ဖေဖေါ်ဝါရီ၂၆ မင်းတုန်း
ဂျန်ကိုးလ် ( VOM)
မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ပုသိမ်မုံရွာလမ်းမကြီး မိုင်အမှတ်၁၉၉/၄အနီးမှာ ဒီကနေ့မနက်၉နာရီခန့်ကဘုန်းတော်ကြီးတစ်ပါးမောင်းနှင်လာတဲ့ယာဉ်အမှတ်RLG 4—TOYOTA VOHY ခဲရောင်ဟာ ညာဘက်နောက်ဘီးပေါက်ပြီး ယာဉ်ကြောတဘက်မှာရှိတဲ့ လမ်းဘေးကျွန်းပင်ကိုတိုက်မိကာ တိမ်းမှောက်သွားပြီးဘုရားဖူးလိုက်ပါလာတဲ့ ဒကာဖြစ်သူ ဦးသန်းအောင်ဟာ နေရာမှာပွဲခြင်းပြီးသေဆုံးခဲ့ပါတယ်။
သူတို့ဟာပဲခူးတိုင်း အနောက်ခြမ်းရွှေတောင်မြို့နယ်ထဲကဖြစ်ပြီး ယာဉ်မောင်း သက်တော်၆၀ ဝါတော် ၄၁ ဝါဆရာတော်အပါအဝင် စုစုပေါင်း ၁၀ဦးလိုက်ပါလာကြတယ်လို့သိရပြီး သေဆုံးသူရဲ့ဇနီးနဲ့နောက်၂ဦးက စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ယာဉ်တိမ်းမှောက်ရာနေရာမှာကူညီနေတဲ့ ရဲအရာရှိတဦးကပြောပါတယ်။
ဖြစ်စဉ်ကိုမြင်လိုက်ရတဲ့ဒေါ်နုမော်က” ဝေါကနဲကြားလိုက်ရပြီး ဖုန်တွေမည်းမှောင်သွားပြီး ဂျိမ်းဆိုသစ်ပင်ကိုတိုက်ပြီးငြိမ်သွားတယ် ကျမလဲဘုရားဖူးကားတွေကို အော်ဟစ်အကူညီတောင်းတယ်တစ်စီးမှမရပ်ကြဘူး အရေးကြီးလို့ပါဆိုပြီးမောင်းသွားကျတယ်။ အနီးအနားအော်ဟစ်တော့လဲ ဘယ်သူမှမလာနိုင်ကြဘူး ဒီအနားမှာက ကျမတစ်အိမ်ထဲရှိတာ”လို့ပြောပါတယ်။
ပုသိမ်မုံရွာလမ်းမကြီး မင်းတုန်းလမ်းပိုင်းမှာ ဘုရားဖူးကားများဟာ နှစ်စဉ်တိမ်းမှောက်တတ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
‘ မင်းတုန်းလမ်းပိုင်းက အဆိုးဆုံး ဒါတောင်မြေသားတွေချဲ့နေလို့ အတော်လေးကောင်းတာ ပြီးတော့ လမ်းအလိမ်အကောက်တွေပေါတယ် ချိုင်းဝှမ်းလျိုမြောင်ထူထပ်တဲ့လမ်းပိုင်း အိပ်ငိုက်ချင်တယ် အများသေနဲ့ အနည်းသေပဲကွာတယ် နှစ်တိုင်းဖြစ်တယ် မနှစ်ကအခုနေရာရဲ့အောက်ဘက်နား၂ယောက်သေတယ် အခုတစ်ယောက်”လို့ စပါးတန်းကျေးရွာနေဦးလှမင်းကပြောပြပါတယ်။
အမှု့ကို မင်းတုန်းမြို့နယ် ရဲစခန်းကအမှု့ဖွင့်နိုင်ဖို့ ယာဉ်မောင်းလားတဲ့ ဆရာတော်ကို အရေးယူဖို့ ရဲလုပ်ငန်းတွေဆောင်ရွက်နေဆဲဘဲလို့သိရပါတယ်။ ယခုရာသီဟာ ရွှေစက်တော်ဘုရားဖူးလာကြတဲ့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးကားတွေဟာ နေ့ညမစဲ အသွားအလာများနေတဲ့ ရက်တွေဖြစ်ပါတယ်။
#voiceofmyanmar#ရွှေစက်တော်#ကားမှောက်