ကျောက်ဆည် ဖေဖော်ဝါရီ ၂၇ စောပြည့်ချမ်းသာ(VOM) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ သင်တောင်ကြီးကျေးရွာရှိ ဆုတောင်းပြည့် မဟာရွှေသိမ်တော် မြတ်စွာဘုရားသို့ ယခုရက်ပိုင်းမှာလာရောက် အဓိဋ္ဌာန်ပြုဆုတောင်းတာများလာတယ်လို့ မဟာရွှေသိမ်တော် မြတ်စွာဘုရားဂေါပက အဖွဲ့ကနေသိရပါတယ်။ ယခုရက်ပိုင်းမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုတော့မယ့် ကျောင်းသား၊ကျောင်းသူတွေ လာရောက် အဓိဋ္ဌာန်ပြုဆုတောင်းမှုဟာ အများဆုံးဖြစ်နေပါတယ်။ ‘ဆယ်တန်း စာမေးပွဲကို နှစ်ခြင်းပေါက် အောင်မြင်ဖို့နဲ့ အောင်မြင်တဲ့အခါမှာ ဂုဏ်ထူးတွေနဲ့ အမှတ်ကောင်းကောင်းရဖို့ ကန့်တော့ပွဲ ပေးပြီး ဆုတောင်းခဲ့ပါတယ် “ဟု ကျောက်ဆည်မြို့မှ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသားတစ်ဦးက ပြောပါတယ်။ လာရောက် သစ္စာအဓိဌာန်ဝင်တဲ့ သာသနာပွဲပေးသူတွေကို ဘုရားဂေါပကအဖွဲ့ကဆုတောင်းပေးမှုများပြုလုပ်ဆောင်ရွက်ပေးပြီး သာသနာပွဲများကို ညပိုင်းမှာဘုရားဂေါပက အဖွဲ့က ငှက်ပျောသုံးဖီးပါ ကန်တော့ပွဲ တပွဲကို ငွေကျပ် ၅၀၀ နဲ့ လေလံတင်ရောင်းချပြီး ဘုန်းတော်ကြီး ကျောင်းများနဲ့ပရဟိတ အသင်းများကို ပြန်လည်လှူဒါန်းပေးတယ်လို့…
Read MoreMonth: February 2019
ဒုံဟီးမြို့ အတွက် သောက်သုံးရေလုံလောက်စွာ ရရှိရေး လွှတ်တော်အတွင်းမေးခွန်းထုတ်
ဒုံဟီး ဖေဖော်ဝါရီ ၂၇-၂၀၁၉ မိုင်ချယ်ရီ (VOM) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့ပေါ်နေ ပြည်သူများ စိမ့်စမ်းရေမှ တဆင့် သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်ရေး နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ မေးခွန်းထုတ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် ဦးဝမ်းလှ က “လူသားတွေ အသက်ရှင်သန်ဖို့ ရေဟာ မရှိမဖြစ် အရေးကြီးဆုံးသော အရာဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဒုံဟီးမြို့ပေါ်မှာ ရှိတဲ့ ပြည်သူအများစုကတော့ ဒီနေ့အချိန်ထိ သောက်သုံးရေကို လက်ယက်တွင်းလေးတွေကပဲ ခပ်ယူကြပြီးတော့ ချွေတာပြီး အသုံးပြုကြရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြို့ရဲ့တစ်ဖက်တစ်ချက် မှာ ချောင်းမကြီး နှစ်ချောင်း ရှိပေမယ့် မြို့ရဲ့ တည်နေရာက အမြင့်ပိုင်းမှာ…
Read MoreLGBTဆိုတော့ ယောကျာင်္းတွေက တကယ်လက်ထပ်ဖို့ သတ္တိမရှိကြဘူးဆိုတဲ့ မထက်(PopSoul)
