ပထမအကြိမ် ကျပ်သိန်းတစ်သောင်းခွဲထီဆုကြီးကို ပညာရေး အဓိကပရဟိတလုပ်ဆောင်နေတဲ့ အေးမေတ္တာစံ  ပရဟိတကျောင်းဆရာတော် ဆွတ်ခူး

ရန်ကုန် မတ် ၁၊ ၂၀၁၉

TGH(vom)

 

မတ်လ တစ်ရက်နေ့မှာ စတင်ဖွင့်လှစ်တဲ့ အောင်ဘာလေ သိန်းတစ်သောင်းခွဲထီဆုကို နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဆင်ဖြူရှင်ရပ်ကွက်မှာရှိတဲ့ တောင်နီလေးကျောင်းတိုက်၊ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှ ဆရာတော် ဦးစန္ဒိမာက ဆွတ်ခူးသွားတယ်လို့ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှ ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းမော်က ပြောပြပါတယ်။

 

“မနက် ၉ နာရီလောက်က ထီသမားက  ပေါက်တယ်လို့ လာပြောလို့ အမတို့လိုင်းပေါ်တင်လိုက်တယ်။ ဘုန်းဘုန်းကတော့ ပရဟိတလုပ်ငန်းကို ဒီထက်ပိုပြီး တော့ အောင်မြင်အောင် လုပ်ဆောင်နိုင်သွားတာပေါ့။ နေပြည်တော်က ဒီနားပတ်ဝန်းကျင်မှာပဲထိုးတာပါ။ အမတို့လည်း ပြောမပြတတ်အောင် ဝမ်းသာတာပေါ့” လို့ ဒေါ်ဝင်းဝင်းမော်က VOM ကို ပြောပါတယ်။

 

အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းဟာ လက်ရှိမှာ မိမဲ့ ဖမဲ့ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို ပညာရေးအဓိက ပရဟိတလုပ်နေတာဖြစ်ပြီး ယနေ့အထိ ကျောင်းသားလူငယ် အရေအတွက် ၄၂၃ ယောက် ရှိနေပြီလို့ပြောပါတယ်။ ဒီထဲမှာ တက္ကသိုလ်ထိ သင်ကြားပေးနေတာရှိသလို လုပ်ငန်းခွင်ကို ဝင်ရောက်လုပ်ကိုင်နေတဲ့ သူတွေလည်း ရှိနေပြီလို့ ပြောပါတယ်။

 

အားလုံးက တောင်ပေါ်ဒေသက ဖြစ်ကြောင်းနဲ့ ရေရှည်အနာဂတ်မှာလည်း ကလေးတွေ ပညာရေးအတွက်အဓိက အထောက်အပံ့ပေးပြီး ဘဝကိုရပ်တည်နိုင်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

“ထီဆိုင်​နာမည်​က ကိုဝတုတ်​ထီဆိုင်​ပါ။ ပုဗ္ဗသီရိမြို့နယ်​ ကျည်​​တောင်​ကန်​မှာဖွင့်​ထားတာပါ။ ဆရာ​တော်​​ပေါက်​တဲ့ထီလက်​မှတ်​က ဒီ​နေ့မနက်​ခင်း ၀၇း၂၀ ​လောက်​က ထိုးသွားတာပါ။ ထီလက်​ကျန်​ရွက်​​ရေ ၁၀၀၀ ​ပေါ့။ ဆယ်​သိန်းကို ဆရာ​တော်​ကို ကျွန်​​တော်​က ငါးသိန်းနဲ့​ရောင်းလိုတာဗျအဲ။ ဒီထဲက​ပေါတာ” လို့ ထီဆိုင်ပိုင်ရှင် ကို​ဇော်​သက်​ ​ခေါ် ကိုဝတုတ်​က ​ပြောပြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW