အာရှမှာ ပေးကမ်းမှုအရက်ရောဆုံး မြန်မာနိုင်ငံ အဆင့် ၃

လန်ဒန်၊ မတ်-၃-၂၀၁၉ မျိုးဆက် (VOM)   အာရှတိုက်မှာရှိတဲ့ ပေးကမ်းမှုအရက်ရောဆုံးနိုင်ငံတွေထဲမှာ  မြန်မာနိုင်ငံက အဆင့် ၃ နေရာ ရပ်တည်နေတယ်လို့ ဗြိတိန်အခြေစိုက် Charities Aid Foundation ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။   Charities Aid Foundation ရဲ့ ကိုးကြိမ်မြောက် ထုတ်ပြန်တဲ့ ပေးကမ်းမှုအရက်ရောဆုံး အဆင့်သတ်မှတ်ချက်ကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ နိုင်ငံပေါင်း ၁၄၆ နိုင်ငံမှာ စစ်တမ်းကောက်ယူထားတဲ့ စစ်တမ်းကို အခြေခံပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။   မြန်မာနိုင်ငံရဲ့အထက် ဒုတိယနေရာမှာတော့ စင်ကာပူနိုင်ငံက ရပ်တည်နေပြီး အင်ဒိုနီးရှားနိုင်ငံကတော့ ပထမဆုံးအကြိမ်အဖြစ် အဆင့် ၁ နေရာမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။   မြန်မာနိုင်ငံရဲ့အောက်မှာတော့ သီရိလင်္ကာနိုင်ငံ၊ မွန်ဂိုလီးယား၊ နီပေါ၊ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံတို့က ရပ်တည်နေပြီး မကြာသေးမီနှစ်များအတွင်းက ရိုဟင်ဂျာတွေကို…

Read More

သိန်း ၆၅၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ငဖဲမှာမိ

ငဖဲ မတ်၃-၂၀၁၉ ဂျန်ကိုးလ် (VOM)   မကွေးတိုင်း မင်းဘူးခရိုင် ငဖဲမြို့နယ် အမ်းတောင်ကြားလမ်းအတက် နတ်ရေကန်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ WYစာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၃သိန်း ကာလပေါက်ဈေး သိန်း၆၅၀၀ဘိုးနဲ့ လူ၃ဦးကို မတ်၂ရက်ညက ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ် ။   ယာဉ်အမှတ်2M /9787 ဒိုင်နာအဖြူရောင်ယာဉ်ကို ယာဉ်မောင်းသိန်းကျော် ၃၇နှစ်ကမောင်းနှင်လာပြီး ကားကြမ်းခင်းအောက်မှာ အံဝှက်ပြုလုပ်ကာသယ်ဆောင်လာစဉ် လေးထောင့်ကန်ရပ်ကွက် သင်္ဃန်းကျွန်းနေ ကျော်မင်းဦးနဲ့အောင်စိန်၅၃နှစ် မောင်းတောမြို့နယ် ခံပြင်းရွာနေသူတို့ကို မူးယစ်တပ်ဖွဲ့စု၁၅၊ ပဒန်းလှုပ်ရှားရဲအဖွဲ့တို့နဲ့ အတူပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ ပူးပေါင်းဂိတ်နဲ့နီးစပ်သူ ကိုလှိုင်ဝင်းကပြောပါတယ် ။   “ဒီကတော့ပျဉ်းဝဂိတ်ခေါ်တာပေါ့ အဲဒီပူးပေါင်းဂိတ်က သစ်တော၊ရဲ ၊ လဝက အစုံပါတဲ့ ပူးပေါင်းဂိတ် ကျနော့အိမ်ရှေ့ကဖြတ်ရတာ ရှောင်ကွင်းလမ်းလို့လဲခေါ်တယ် အဲဒီမှာမိတာ”လို့သူကပြောပါတယ် ဖမ်းဆီးရမိမှု့နဲ့ပတ်သက်ပြီး တာဝန်ရှိရဲအရာရှိတစ်ဦးက “ကွင်းဆက်တရားခံဖေါ်ထုတ်ရဦးမှာမို့ ဘာမှမပြောလိုဘူး ဖြစ်နိုင်ရင်သတင်းမတင်စေချင်ဘူး” လို့ ပြောသော်လည်း မြို့ခံတို့၏လူမှု့ကွန်ယက်စာမျက်နှာများစွာမှာ တင်ထားပြီးကြသည်ကိုတွေ့ရပါတယ်။ အမှုနဲ့ပတ်သက်ပြီး…