ရန်ကုန် ဖေဖော်ဝါရီ ၂၆-၂၀၁၉ သင်းသဒ္ဒါ(VOM) မိန်းကလေးအသွင်ပြောင်းလဲလိုက်တဲ့ ပရိသတ်အချစ်တော် ထက်ထက်(PopSoul) ကတော့ LGBT ဆိုတော့ယောက်ကျားတွေက တကယ်လက်ထပ်ပြီးတော့ ယူဖို့လောက်အထိ သတ္တိမရှိကြဘူးလို့ ဆိုပါတယ်။ “သူကတော့ မရဲ့ ဘ၀ကို ဦးဆောင်မှုတွေ လုပ်ပေးခဲ့တဲ့အတွက် အမှတ်တရပါပဲ။ မ ရည်းစားထားဘူး တဲ့ သက်တမ်းတလျှောက်မှာ ဦးဆောင်ပြီး လမ်းပြခဲ့တဲ့သူပေါ့။ မားမားမတ်မတ် ကိုယ့်ရှေ့က ရပ်တည်ပေးလို့ ကျေးဇူးများကြီး တင်ပါတယ်။ လိမ်ပြီး ရည်းစားထားတာတော့ မပါဘူးပေါ့လေ။ ဒီအခြေအနေ ရောက်လာတော့လည်း နားလည်မှုတွေနဲ့ ရှေ့ဆက်ကြတာပေါ့။ အချစ်ကိုတော့ မ မလွန်ဆန်နိုင်ပါဘူး။ ကိုယ့်တိုင်လည်း ချစ်ရတာကို ကြိုက်တယ်လေ။ LGBT ဆိုတော့ အမျိုးသားတစ်ယောက်က တကယ်လက်ထပ်ပြီးတော့ ယူဖို့လောက်အထိ သတ္တိမရှိကြဘူး။ ပတ်ဝန်းကျင်ရဲ့ ဒဏ်ကိုလည်း မခံနိုင်ဘူး။ ပတ်ဝန်းကျင်ရဲ့ ပြောဆိုဆက်ဆံမှုကို မတွန်းလှန်နိုင်ဘူးပေါ့။ လူဆိုတော့ ခံစားချက်တွေရှိတယ်လေ။…
Read Moreအိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ပါကစ္စတန်လေတပ်ပစ်ချ၊ လေယာဉ်မှူးတစ်ဦးကို ဖမ်းထား
ဒေလီ၊ ဖေဖော်ဝါရီ-၂၇-၂၀၁၉ မျိုးဆက် (VOM) ပါကစ္စတန်လေတပ်က အိန္ဒိယတိုက်လေယာဉ်နှစ်စင်းကို ဖေဖော်ဝါရီ ၂၇ ရက်က ပစ်ချလိုက်ပြီး လေယာဉ်မှူးတစ်ဦးကို ဖမ်းဆီးထားတယ်လို့ ပါကစ္စတန်ဘက်က အတည်ပြုလိုက်ပါတယ်။ အိန္ဒိယလေတပ်က တိုက်လေယာဉ်တစင်းက ပါကစ္စတန်ထိန်းချုပ်ထားတဲ့နယ်မြေထဲကို ပျက်ကျခဲ့ပြီး နောက်တစ်စင်းကတော့ အိန္ဒိယပိုင်နက်ထဲ ပျက်ကျသွားတယ်လို့ ပါကစ္စတန်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး အာဆစ်ဂါဖိုးက ပြောပါတယ်။ ကက်ရှ်မီးယားဒေသ ပါကစ္စတန်ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒေသရှိ စစ်သွေးကြွတွေကို အိန္ဒိယလေတပ်က စီးနှင်းတိုက်ခိုက်မှု ပြုလုပ်ပြီး တစ်ရက်အကြာမှာ ပါကစ္စတန် တိုက်လေယာဉ်သုံးစင်းက အိန္ဒိယလေပိုင်နက်အတွင်း ၀င်ရောက်ခဲ့ပြီး အိန္ဒိယတိုက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားတာတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ လေယာဉ်ပျက်တာကြောင့် လေယာဉ်မှူးနှစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ သေဆုံးသွားတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ ကက်ရှ်မီးယားဒေသ ဆာရီနာဂါရှိ ရှိတ်ယူအလန် နိုင်ငံတကာလေဆိပ်ကို အိန္ဒိယအာဏာပိုင်တွေက လက်ရှိမှာ ပိတ်ထားလိုက်ပါတယ်။ မွတ်ဆလင်အများစုနေထိုင်ကြရာ ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်တယ်လို့ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်နိုင်ငံလုံးက…
Read More၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးကို ဇီးကုန်းပြည်သူတွေထောက်ခံပွဲလုပ်
