်ပါတယ်။ အဲဒီကျေးရွာတွေအနေနဲ့ အခုလိုပိတ်မိနေတာဟာ နှစ်လနီးပါးအထိကြားမြင့်နေပြီဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသတွေ ဖြစ်တာကြောင့် ရိက္ခာသယ်ယူခွင့်နဲ့ ခရီးသွားလာခွင့်တွေကို မရရှိတာကြောင့်ဖြစ်ပါတယ်။ “ကျွန်တော်တို့ရွာသားတွေ ဘယ်မှသွားလာလို့မရဘဲ ပိတ်မိနေတာ အခုဆိုရင် နှစ်လလောက်ရှိလာနေပြီပေါ့နော်။ အလုပ်အကိုင်တွေလည်းမလုပ်ရဘူး။ ဒါကြောင့် စားရေးသောက်ရေးအခက်အခဲတွေရှိနေပါတယ်။ တော်တော်လေးကို ဒုက္ခရောက်နေကြပါတယ်။”လို့ ပိတ်မိကျေးရွာသားတစ်ဦးက ပြောပါတယ်။ အခုလိုမျိုးပိတ်မိနေတဲ့ကျေးရွာတွေကတော့ ကျောက်တော်မြို့နယ် ယိုးချောင်းအထက်ပိုင်းမှာ ကျေးရွာ ၅ ရွာ၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်ချောင်းအထက်ပိုင်းမှာ ကျေးရွာ ၃ ရွာအပြင် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာတွေအပြင် ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းအထက်ပိုင်းမှာရှိနေတဲ့ ကျေးရွာတွေမှာ ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။ “ရိက္ခာပြတ်နေတဲ့ကျေးရွာ အားလုံးက မြို့နယ်လေးမြို့နယ်အတွင်းမှာဆိုရင် ၁၀ ကျော်လောက်ရှိနိုင်ပါတယ်။ အခုအခြေအနေက…
Read Moreမတူပီက စစ်တပ်ရှေ့တွေ ညအချိန်ဖြတ်သန်းသွားလာခွင့်မရှိ
မတူပီ ဖေဖော်ဝါရီ ၇-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ် မတူပီမြို့ အထွက်ဖက်မှာ တည်ရှိတဲ့ တပ်မတော်တပ်ရင်း တွေရဲ့ ရှေ့ကနေ ညနေ ၇ နာရီ ကနေ မနက် ၅ နာရီ ကြား ကာလမှာ ဖြတ်သန်း မသွားဖို့ တပ်မတော်ဖက်ကနေ အမိန့်ထုတ်ကြေညာထားတယ် လို့ မတူပီမြို့ဒေသခံတွေကပြောပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှာ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ နဲ့ နေ့လယ်ချိန် ဖြတ်သန်းသွားလာတဲ့ အခါမှာလည်း တပ်ရင်းတွေ ရှေ့ရောက်ရင် ဖုန်းပြောတာတို့ ဓာတ်ပုံရိုက်တာတို့ စတဲ့အရာတွေ ကိုလည်း မပြုလုပ်ကြဖို့နဲ့ မြို့တွင်းမှာ တူမီး လေသေနတ်စတာတွေ ထမ်းပြီး မသွားလာကြဖို့ ၊ လူစိမ်းတွေ ၀င်ရောက်လာရင် ချက်ခြင်း အသိပေးဖို့ ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် မြို့နယ် အတွင်းမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ ကနေစပြီး ထုတ်ပြန်ထားတာ…
Read Moreဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီဖွဲ့တဲ့အပေါ် စောင့်ကြည့်ပြီး သင့်သလိုဆောင်ရွက်သွားမယ်လို့ အတိုက်အခံတွေဆို
