ပရိသတ် သဘောတူနေတဲ့ မင်းသမီးနဲ့  ရိုးရိုးခင်တာပါဆိုတဲ့ ဟိန်းဝေယံ

ရန်ကုန် ဖေဖော်ဝါရီ ၂၆-၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိသတ်တွေ ချစ်ခင်မှုကို ရထားတဲ့ သရုပ်ဆောင် ဟိန်းဝေယံကတော့ ပရိသတ် သဘောတူနေတဲ့ မင်းသမီးနဲ့ ရိုးရိုးခင်တာပါလို့ဆိုပါတယ်။   “ပရိသတ်တွေက မင်းသမီးစိုးပြည့်သဇင်နဲ့က ကျွန်တော်တို့ နှစ်ယောက်အတွဲလိုက် အနုပညာ အလုပ်တွေ လုပ်ထားတာတွေရှိတယ်။ သူတို့က သဘောကျ နှစ်သက်ကြလို့ ထင်ပါတယ်။ အပြင်မှာလည်း သူ့နဲ့က ရင်းနှီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်တာလည်း ကြာပြီ၊ ကားတွေလည်း အများကြီး  အစုံရိုက် ဖြစ်ကြတယ်။ အချစ်ကတော့လူတိုင်းအတွက် မရှိမဖြစ်အရာပါ “လို့ဆိုပါတယ်။   သူကတော့ လက်ရှိမှာ ဒါရိုက်တာ သားညီ က အချစ်ဒရာမာပုံစံ “ရင်ခွင်ရှင်းတမ်း” ဇာတ်လမ်းတွဲကို အုပ်သာကျော် ၊ ငြိမ်းသော် ၊ အေးဝတ်ရည်သောင်း ၊ သွန်းဆက် ၊ ဟန်လေး၊ ဟိန်းဝေယံ ၊…

Read More

ဖမ်းမိတဲ့ တောရိုင်းတိရိစ္ဆာန် အစိတ်အပိုင်းတွေကို  မီးရှိုးဖျက်စီးတာဟာ နိုင်ငံတကာကျင့်ဝတ်နဲ့ညီ

ရန်ကုန် ဖေဖော်ဝါရီ ၂၆-၂၀၁၉ TGH (VOM) ဖမ်းဆီးရမိထားတဲ့ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနဲ့ တောရိုင်းတိရိစ္ဆာန်အစိတ်အပိုင်းတွေကို  မီးရှိုးဖျက်စီးတာ နိုင်ငံတကာကျင့်ဝတ်နဲ့အညီ လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ သစ်တောဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောပါတယ်။ “အာဖရိကမှာလည်း တောဆင်ရိုင်းအစွယ်တွေ မိတဲ့အခါ မီးရှို့ဖျက်စီးတာတွေ့ဖူးမှာပါ။ အစွယ်ဖမ်းမိးထားတဲ့ဟာတွေ ကဒီလိုမှမဖျက်စီးရင်း မသမာသူတွေလက်ထဲရောက်သွားရင် ပိုပြီးတော့မဆိုးကုန်ဘူးလား။ ဒါကိုနှမြောစရာကြီး တန်ဖိုးကြီးတဲ့ဟာတွေကို လေလံတင်ရောင်းချပါလား နိုင်ငံဝင်ငွေရတာပေါ့ဆိုရင် ဒီအပေါ်မှာ တောဆင်ရိုင်းရဲ့ အစွယ်တွေကို တရားဝင်ဝယ်ကြတယ်။  တစ်ချောင်းလောက်ကိုတရားဝင်ဝယ်ပြီး ဒီလက်မှတ်လေးတစ်စောင်နဲ့ ကျန်တဲ့ ၂ချောင်းလောက်ကို အတုလုပ်ပွားနိုင်တယ်။ ဒီဟာတွေကို အသုံးပြုသူရှိရင် ထပ်သတ်ဖြတ်ခံရနိုင်ချေရှိနိုင်တယ်။ နိုင်ငံတကာရဲ့ကျင့်ဝတ်နဲ့အညီဆိုရင် ဒီလိုပဲမီးရှို့ဖျက်ဆီးရ တာဖြစ်ပါတယ်”လို့ ဦးသိန်းတိုးက ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဆင်ပြတိုက်ဖွင့်လှစ်ခြင်းကိစ္စနဲ့ပတ်သက်တဲ့သတင်စားရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။ ဆင်စွယ်အပါအ၀င် ဆင်အစိတ်အပိုင်းနဲ့ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့တိရိစ္ဆာန်တွေရဲ့အစိတ် အပိုင်းတွေကို မီးရှို့ဖျက်စီးတဲ့လုပ်ရပ်ဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ကြောင်းနဲ့ အဖိုးတန်းပစ္စည်းတွေကို မီးရှို့ဖျက်စီးတာထက်…

Read More

တမူးမြို့နယ် ဆရာစံရွာနားမှာ လက်ရှိဖေါက်နေတဲ့ ဆည်မြောင်းဘောင်ဟာ ဒေသတွက် အကျိုးမရှိနိုင်

တမူး ဖေဖော်ဝါရီ ၂၆-၂၀၁၉ သိန်းအုပ် (VOM)   စစ်ကိုင်းတိုင်း တမူးခရိုင်​ တမူးမြို့ နယ် ဆရာစံ​ကျေရွာအတွင်း တည်​​ဆောက်​​နေတဲ့​ဆည်ဟာ အမှန်​တကယ်လယ်​​ရေ ရရှိနိုင်​မှာ​မဟုတ်​​တဲ့အပြင် နေအိမ်တွေနဲ့မလွတ်ကင်းလို့်  ဒေသခံတွေက စိုးရိမ်နေကြပါတယ်။   လယ်​သမားတွေက  ယခင်​​နေ​ဟောင်းဖြစ်​တဲ့ ဆရာစံရွာအထက်​ပိုင်းမှာပဲ တည်ဆောက်ဖို့တင်ပြထားပေမယ့်ခုနေရာဟာ ရေမရနိုင်တဲ့အပြင် သွားလာရခက်ခဲနိုင်တယ်လို့ ဒေသခံတောင်သူ ဦးနေလင်းအောင် ပြောပြတာက   ”​ခုဆောက်​​နေတဲ့ဆည်​​နေရာက အနိမ့်​ပိုင်းဖြစ်​ပြီး အမှန်​တကယ်​​ရေရရှိနိုင်​မယ့် နေရာမဟုတ်​တဲ့အပြင်​ ရွာအတွင်းရှိ လူ​နေအိမ်​များနင့်​မလွတ်​ကင်းပဲ ဆည်​တူး​ဖော်​​နေ​လို့  က​လေးသူငယ်​တွေအတွက်လည်း စိတ်​မချရဘူး သွား​ရေးလာ​ရေး​နေထိုင်​​ရေးပါအဆင်​မ​ပြေပါဘူး”​ လို့ဆိုပါတယ်။   အခုဆည်တည်ဆောက်နေတဲ့နေရာဟာ ယခင်တောင်သူတွေ လျားထားတဲ့နေရာမဟုတ်ဘဲ (MT) ကုမ္ပဏီကနေ ဆရာစံရွာရဲ့ အရှေ့ဘက်ကျေးရွာအနီးမှာတည်ဆောက်ရေးလုပ်ငန်းတွေ စတင်နေတာကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့နေအိမ်တွေနား မြောင်းတူးဖော်နေတာတွေ  ရပ်တန့်ပေးဖို့နဲ့  ဆည်ကို မူလလျာထားတဲ့ နောင်ကမ်းရဲ့အထက်မှာပဲ တည်ဆောက်ပေးဖို့ တောင်သူ ၆၈ ဦးက ဆည်မြောင်းဝန်ကြီးဋ္ဌာနကို တောင်းဆိုထားတယ်လို့လည်း…

Read More

ပါကစ္စတန် လေပိုင်နက်ထဲဝင်ရောက်ပြီး စစ်သွေးကြွစခန်းကို အိန္ဒိယတိုက်လေယာဉ်တွေ ဗုံးကြဲ

ဒေလီ၊ ဖေဖော်ဝါရီ-၂၆-၂၀၁၉ မျိုးဆက် (VOM)   ပါကစ္စတန်နိုင်ငံက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသရှိ စစ်သွေးကြွ အကြမ်းဖက်တွေရဲ့ အဓိက စခန်းတစ်ခုကို အိန္ဒိယ တိုက်လေယာဉ် ၁၂ စင်းက ၀င်ရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အပြီးတိုင်ဖျက်ဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ စီးနှင်းမှုအပြီး နာရီအနည်းငယ်အကြာမှာ အိန္ဒိယတာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။   အဆိုပါ စီးနှင်းတိုက်ခိုက်မှုကို ဒေသစံတော်ချိန် နံနက် ၃ နာရီ ၃၀ မိနစ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက်သမားတွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာ ၁၀၀၀ ကီလိုဂရမ် ဗုံးတွေကြဲချခဲ့တယ်လို့ ဆိုပါတယ်။   ပါကစ္စတန်က ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာရှိတဲ့ ဘာလာကုတ်မှာ အိန္ဒိယတိုက်လေယာဉ်တွေက ဖေဖော်ဝါရီ ၂၆ ရက် အစောပိုင်းက ပါကစ္စတန်လေပိုင်နက်ထဲဝင်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပါကစ္စတန်စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး အာဆစ်ဂါဖိုးက ပြောပါတယ်။…

Read More

ဘုန်း​တော်​ကြီး​မောင်းနှင်​လာ​သော​ ရွှေစက်​​တော်​ဘုရားဖူးကားတိမ်း​မှောက်​ တစ်​ဦး​သေ

  ဖေ​ဖေါ်ဝါရီ၂၆ မင်းတုန်း ဂျန်ကိုးလ် ( VOM)   မ​ကွေးတိုင်း​ သရက်​ခရိုင်​ မင်းတုန်းမြို့နယ်​ ပုသိမ်​မုံရွာလမ်းမကြီး မိုင်​အမှတ်​၁၉၉/၄အနီးမှာ ဒီက​နေ့မနက်​၉နာရီခန့်​ကဘုန်း​တော်​ကြီးတစ်​ပါး​မောင်းနှင်​လာတဲ့ယာဉ်​အမှတ်​RLG 4—TOYOTA VOHY ခဲ​ရောင်​ဟာ ညာ​ဘက်​​နောက်​ဘီး​ပေါက်​ပြီး ယာဉ်​​ကြောတဘက်​မှာရှိတဲ့ လမ်း​ဘေးကျွန်းပင်​ကိုတိုက်​မိကာ တိမ်း​မှောက်​သွားပြီးဘုရားဖူးလိုက်​ပါလာတဲ့ ဒကာဖြစ်​သူ ဦးသန်း​အောင်​ဟာ နေရာမှာပွဲခြင်းပြီး​သေဆုံးခဲ့ပါတယ်။   သူတို့ဟာပဲခူးတိုင်း အ​နောက်​ခြမ်း​ရွှေ​တောင်​မြို့နယ်​ထဲကဖြစ်​ပြီး ယာဉ်​​မောင်း သက်တော်၆၀ ဝါတော် ၄၁ ဝါဆရာတော်အပါအဝင် ​စုစု​ပေါင်း ၁၀ဦးလိုက်​ပါလာကြတယ်​လို့သိရပြီး​ သေဆုံးသူရဲ့ဇနီးနဲ့​နောက်​၂ဦးက စိုးရိမ်​ရတဲ့ အခြေအ​နေရှိတယ်​လို့ ယာဉ်​တိမ်း​မှောက်​ရာ​နေရာမှာကူညီ​နေတဲ့ ရဲအရာရှိတဦးက​ပြောပါတယ်​။   ဖြစ်​စဉ်​ကိုမြင်​လိုက်​ရတဲ့​ဒေါ်နု​မော်​က” ​ဝေါကနဲကြားလိုက်​ရပြီး ဖုန်​​တွေမည်း​မှောင်​သွားပြီး ဂျိမ်းဆိုသစ်​ပင်​ကိုတိုက်​ပြီးငြိမ်​သွားတယ်​ ကျမလဲဘုရားဖူးကား​တွေကို​ အော်​ဟစ်​အကူညီ​တောင်းတယ်​တစ်​စီးမှမရပ်​ကြဘူး အ​ရေးကြီးလို့ပါဆိုပြီး​မောင်းသွားကျတယ်​။ အနီးအနား​အော်​ဟစ်​​တော့လဲ ဘယ်​သူမှမလာနိုင်​ကြဘူး ဒီအနားမှာက ကျမတစ်​အိမ်​ထဲရှိတာ”လို့​ပြောပါတယ်​။   ​ပုသိမ်​မုံရွာလမ်းမကြီး မင်းတုန်းလမ်းပိုင်းမှာ ဘုရားဖူးကားများဟာ နှစ်​စဉ်​တိမ်း​မှောက်​တတ်​တယ်လို့ ဒေသခံတွေကပြောပါတယ်။   ‘…

Read More

တစ်ကိုယ်တော် အခွေထွက်တော့မယ့် သျှီ

ရန်ကုန် ဖေဖော်ဝါရီ ၂၆ – ၂၀၁၉   သင်းသဒ္ဒါ (VOM)   ရော့ခ်ဂီတနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့  အဆိုတော် သျှီကတော့ ပထမအခွေနဲ့ ၈နှစ်ကျော်ကြာမှ တစ်ကိုယ်တော်အခွေထွက်တော့မယ်လို့ သိရပါတယ်။   ”အစ်မ အခွေလုပ်နေတာ လုံးဝ အခွေက အဆုံးသတ်နေပြီ။ ဒါပေမယ့် ဘယ်တော့ထွက်မယ်ဆိုတာသာ အတိအကျမပြောနိုင်သေးတာလေ။ ခေတ်ကလည်း ပြောင်းသွားသလို ထုတ်ရတဲ့ပုံစံကလည်း ပြောင်းသွားတယ်ဆိုတော့ ဒါကြီးကို ကိုယ်က သေသေချာချာ သပ်သပ်ရပ်ရပ်လေး နှစ်ပေါင်းများစွာ လုပ်လာတဲ့အခွေလေ ၊ ပြီးတော့ မှ ထွက်ကာနီးမှ ဗရမ်းဗတာ ဖြစ်သွားမှာစိုးလို့လေ။ အဓိကတော့ အခွေကိုနားထောင်စွဲ သူတွေလက်ထဲလည်းရောက်ချ  အသက်ရပ်ဆုံးနဲ့ အကောင်းမွန်ဆုံး ရောက်စေချင်တယ်။ အဲ့ဒါလေးကိုလုပ်နေတာဖြစ်တဲ့အတွက် ဒီနှစ်ထဲတော့ ထွက်မယ်၊ ရက်တွေလတွေတော့ သတ်မှတ်လို့မရသေးဘူး”လို့ဆိုပါတယ်။   သူမကတော့ ၂၀၁၀ ခုနှစ်က  ဂန္ဓဝင်စကားဆိုတဲ့ အခွေကိုထွက်ခဲ့ပြီးတော့…

Read More

ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌကို နှုတ်ထွက်ခိုင်းတဲ့ကိစ္စ အကြောင်းရင်းမှန်ရှင်းပြဖို့ မင်းတပ်မဲဆန္ဒရှင်များ တောင်းဆို

မင်းတပ် ဖေဖော်ဝါရီ ၂၆-၂၀၁၉ မိုင်ချယ်ရီ (VOM) ချင်းပြည်နယ်လွှတ်တော်မှာ ဒုဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ မင်းတပ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) က  ပြည်နယ် လွှတ်တော်ကိုယ်စာလှယ် ဦးအောင်သန်းကို ရာထူးကနေ နှုတ်ထွက်ပေးဖို့ ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ အကြောင်းကြားစာ ပေးပို့ ခဲ့ပါတယ်။ ဘာကြောင့် ဒီလို လုပ်ရတယ်ဆိုတာကို သိခွင့်ရဖို့ မင်းတပ်မြို့ မဲဆန္ဒရှင်ပြည်သူတွေကိုယ်စား  ၁၀ ဦးက လက်မှတ်ထိုးပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆီကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စာတင်တောင်းဆိုလိုက်ပါတယ်။ “ဒီကိစ္စ ဘာဖြစ်လို့ သူ့ကို ဖိအားပေးချင်း ခံရတာလဲ ဆိုတဲ့ဟာက မဲဆန္ဒရှင်တွေ အနေနဲ့ သိခွင့်ရှိတယ်။ ပြည်သူလူထုက သူ့ကို ယုံကြည်လို့ မဲပေးထားတာ။ အခုက ဘာဖြစ်လို့ နားခိုင်းလဲ ဆိုတာ မရှင်ဘူး။ အဂတိလိုက်စားမှုရှိလို့လား ဒါမှမဟုတ် တာဝန်လစ်ဟင်းမှု ရှိလို့လား ဒါမှမဟုတ် လုပ်ထုံးလုပ်နည်းကို ကျော်လွန်ပြီး…

Read More

မန္တ​လေး ၁၃၀၀ပြည့်​ အ​ရေး​တော်​ပုံ နှစ်​(၈၀)​မြောက်​ အခမ်းအနားကျင်းပ

မန္တ​လေး၊ ​ဖေ​ဖေါ်ဝါရီ ၂၆-၂၀၁၉ ဟိန်းကို(VOM) မန္တ​လေးမြို့မှာ ၁၉၃၈-၁၉၃၉ခုနှစ်​ကာလက ဖြစ်​ပွားခဲ့​သော ၁၃၀၀ပြည့်​အ​ရေး​တော်​ပုံအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်​(၁၇)ဦးကို ရည်းစူပြီး နှစ်​(၈၀)ပြည့်​အထိမ်းအမှတ်​ အခမ်းအနားကို ဒီကနေ့ မနက်က မန္တ​လေး ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ အာဇာနည် ၁၇ ဦး ​ဗိမာန်​မှာ ကျင်းပပြုလုပ်​ခဲ့ပါတယ်။ ဟိန်းကို ရိုက်ကူးတင်ပြထားပါတယ်။   #voiceofmyanmar#အာဇာနည်၁၇ဦး# ၁၃၀၀ပြည့်အရေးတော်ပုံ

Read More
VOM News

FREE
VIEW