ဇီးကုန်း ဖေဖော်ဝါရီ ၂၇ -၂၀၁၉ လမင်း (VOM) ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့မှာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက် ၈ နာရီခန့်က ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကို ဇီးကုန်းမြို့နေ ပြည်သူလူထု ၃၀၀ ကျော်က ထောက်ခံကြိုဆိုကြောင်း လှုပ်ရှားမှုတစ်ခုကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ “နိုင်ငံတနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူလူထုအားလုံးရဲ့ သဘောဆန္ဒနဲ့အညီ ပါဝင်နိုင်တဲ့ အခြေခံဥပဒေ ဖြစ်ဖို့ လိုပါတယ်။ ပြည်သူလူထုရဲ့ အသက်သွေးကြော ပြည်သူလူထုရဲ့ အကျိုးစီးပွါး ပြည်သူလူထုရဲ့ အသက်အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အသက်တမျှ အရေးကြီးတယ်” လို့ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦး…
Read Moreဆင်နဲ့ တောရိုင်းတိရိစ္ဆာန်တွေကို ဝိုင်းဝန်းကာကွယ်ပေးဖို့လို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ TGH (VOM) တောဆင်ရိုင်းနဲ့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိရိစ္ဆာန်တွေကို သတ်ဖြတ်နေမှု အပါအ၀င် အစိတ်ပိုင်းတွေ တရားမ၀င်သယ်ဆောင်မှု၊ လက်ဝယ်ထားရှိ ရောင်းဝယ်ဖောက်ကားမှုတွေအပေါ် ပြစ်ဒဏ်တွေ တိုးမြှင့်သတ်မှတ်ထားတာကြောင့် ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းမှာ တောရိုင်းဆင်တွေ သတ်ဖြတ်ခံရမှု သိသိသာသာ လျော့ကျလာတယ်လို့ ရန်ကုန်တိုင်း သစ်တောဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောပါတယ်။ “ အရင်က ဥပဒေမှာက ထောင် ၇ နှစ်ထိချနိုင်တယ် ၊ ငွေဒဏ်လည်းသတ်မှတ်နိုင်တယ်ဆိုတာပါတယ်။ ခုဥပဒေအသစ်မှာက မဖြစ်မနေထောင်ဒဏ်ကျခံရမယ်ဆိုတာပါလာတယ်။ ဥပဒေဘက်ကနေ ခုလိုထိထိရောက်ရောက်တွေလုပ်ဆောင်တဲ့အလျောက် သူတို့ဘက်ကဘည်း လုပ်ဖို့အခွင့်အရေးလျော့လာတယ်။ နောက်ပြီး အစိတ်အပိုင်းတွေနဲ့လုပ်တဲ့ပစ္စည်းတွေလည်း ဈေးကွက်ကဆိုင်တွေမှာ တရာဝင်ရောင်းတာတွေမရှိတော့ဘူး။ မှောင်ခိုဈေးကွက်လည်းရောင်းကောင်းရောက် နိုင်ပါတယ်။ ဒါပေမယ့် ပြည်ပကို မထွက်ဖို့အတွက် ရေဆိပ် ၊ လေဆိပ် အဝေးပြေးဂိတ်တွေကနေ ပညာပေး တာတွေလုပ်တယ်။ လေဆိပ်ဆိုရင်လည်း အိတ်စ်ရေးဖြတ်ရင် အစိတ်ပိုင်းသယ်လာရင်…
Read Moreမြောက်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်အရေအတွက်တိုး