နေပြည်တော် ဖေဖေါ်ဝါရီ ၆-၂၀၁၉ ဒီပ(နေပြည်တော် VOM) ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် ဦးအောင်ကြည်ညွှန့် တင်သွင်းခဲ့တဲ့ အဆိုပေါ်မှာတော့ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ၄၁၄မဲ ကန့်ကွက်မဲ၁၉၁မဲ ကြားနေမဲ၆မဲနဲ့ လွှတ်တော်က အဆိုကိုအတည်ပြုခဲ့ပါတယ်။ ဒီအပေါ်မှာတော့ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ကိုယ့်ဘက်ကိုယ် လိုတာပဲပြောနေကြပြီးတော့ သင်လျော်တဲ့နည်းလမ်းနဲ့ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့သလို ဗိုလ်မှုးချုပ်မောင်မောင်က ဒီအဆိုကို သဘောမတူခဲ့လို့ ကန့်ကွက်မဲပေးခဲ့တယ် အဆိုက အတည်ပြုပြီးသွားတဲ့အတွက် ကော်မတီဖွဲ့ခဲ့ရင် ဘယ်လိုအချိုးအစားနဲ့ ပါဝင်ရမယ်ဆိုတာ ပြောဖို့စောသေးပါတယ်လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ် ။ #voiceofmyanmar#ဖွဲ့စည်းပုံပြင်ဆင်ရေး
Read MoreRed Dot ကုမ္ပဏီအနေနဲ့ ဗဟိုဘဏ်မှာ လိုင်စင်တင်ထားတာမရှိ
ရန်ကုန် ဖေဖေါ်ဝါရီ၆-၂၀၁၉ TGH (VOM) အီလက်ထရွန်းနစ်ဖုန်းဘီလ်ဖြည့်သွင်းခြင်းဝန်ဆောင်မှုပေးတဲ့ Red Dot ကုမ္ပဏီအနေနဲ့ ဗဟိုဘဏ်မှာ လိုင်စင်လျှောက်ထားခဲ့တာမရှိသလို ခွင့်ပြုခဲ့တာလည်းမရှိတဲ့အတွက် သက်ဆိုင်မှုမရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောပါတယ်။ “သူတို့ ဘာအလုပ်လုပ်လဲ။ သူတို့နဲ့ ဆက်စပ်နေတဲ့ကုမ္ပဏီတွေက ဘာတွေလဲ။ ပင်နံပါတ်ထုတ်ပေးတာ ဘယ်သူတွေလဲ။ ကျွန်တော်တို့က ဒီဟာတွေပေါ်မှာ မဝေဖန်လိုပါဘူး။ စဉ်းစားကြည့်ပါ။ လက်ရှိ ဖြစ်ပွားနေတဲ့ Red dot ကိစ္စကတော့ ဗဟိုဘဏ်နဲ့ ဘာမှသက်ဆိုင်ခြင်းမရှိဘူး။ ဗဟိုဘဏ်ကလည်းခွင့်မပြုထားပါဘူး။ အဲဒီပင်နံပါတ်တွေက ဘယ်ကရလဲ။ သူတို့နဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကိုမေးကြည့်ရင် သိမှာပါ”လို့ ဆိုပါတယ်။ ထို့အတူပဲ Red Dot နဲ့ပူးပေါင်းကာ ဖုန်းဘီလ်ဖြည့်သွင်းခြင်းဝန်ဆောင်မှုကို လုပ်ကိုင်နေတဲ့ ကိုယ်စားလှယ်တချို့ကလည်း စားသုံးသူရေးရာဦးစီးဌာနကိုတိုင်ကြားမှုတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လည်း စားသုံးသူကာကွယ်ရေးဥပဒေဟာ စားသုံးသူကိုပဲကာကွယ်ပေးတာဖြစ်ပြီး ကုန်စည် ဒါမှမဟုတ် ၀န်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုအတွက်မဟုတ်ဘဲ…
Read Moreပြည်ဝင်ဗီဇာနဲ့မကိုက်ညီပဲ လုပ်ငန်းလုပ်ကိုင်တဲ့နိုင်ငံခြားသားတွေကို ဗီဇာစည်းကမ်းဖောက်ဖျက်မှုအရ ပြည်နှင်ဒဏ်ပေးပြီး အမည်မည်းစာရင်းသွင်းမယ်
ရန်ကုန် ဖေဖော်ဝါရီ ၆-၂၀၁၉ TGH (VOM) ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၈ ခုနှစ်၈လအတွင်း တရားမဝင်အထောက်အထားမဲ့ နေထိုင်ခြင်း ၊ဗီဇာရက် လွန်နေခြင်း၊ လူခိုးသွင်းခြင်း အပါအ၀င် နိုင်ငံခြားသားတွေနဲ့ပတ်သက်တဲ့ ပြစ်မှု ၊ပြစ်ဒဏ်ပေါင်း ၅၀ ကျော်ရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။ ဒီပြစ်မှုတွေထဲမှာ တရားမဝင်အထောက်အထားမဲ့နေထိုင်သူ ၊ လဝကအက်ဥပဒေ ၃(၁)/၁၃(၁)မှာ (၃၅)မှု၊ ဗီဇာစည်းကမ်း ဖောက်ဖျက်မှု၊ လဝက အက်ဥပဒေ ၄(၂)/၁၃(၁) မှာ (၁)မှု၊ ရောက်ရှိနေထိုင်ကြောင်း Form – C တိုင်ကြားရန်ပျက်ကွက်မှုင်း ၊ နမတ နည်းဥပဒေ ၁၄(၆)/နမတ အက်ဥပဒေ ၅(၁)မှာ (၁၀)မှုကို ၂၀၁၈ မေလကနေ ဒီဇင်ဘာလအတွင်းမှာ အရေးယူခဲ့တာဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဋ္ဌမပုံမှန်အစည်းအ ဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “တရားမဝင်အထောက်အထားမဲ့…
Read Moreကချင်ပြည်နယ်အစိုးရလုပ်တဲ့လုပ်ငန်းတွေမှာ သတ်မှတ်စည်းကမ်းနဲ့မညီတဲ့ လုပ်ငန်း ၂၁၃ ခု မှာ ကျပ်သန်း ၄သောင်းကျော်ဖိုးပမာဏရှိနေကြောင်း စာရင်းစစ်ချုပ်တွေ့ရှိ
မြစ်ကြီးနား ဖေဖေါ်ဝါရီ ၆-၂၀၁၉ မရမ်ဂျာထွယ်အောင် (VOM) သတ်မှတ်ထားတဲ့အချက် ၃ ချက်နဲ့ မညီတဲ့ ကိစ္စတွေကို မစစ်ဆေးနိုင်ခဲ့တာ ၂၁၃ ခုရှိပြီး တန်ဖိုးအားဖြင့် ကျပ်သန်း ၄သောင်းကျော်ရှိတယ်လို့ ကချင်ပြည်နယ်စာရင်းစစ်ချုပ်ကပြောပါတယ်။ တည်ဆောက်ရေး လုပ်ငန်းတွေကို စစ်ဆေးတဲ့အခါမှာ သက်ဆိုင်ရာတည်/ကော်ရဲ့ စီစစ်အတည်ပြုချက် ရထားပြီး လုပ်ငန်းတွေဖြစ်ရမယ်။ ရာနှုန်းပြည့်ပြီးနေရမယ် ။ စာချုပ်ထဲမှာပါတဲ့ ၂ ဦး နှစ်ဖက် တရားဝင်လွှဲပြောင်းအပ်နှံထားမှုဖြစ်ရမယ် ။ အဲ့ဒီလို့ပြည့်အဝ လုပ်ထားတဲ့ လုပ်ငန်းတွေကိုပဲ စာရင်းစစ်ရုံးက စစ်ခွင့်ရှိတယ်လို့ပြောပါတယ် ဒါကြောင့်စာရင်းစစ်ရုံးကအစီရင်ခံစာကို ဇန်နဝါရီလ၂၁ရက်နေ့က ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌကိုလိပ်မူပေးပို့ခဲ့တာပါ။ “အဲ့ဒီပိုပြီးနောက်ပိုင်းအပြောင်းအလဲတွေရှိသွားတယ် ဆလိုက်ရှိုးတွေကိုရှင်းပြတဲ့ခါမှာ ဘယ်လောက်ဘယ်လောက်တော့လျော့သွားပြီးဆိုပြီးတော့ပြောပါတယ်။ ၂၁၃ခုမှာဆိုရင်တော်တော်လျော့သွားပါပြီ၊။ဒါပေမဲ့မပြီးပြတ်သေးတာတွေ ကျန်သေးတယ် ။ ဥပမာအားဖြင့် အစိုးရအဖွဲ့ရုံးဘတ်ဂျတ်ကနေလုပ်တဲ့ဟာတွေဟာ ၁၄၂ခုဆိုပေမယ့် အခု၇၀လောက်ဘဲရှိတော့တယ်။ အချက်၃ချက်နဲ့မညီတာဘဲရှိတော့တာ အစီရင်ခံစာတွေကိုအချိန်မှီအောင်ပို့ရတာ စောင့်ဆိုင်းနေလို့မရဘူးလို့” ပြည်နယ်စာရင်းစစ်ချုပ် ဦးတင်လှိုင်က ဖေဖော်ဝါရီ လ၆ရက်နေ့မှာရှင်းပြခဲ့ပါတယ်။ တနိုင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက…
Read Moreပြေးရင်းလွှားရင်း စစ်ဘေးရှောင်ကျောင်းသား ၈၀၀ ကျော် စာမေးပွဲဖြေဆို