Read More

နှစ်လကျော် ထိန်းသိမ်းခံထားရတဲ့ မြန်မာစစ်သားတစ်ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်လွှဲပေး

ကော့ဘဇား၊ မတ်-၃-၂၀၁၉ မျိုးဆက် (VOM)   ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကိုဖြတ်ပြီး တောအုပ်တစ်ခုအတွင်း လမ်းမှားနေတဲ့ မြန်မာစစ်သားတစ်ဦးကို နှစ်လကျော်ကြာ ထိန်းသိမ်းထားပြီးနောက် မြန်မာနိုင်ငံသို့ ဘင်္ဂလားဒေ့ရှ်က ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။   အသက် ၃၀ နှစ်အရွယ် မြန်မာစစ်သား အောင်ဘိုဘိုသိန်းကို နိုင်ခွန်ချာရီမြို့တောင်ဘက်အနီးတွင် ဇန်န၀ါရီ ၂၄ ရက်တွင် ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ တပ်မှူးဖြစ်သူ ဆာဂျယ်ဒါ ရာမန်က ပြောပါတယ်။   မြန်မာစစ်သားဟာ နယ်စပ်ကိုဖြတ်ကျော်ခဲ့တာဖြစ်ပြီး ၎င်းကို တောအုပ်တစ်ခုမှာ တွေ့ရှိခဲ့ပြီး ယနေ့မှာတော့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ကတစ်ဆင့် လွှဲပြောင်းပေးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူးက ဆိုပါတယ်။   ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ မြန်မာစစ်ဘက်က စစ်ဆင်ရေးတွေလုပ်ဆောင်ပြီးနောက် ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသကို ထွက်ပြေးသွားပြီးကတည်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့အကြား ဆက်ဆံရေး ဆိုးရွားခဲ့ပါတယ်။…

Read More

ကျမ္မာရေးမှူးတွေကို စွမ်းရည်မြှင့်ပေးမယ့်စီမံကိန်း စတော့မည်

ရန်ကုန် ၊ မတ် ၃ -၂၀၁၉ TGH (VOM) သိန်းပေါင်း ၇၀၀၀ ၀န်းကျင်လောက်ကုန်ကျမယ့် ၅ နှစ်စာမဟာဗျူဟာစီမံကိန်းကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းက ဒီကနေ့မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီစီမံကိန်းကို လာမယ့် ဇွန်လမှာစတင်လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းကနေ ကျန်းမာရေးမှူးတွေရဲ့ စွမ်းရည်တွေနဲ့ ပြည်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း ၊ ဒီထဲမှာ တီဗီရောဂါ ၊ ငှက်ဖျားရောဂါ ၊ ရေနဲ့သန့်ရှင်းရေး စတဲ့ လုပ်ငန်းတွေပါဝင်ပါတယ်။ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေနဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးတွေမှာရှိတဲ့ မြို့ပေါင်း ၃၀၇ ခုမှာ အသင်းဖွဲတွေစည်းထားကြောင်းနဲ့ ခုဆိုရင် အဖွဲ့ဝင်ပေါင်း ၅၀၀၀ ကျော်အပြင် နိုင်ငံတကာအလှူရှင်အဖွဲ့ ၆ ဖွဲ့ ၊ မိတ်ဖက်အဖွဲ့အစည်း ၁၁ ဖွဲ့ ရှိနေပြီလို့သိရပါတယ်။ အဲဒီအသင်းဟာဆိုရင် နိုင်ငံသားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို စီမံချက်ရေးဆွဲလုပ်နေတဲ့အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။ #voiceofmyanmar #ကျမ္မာရေးမှူး