မြောက်ဦး၊ ဖေဖော်ဝါရီ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံကျေးရွာသားတွေ ထွက်ပြေးလာခဲ့ကြတာကြောင့် စစ်ဘေးရှောင်ဦးရေဟာ ပိုမိုများပြားလာနေပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တွေဟာ မြောက်ဦးမြို့နယ်မြောက်ပိုင်း ရမ်းချောင်းထဲမှာရှိနေတဲ့ ဆင်အိုး၊ နေပူခံ၊ ခူလိုင် စတဲ့ကျေးရွာတွေကဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ ၄၀၀ ကျော်အထိ ရှိနေပြီဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောပါတယ်။ “ပြီးခဲ့တနင်္ဂနွေနေ့အထိတော့ စစ်ဘေးရှောင်ဦးရေ ၄၀၀ ကျော်ထိရှိနေပြီဖြစ်ပါတယ်။ အခုလောက်ဆိုရင် ဒီထက်ပိုများပါပြီ။ ထပ်လာတဲ့သူတွေလည်း ရှိနေပါတယ်။ စစ်ပွဲတွေမဖြစ်တော့ပေမယ့် ပစ်ခတ်သံတွေကြားနေရတဲ့အတွက် ကြောက်ပြီးတော့ လာနေကြတာပါ” လို့ ဦးထွန်းသာစိန်က ပြောပါတယ်။ အခုလိုမျိုး စစ်ဘေးရှောင်တွေ များပြားလာနေတဲ့အတွက် ပြီးခဲ့တဲ့တစ်ပါတ်အတွင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း သုံးခုအထိ ဖွင့်လှစ်ပေးခဲ့ရကြောင်းနဲ့ မြောက်ဦးမြို့နယ်အတွင်းက အောက်သကန်၊ တိန်ညိုရွာသစ်နဲ့ စေတီတောင်ရွာ ဟောင် ကျေးရွာတွေမှာ ယာယီနေထိုင်နေကြတာ…
Read Moreကျောက်ဖြူထွေအုပ်ရုံးအတွင်း ပေါက်ကွဲမှုဖြစ်
ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၂၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့ အထွေထွေအုပ်ချုပ်ရေးရုံးခြုံဝင်းအတွင်း မနေ့ညနေ ၄ နာရီ ၄၀ ခန့်အချိန်က ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီဗုံးပေါက်ကွဲတဲ့နေရာမှာ ရုံးအဆောက်အဦးရဲ့ အနောက်ဘက်ခြုံနွယ်တွေကိုရှင်းလင်းပြီး အမှိုက်ပုံမီးရှို့ရာကနေ ပေါက်ကွဲခဲ့တာဖြစ်ပြီး သန့်ရှင်းရေးလုပ်နေကြသူတွေ ဒါဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ “ပေါက်တာက ထွေအုပ်ရုံးဝင်းအတွင်းမှာပေါက်တာပါ။ ထိခိုက်မှုတော့ရှိတယ်လို့သိရတယ်။ သန့်ရှင်းရေးလုပ်နေတဲ့ ဝန်ထမ်းတွေဒဏ်ရာရသွားတယ်လို့ပြောပါတယ်။ အဲ့ဒီလူတွေကိုတော့ အခုဆေးရုံမှာဆေးကုသပေးနေပါတယ်။”လို့ မြို့ခံတစ်ဦးကပြောပါတယ်။ အဲ့ဒီပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒါဏ်ရာရရှိသူ ၆ ဦးရှိခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်ထမ်း ၇ ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နှစ်ဦးမှာဒါဏ်ရာပြင်းထန်ကြောင်း ဒေသခံတွေကပြောပါတယ်။ “ပေါက်ကွဲတာက အသေးစားပေါက်ကွဲတာဖြစ်နိုင်ပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့နေရာကို သွားရောက်စစ်ဆေးမှုတွေပြုလုပ်တဲ့အခါမှာ ယမ်းနံ့မရရှိဘူး။ အမှိုက်ပုံအတွင်းမှာ ဂတ်စ်မီးခြစ် ဒါမှမဟုတ် ဂတ်စ်အိုးဟောင်းလို စွန့်ပစ်ပစ္စည်းတစ်ခုခု ပေါက်ကွဲတာဖြစ်နိုင်ပါတယ်။”လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ …
Read Moreပရိသတ် သဘောတူနေတဲ့ မင်းသမီးနဲ့ ရိုးရိုးခင်တာပါဆိုတဲ့ ဟိန်းဝေယံ
ရန်ကုန် ဖေဖော်ဝါရီ ၂၆-၂၀၁၉ သင်းသဒ္ဒါ (VOM) ပရိသတ်တွေ ချစ်ခင်မှုကို ရထားတဲ့ သရုပ်ဆောင် ဟိန်းဝေယံကတော့ ပရိသတ် သဘောတူနေတဲ့ မင်းသမီးနဲ့ ရိုးရိုးခင်တာပါလို့ဆိုပါတယ်။ “ပရိသတ်တွေက မင်းသမီးစိုးပြည့်သဇင်နဲ့က ကျွန်တော်တို့ နှစ်ယောက်အတွဲလိုက် အနုပညာ အလုပ်တွေ လုပ်ထားတာတွေရှိတယ်။ သူတို့က သဘောကျ နှစ်သက်ကြလို့ ထင်ပါတယ်။ အပြင်မှာလည်း သူ့နဲ့က ရင်းနှီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်တာလည်း ကြာပြီ၊ ကားတွေလည်း အများကြီး အစုံရိုက် ဖြစ်ကြတယ်။ အချစ်ကတော့လူတိုင်းအတွက် မရှိမဖြစ်အရာပါ “လို့ဆိုပါတယ်။ သူကတော့ လက်ရှိမှာ ဒါရိုက်တာ သားညီ က အချစ်ဒရာမာပုံစံ “ရင်ခွင်ရှင်းတမ်း” ဇာတ်လမ်းတွဲကို အုပ်သာကျော် ၊ ငြိမ်းသော် ၊ အေးဝတ်ရည်သောင်း ၊ သွန်းဆက် ၊ ဟန်လေး၊ ဟိန်းဝေယံ ၊…
Read Moreဖမ်းမိတဲ့ တောရိုင်းတိရိစ္ဆာန် အစိတ်အပိုင်းတွေကို မီးရှိုးဖျက်စီးတာဟာ နိုင်ငံတကာကျင့်ဝတ်နဲ့ညီ
ရန်ကုန် ဖေဖော်ဝါရီ ၂၆-၂၀၁၉ TGH (VOM) ဖမ်းဆီးရမိထားတဲ့ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနဲ့ တောရိုင်းတိရိစ္ဆာန်အစိတ်အပိုင်းတွေကို မီးရှိုးဖျက်စီးတာ နိုင်ငံတကာကျင့်ဝတ်နဲ့အညီ လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ သစ်တောဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောပါတယ်။ “အာဖရိကမှာလည်း တောဆင်ရိုင်းအစွယ်တွေ မိတဲ့အခါ မီးရှို့ဖျက်စီးတာတွေ့ဖူးမှာပါ။ အစွယ်ဖမ်းမိးထားတဲ့ဟာတွေ ကဒီလိုမှမဖျက်စီးရင်း မသမာသူတွေလက်ထဲရောက်သွားရင် ပိုပြီးတော့မဆိုးကုန်ဘူးလား။ ဒါကိုနှမြောစရာကြီး တန်ဖိုးကြီးတဲ့ဟာတွေကို လေလံတင်ရောင်းချပါလား နိုင်ငံဝင်ငွေရတာပေါ့ဆိုရင် ဒီအပေါ်မှာ တောဆင်ရိုင်းရဲ့ အစွယ်တွေကို တရားဝင်ဝယ်ကြတယ်။ တစ်ချောင်းလောက်ကိုတရားဝင်ဝယ်ပြီး ဒီလက်မှတ်လေးတစ်စောင်နဲ့ ကျန်တဲ့ ၂ချောင်းလောက်ကို အတုလုပ်ပွားနိုင်တယ်။ ဒီဟာတွေကို အသုံးပြုသူရှိရင် ထပ်သတ်ဖြတ်ခံရနိုင်ချေရှိနိုင်တယ်။ နိုင်ငံတကာရဲ့ကျင့်ဝတ်နဲ့အညီဆိုရင် ဒီလိုပဲမီးရှို့ဖျက်ဆီးရ တာဖြစ်ပါတယ်”လို့ ဦးသိန်းတိုးက ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆင်ပြတိုက်ဖွင့်လှစ်ခြင်းကိစ္စနဲ့ပတ်သက်တဲ့သတင်စားရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ ဆင်စွယ်အပါအ၀င် ဆင်အစိတ်အပိုင်းနဲ့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့တိရိစ္ဆာန်တွေရဲ့အစိတ် အပိုင်းတွေကို မီးရှို့ဖျက်စီးတဲ့လုပ်ရပ်ဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ကြောင်းနဲ့ အဖိုးတန်းပစ္စည်းတွေကို မီးရှို့ဖျက်စီးတာထက်…
Read More