စစ်တွေ၊ ဖေဖော်ဝါရီ ၆-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြတဲ့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေမှာ စာမေးပွဲဖြေဆိုသူကျောင်းသူကျောင်းသားဦးရေ ၈၅၉ ယောက်ရှိနေပါတယ်။ အဲဒီ စစ်ဘေးရှောင်ကျောင်းသူကျောင်းသား ၈၅၉ ယောက်တို့ဟာ လက်ရှိခိုလှုံနေကြတဲ့ ကျောက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်တွေက စစ်ရှောင်စခန်းတွေရှိတဲ့ သက်ဆိုင်ရာအခြေခံပညာကျောင်းတွေမှာ ဖြေဆိုနေတာဖြစ်တယ်လို့ ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။ “စစ်ဘေးရှောင်ကလေးငယ် တွေကို အခုသူတို့နေထိုင်နေကြတဲ့ စခန်းတွေမှာပဲ စာမေးပွဲစစ်ဆေးနေပါတယ်။ ကျောင်းသားဦးရေကတော့ ၈၆၂ ယောက်မှာ ဆယ်တန်းပြင်ပဖြေဆိုမယ့်ကျောင်းသား သုံးယောက်က ရွာကိုပြန်သွားပါပြီ။ လက်ရှိစာမေးပွဲဖြေဆိုနေတာက ၈၅၉ ယောက်ရှိပါတယ်။”လို့ လက်ထောက်ပညာရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။ ဒါ့အပြင် အဲဒီကျောင်းသာားတွေကို ပညာရေးဌာနကနေ ပညာသင်ကြားမှုအဆက်မပြတ်စေရေးအတွက် ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ပညာသင်ကြားခွင့်ပေးထားခဲ့ပြီး အခုစာမေးပွဲကိုလည်း သက်ဆိုင်ရာကျောင်းတွေက ပြုလုပ်တဲ့မေးခွန်းတွေနဲ့ပဲ ဖြေဆိုနေကြတာဖြစ်ပါတယ်။ “ဒီကျောင်းသားတွေက သူတို့ရဲ့ရွာတွေကိုပြန်သွားဖို့အခက်အခဲတွေရှိတယ်။ နောက်ပြီးတော့ မူလကျောင်းရဲ့ တွဲထားတဲ့ကျောင်းတွေကနေ မေးခွန်းယူဖို့အဆင်ပြေရင် ယူပြီးတော့…
Read Moreကုလလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ဂျပန်နိုင်ငံဝင်ရောက်ရေး မြောက်ကိုရီးယားကန့်ကွက်
ပြုံးယမ်း၊ ဖေဖော်ဝါရီ-၆ မျိုးဆက် (VOM) ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် ဂျပန်နိုင်ငံက ၀င်ရောက်မယ့် အရေးကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန်ကန့်ခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၅ ရက်ကထုတ်ပြန်ပါတယ်။ ဇန်န၀ါရီ ၂၉ ရက်က နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ဂျပန်နိုင်ငံက လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် နေရာရယူရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက ကန့်ကွက်တယ်ဆိုတာကို ရှင်းလင်းတင်ပြခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ အတိတ်ကစစ်ရာဇ၀တ်မှုတွေအတွက် အပြစ်ကိုချေဖျက်တာမျိုး မရှိတဲ့ ဂျပန်နိုင်ငံကို လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်အဖြစ် ခွင့်မပြုသင့်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး ကင်ဆောင်က ပြောပါတယ်။ နိုင်ငံတကာ တရားမျှတမှုလုပ်ထုံးတွေနဲ့အတူ ဘက်မလိုက်အဖွဲ့နဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကိုယ်စားပြုအခွင့်အရေးတွေကို အာမခံတဲ့ မျှတတဲ့ ဒီမိုကရေစီဝါဒနဲ့အညီ လုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်သင့်တယ်လို့ ၎င်းကပြောပါတယ်။ လက်ရှိမှာတော့…
Read More