Read More

ဟောလီးဝုဒ်မင်းသားဂျွန်နီဒပ် ဇနီးဟောင်းအမ်ဘာဟက်ကိုတရားစွဲ

နယူးယောက်၊ မတ်-၃-၂၀၁၉ မျိုးဆက် (VOM)   Paradise of the Caribbean ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ ဟောလီးဝုဒ်မင်းသားဂျွန်နီဒပ်ဟာ ဇနီးဟောင်းဖြစ်သူ အမ်ဘာဟက်ကို  အသရေဖျက်မှုနဲ့ အရေးယူပေးဖို့ တရားစွဲလိုက်တယ်လို့ သိရပါတယ်။   သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဂျွန်နီဒပ်ရဲ့ ဇနီးဟောင်း အမ်ဘာဟက်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ဝါရှင်တန်ပို့စ်သတင်းစာမှာ  ဆောင်းပါးတစ်ပုဒ်ကိုရေးသားခဲ့ပြီး ယင်းဆောင်းပါးမှာတော့  သူမသည် အိမ်တွင်းအကြမ်းဖက်မှုတွေခံခဲ့ရတာကို ဆိုးဆိုးရွားရွားဖော်ပြထားပါတယ်။   မစ္စတာဒပ်သည် အမ်ဘာဟက်ကို တစ်ကြိမ်တစ်ခါမျှ အကြမ်းဖက်ခဲ့တာမရှိဘဲ  ၎င်းရဲ့ ရေးသားမှုတွေဟာ စနစ်တကျအကွက်ချစီစဉ်ထားတဲ့ လိမ်လည်မှုတစ်ရပ်သာဖြစ်တယ်လို့ ဂျွန်နီဒပ်ရဲ့ ရှေ့နေတွေက ဆိုပါတယ်။   ဝါရှင်တန်ပို့စ်သတင်းစာမှာ သူနဲ့ပတ်သက်ပြီး ဆောင်းပါးဖော်ပြခဲ့တဲ့အတွက် ဂျော်နီဒပ်ဟာ ဇနီးဟောင်းဆီကနေ  နစ်နာကြေး ဒေါ်လာသန်း၅၀ရရှိရန်ကြိုးပမ်းလျက်ရှိပါတယ်။ ၎င်းတို့နှစ်ဦးလက်ထပ်ပြီး တစ်နှစ်အကြာ ၂၀၁၆ခုနှစ်မေလမှာ ဂျော်နီဒပ်က  အိမ်တွင်းအကြမ်းဖက်မှုတွေ လုပ်တယ်လို့ အမ်ဘာဟက်က ပထမဦးစွာ စွပ်စွဲခဲ့ပါတယ်။ ဒီလိုစွပ်စွဲတိုင်ကြားတာနဲ့ပတ်သက်ပြီး …

Read More

မောင်တောမြို့နယ်မှာ တောမီးကနေ စာသင်ကျောင်းမီးလောင်မှုဖြစ်

မောင်တော၊ မတ် ၃-၂၀၁၉ ခိုင်လင်းစံ (VOM)   ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခမောင်ဆိတ်ဧရိယာမှာ မနေ့ကညနေ ၃ နာရီ ၄၀ မိနစ်ခန့်က တောမီးစတင်လောင်ကျွမ်းခဲ့ရာကနေ ကျေးရွာစာသင်ကျောင်းတစ်ဆောင်နဲ့ နေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းသွားခဲ့တာဖြစ်ပါတယ်။   အဲ့ဒီမီးလောင်မှုမှာ မောင်တောခရိုင်အတွင်းရှိ ခမောင်ဆိတ် ရဲဘော်ကျ ကျေးရွာအနီးတောမီးစတင်လောင်ကျွမ်းခဲ့ရာကနေ ရဲဘော်ကျ အထက စာသင်ကျောင်းဆောင်နဲ့ ကျောင်းအုပ်ဆရာကြီးနေအိမ်တို့ကို မီးကူးစက်လောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။   “မနေ့က ညနေပိုင်းမှာတောမီးလောင်တော့ အဲ့ဒီမှာရွာစာသင်ကျောင်းနဲ့ ကျောင်းအုပ်ဆရာကြီးနေအိမ်ကို မီးလောင်သွားပါတယ်။ အဲ့ဒီမှာရှိတဲ့လူတွေ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတာပါ။ ဒေသအခြေအနေအရ အဲ့ဒီနေရာကို သွားလာဖို့အခက်အခဲရှိခဲ့ပါတယ်”လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့ ညွှန်ကြားရေးမှူး ဦးသော်ဒါက ပြောပါတယ်။   အဲ့ဒီမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ နေရာမှာ မောင်တောမြို့ပေါ်နဲ့ ကုန်းလမ်းခရီးဖြင့်သွားလာရတာဖြစ်ပြီး ၄၅ ခန့်ကွာဝေးကြောင်း မီးသတ်ဌာနကထုတ်ပြန်ထားပါတယ်။   “အဲ့ဒီကျောင်းကတော့ ပိတ်ထားတဲ့ကျောင်းလို့သိရပါတယ်။ ရွာမှာလည်းလူမရှိဘူး။ စာသင်မယ့်သူလည်းမရှိဘူး။ ကောင်းအဟောင်းပါပဲ။”လို့…

Read More

မုံရွာမြို့ မှာ  တောင်သူများ ပုံစံ ၇ ရရှိရေး ဆန္ဒထုတ်ဖော်

မုံရွာ မတ် ၃-၂၀၁၉ ရန်နိုင်စိုး (VOM)   စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင် သစ်တောကြိုးဝိုင်းသတ်မှတ်ရာမှာ တရားဝင် လုပ်စားပိုင်ခွင့်လယ်ယာမြေအဖြစ် ပုံစံ ၇ ရရှိရေးအတွက် ဒေသခံတောင်သူတွေ၃၀၀ဝန်းကျင်ဟာ မတ်လ ၃ ရက်နေ့ ဒီကနေ့မနက်က မုံရွာမြို့ပေါ်လာရောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။   ဝါးစိမ်းတောင်နဲ့ တောင်ဝန်းကျင်ရှိ ဧက ၁ သောင်းကို သစ်တောဦးစီးဌာနအနေနဲ့ သစ်တောကြိုးဝိုင်းအဖြစ် ၁၉၉၉ ခုနှစ်က သတ်မှတ်ခဲ့ပြီး ယူကလစ်ပင်များ စိုက်ပျိုးထားတဲ့အတွက် တောင်သူတွေ လယ်ယာမြေလုပ်ကိုင်စားသောက်ဖို့ အခက်ခဲဖြစ်နေကြတယ်လို့ဆိုကြပါတယ်။   ” ကျနော်တို့စိုက်ခင်းတွေထဲမှာလဲ ယူကလစ်တို့ဘာတို့ လာစိုက်တယ်။ သစ်တောက ဆတူလုပ်ချင်တာ။ ကျနော်တို့က လုပ်လို့မရဘူးလေ။ ကျနော်တို့က ဒါပဲလုပ်စားတတ်တာကိုး။ ဒီလယ်ယာမြေတွေက ကျနော်တို့ဘိုးဘွားလက်ထက်ကတည်းက ခုတ်ထွင်ရှင်းလင်းခဲ့ပြီး လုပ်ကိုင်စားသောက်လာခဲ့ကြတာပါ။ သစ်တောမြေသတ်မှတ်တယ်ဆိုတာလဲ တောင်သူတွေလဲ အသိပေးခြင်းမရှိဘူး။ ဒါကြောင့် ကျနော်တို့ လုပ်ကိုင်လာခဲ့တဲ့ လယ်ယာမြေကို…

Read More
VOM News

FREE
VIEW