ပရိသတ် သဘောတူနေတဲ့ မင်းသမီးနဲ့  ရိုးရိုးခင်တာပါဆိုတဲ့ ဟိန်းဝေယံ

ရန်ကုန် ဖေဖော်ဝါရီ ၂၆-၂၀၁၉

သင်းသဒ္ဒါ (VOM)

 

ပရိသတ်တွေ ချစ်ခင်မှုကို ရထားတဲ့ သရုပ်ဆောင် ဟိန်းဝေယံကတော့ ပရိသတ် သဘောတူနေတဲ့ မင်းသမီးနဲ့ ရိုးရိုးခင်တာပါလို့ဆိုပါတယ်။

 

“ပရိသတ်တွေက မင်းသမီးစိုးပြည့်သဇင်နဲ့က ကျွန်တော်တို့ နှစ်ယောက်အတွဲလိုက် အနုပညာ အလုပ်တွေ လုပ်ထားတာတွေရှိတယ်။ သူတို့က သဘောကျ နှစ်သက်ကြလို့ ထင်ပါတယ်။ အပြင်မှာလည်း သူ့နဲ့က ရင်းနှီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ခင်တာလည်း ကြာပြီ၊ ကားတွေလည်း အများကြီး  အစုံရိုက် ဖြစ်ကြတယ်။ အချစ်ကတော့လူတိုင်းအတွက် မရှိမဖြစ်အရာပါ “လို့ဆိုပါတယ်။

 

သူကတော့ လက်ရှိမှာ ဒါရိုက်တာ သားညီ က အချစ်ဒရာမာပုံစံ “ရင်ခွင်ရှင်းတမ်း” ဇာတ်လမ်းတွဲကို အုပ်သာကျော် ၊ ငြိမ်းသော် ၊ အေးဝတ်ရည်သောင်း ၊ သွန်းဆက် ၊ ဟန်လေး၊ ဟိန်းဝေယံ ၊ သီရိစိုး စတဲ့ အနု ပညာရှင်ရှင်နဲ့ ရိုက်ကူးခဲ့သလို ပွဲတက်ဖိတ်ကြားမှုတွေကို လက်ခံပြီးတော့ တက်ရောက်နေတယ်လို့ သိရပါ တယ်။

 

အချစ်အပေါ်အမြင်ပတ်သက်ပြီး “လူတိုင်းကတော့ ချစ်တတ်ဖို့တော့ လိုပါတယ်။ မချစ်တတ် လိုရှိရင်တော့ အချစ်ကြောင့် ဒုက္ခရောက်တာတွေ စိတ်ညစ်ရတာတွေလည်း ကြုံနိုင်ပါတယ်။ အသည်းကွဲ တာမျိုးတွေ လည်း ရှိပါတယ်။ တကယ့် အချစ်သီးသန့်ကတော့ ပျော်စရာကောင်းမယ်။ စိတ်ချမ်းသာစရာကောင်းမယ်။ ဖြည့်ဆည်းပေးတာမျိုးတွေလည်း ရှိပါတယ်။ ကောင်းတဲ့ အပေါ်မူတည်သွားကြတယ်ပေါ့။ ကိုယ့်ရဲ့ အတ္တနဲ့ရော လိုက်ရင်တော့ အချစ်ဆိုတာက မဖြစ်သင့်တာတွေဖြစ်ကြတယ်။ အချစ်ဆိုတာ မကောင်းအရာ မဟုတ်ဘူးလို့ ထင်ပါတယ်” လို့ဆိုပါတယ်။

 

လောလောဆယ်မှာတော့ ကိုယ့်ရင်ခုန်သူရှိရင်တော့ ရင်ခုန်မယ်။ ကိုယ့်ချစ်တဲ့သူတွေ့ရင် တော့ ချစ်မိမှာပါပဲ။ ကျွန်တော့်အနေနဲ့ကတော့ အချစ်ကို သက်သက်မဲ့ကြီး ရှောင်ဖယ် နေတာမျိုးမဟုတ်ပါဘူး၊ ထပ်တူကျ တဲ့သူမတွေ့သေးတာပါ။ ကိုယ်တိုင်ခံယူထားတဲ့ အချစ်က – ထားထက်က ဖူးစာဆိုတာကို တော့ ယုံတယ်။ ဖူးစာပါမှ ဒီလူနဲ့ကိုယ် က ဆုံရမှာဆိုတော့လေ။ဒီလူတစ်ယောက်ကို ရကိုရ ရမှ မဟုတ်ပါဘူး။ ဖူးစာပါ လို့ ရတော့လည်း ယူလိုက်ပေါ့။ ဖူးစာ မပါလို့ မပေါင်းရတော့လည်းပေးဆပ် ပြီးပဲ ချစ်လိုက်တာပေါ့။ရတာ မရတာ ထက် အဓိက ချစ်နေဖို့ပါပဲလို့ သိရပါတယ်။

 

ဓာတ်ပုံ-သင်းသဒ္ဒါ

 

#voiceofmyanmar#ဟိန်းဝေယံ#စိုးပြည့်သဇင်

Related posts

Leave a Comment

VOM News

FREE
VIEW