ဖမ်းမိတဲ့ တောရိုင်းတိရိစ္ဆာန် အစိတ်အပိုင်းတွေကို  မီးရှိုးဖျက်စီးတာဟာ နိုင်ငံတကာကျင့်ဝတ်နဲ့ညီ

ရန်ကုန် ဖေဖော်ဝါရီ ၂၆-၂၀၁၉

TGH (VOM)

ဖမ်းဆီးရမိထားတဲ့ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနဲ့ တောရိုင်းတိရိစ္ဆာန်အစိတ်အပိုင်းတွေကို  မီးရှိုးဖျက်စီးတာ နိုင်ငံတကာကျင့်ဝတ်နဲ့အညီ လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ သစ်တောဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောပါတယ်။

“အာဖရိကမှာလည်း တောဆင်ရိုင်းအစွယ်တွေ မိတဲ့အခါ မီးရှို့ဖျက်စီးတာတွေ့ဖူးမှာပါ။ အစွယ်ဖမ်းမိးထားတဲ့ဟာတွေ ကဒီလိုမှမဖျက်စီးရင်း မသမာသူတွေလက်ထဲရောက်သွားရင် ပိုပြီးတော့မဆိုးကုန်ဘူးလား။ ဒါကိုနှမြောစရာကြီး တန်ဖိုးကြီးတဲ့ဟာတွေကို လေလံတင်ရောင်းချပါလား နိုင်ငံဝင်ငွေရတာပေါ့ဆိုရင် ဒီအပေါ်မှာ တောဆင်ရိုင်းရဲ့ အစွယ်တွေကို တရားဝင်ဝယ်ကြတယ်။  တစ်ချောင်းလောက်ကိုတရားဝင်ဝယ်ပြီး ဒီလက်မှတ်လေးတစ်စောင်နဲ့ ကျန်တဲ့ ၂ချောင်းလောက်ကို အတုလုပ်ပွားနိုင်တယ်။ ဒီဟာတွေကို အသုံးပြုသူရှိရင် ထပ်သတ်ဖြတ်ခံရနိုင်ချေရှိနိုင်တယ်။ နိုင်ငံတကာရဲ့ကျင့်ဝတ်နဲ့အညီဆိုရင် ဒီလိုပဲမီးရှို့ဖျက်ဆီးရ တာဖြစ်ပါတယ်”လို့ ဦးသိန်းတိုးက ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆင်ပြတိုက်ဖွင့်လှစ်ခြင်းကိစ္စနဲ့ပတ်သက်တဲ့သတင်စားရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဆင်စွယ်အပါအ၀င် ဆင်အစိတ်အပိုင်းနဲ့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့တိရိစ္ဆာန်တွေရဲ့အစိတ် အပိုင်းတွေကို မီးရှို့ဖျက်စီးတဲ့လုပ်ရပ်ဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ကြောင်းနဲ့ အဖိုးတန်းပစ္စည်းတွေကို မီးရှို့ဖျက်စီးတာထက် ကောင်းတဲ့ နည်းလမ်းမျိုးကို လုပ်ဆောင်သင့်တယ်လို့ ဝေဖန်မှုတွေအပေါ် မေးမြန်းရာ ထိုကဲ့သို့ပြန်လည်ဖြေကြား ခဲ့တာဖြစ်ပါတယ်။

နောက်ပြီး အများပြည်သူစိုးရိမ်သလို ဖမ်းဆီးရမိထားတဲ့ ဆင်စွယ်အပါအ၀င် အခြားအစိတ်အပိုင်းတွေအားလုံးကို မီးရှို့ဖျက်စီးတာမဟုတ်ဘဲ ပြတိုက်တွေမှာ ထိန်းသိမ်းပြသဖို့ ချန် ထားကြောင်းနဲ့ ကျန်တဲ့များပြားနေတာတွေကိုသာ နောက်ထပ်ပွားပြီး မဟုတ်တာ မလုပ်စေဖို့အတွက် မီးရှို့ ဖျက်စီးတာဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးတိရိစ္ဆာန်တွေနဲ့ အပင်တွေကို ထိန်းသိမ်းကာကွယ်မယ်ဆိုတဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ၊ မီးရှို့ဖျက်စီးခြင်းသည် လည်း နိုင်ငံတကာကျင့်ဝတ်နဲ့အညီဆောင်ရွက်ခြင်းသာဖြစ်တယ်လို့ပြောပါတယ်။

“တရားမ၀င်ကုန်သွယ်မှုတွေ ၊ အမဲလိုက်သတ်ဖြတ်မှုတွေကနေ ဖမ်းဆီးရမိတဲ့ ဆင်စွယ် ၊ ဆင်အစိတ် အပိုင်းတွေမျိုးသုဉ်းခါနီးသတ္တ၀ါတွေနဲ့ အခြားတိရိစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေကို ပြန်လည်ထုခွဲရောင်းချဖို့ပြုလုပ်လို့မရတဲ့အတွက် မီးရှို့ဖျက်ဆီးတာဖြစ်တယ်။ဒီလို အစိတ်အပိုင်းတွေ ကိုမီးရှို့တာကို မြင်ရတာ အလွန်နှမြောဖို့ကောင်းပါတယ်။ ဒီလိုနှမြောတတ်တာကလည်း သတ်လို့တရားမ၀င်ကူးသန်းရောင်းဝယ်နေလို့ ဖမ်းဆီးရမိမှ နှမြောတာထက် လက်ရှိရှင်သန်ကျက်စားနေတဲ့ သတ္တ၀ါတွေကို ဆက်လက် သတ်ဖြတ်ခံနရတာမျိုးမဖြစ်အောင်အသက် ရှင်နေတဲ့ သတ္တ၀ါတွေကို ပိုနှမြောပါတယ်။” လို့  သစ်တောဦးစီးဌာန ၊ သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးဌာနရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ဦးဝင်းနိုင်သော်ကဆိုပါတယ်။

ဒါကြောင့် လာမယ့် မတ်လ ၃ ရက်နေ့မှာ ကျရောက်မယ့်  ကမ္ဘာ့တောရိုင်းတိရိစ္ဆာန်များနေ့မှာ ယခင်နှစ်တွေကတည်းက ဖမ်းမိထားတဲ့ ဆင်စွယ် အချောင်း ၂၀၀ ကျော်အပါအ၀င် ဆင်အစိတ်အပိုင်း နဲ့ တောရိုင်းတိရိစ္ဆာန်အစိတ်အပိုင်းတွေကို မီးရှို့ဖျက်ဆီးသွားမှာဖြစ်ပါတယ်။

#voiceofmyanmar#ဆင်ပြတိုက်#ဆင်စွယ်#တောရိုင်းတိရိစ္ဆာန်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW