သိန်း ၆၅၀၀ကျော်တန်ဖိုးရှိ မူးယစ်ဆေးတွေ ငဖဲမှာမိ

ငဖဲ မတ်၃-၂၀၁၉

ဂျန်ကိုးလ် (VOM)

 

မကွေးတိုင်း မင်းဘူးခရိုင် ငဖဲမြို့နယ် အမ်းတောင်ကြားလမ်းအတက် နတ်ရေကန်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ WYစာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၃သိန်း ကာလပေါက်ဈေး သိန်း၆၅၀၀ဘိုးနဲ့ လူ၃ဦးကို မတ်၂ရက်ညက ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ် ။

 

ယာဉ်အမှတ်2M /9787 ဒိုင်နာအဖြူရောင်ယာဉ်ကို ယာဉ်မောင်းသိန်းကျော် ၃၇နှစ်ကမောင်းနှင်လာပြီး ကားကြမ်းခင်းအောက်မှာ အံဝှက်ပြုလုပ်ကာသယ်ဆောင်လာစဉ် လေးထောင့်ကန်ရပ်ကွက် သင်္ဃန်းကျွန်းနေ ကျော်မင်းဦးနဲ့အောင်စိန်၅၃နှစ် မောင်းတောမြို့နယ် ခံပြင်းရွာနေသူတို့ကို မူးယစ်တပ်ဖွဲ့စု၁၅၊ ပဒန်းလှုပ်ရှားရဲအဖွဲ့တို့နဲ့ အတူပူးပေါင်းဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ ပူးပေါင်းဂိတ်နဲ့နီးစပ်သူ ကိုလှိုင်ဝင်းကပြောပါတယ် ။

 

“ဒီကတော့ပျဉ်းဝဂိတ်ခေါ်တာပေါ့ အဲဒီပူးပေါင်းဂိတ်က သစ်တော၊ရဲ ၊ လဝက အစုံပါတဲ့ ပူးပေါင်းဂိတ် ကျနော့အိမ်ရှေ့ကဖြတ်ရတာ ရှောင်ကွင်းလမ်းလို့လဲခေါ်တယ် အဲဒီမှာမိတာ”လို့သူကပြောပါတယ် ဖမ်းဆီးရမိမှု့နဲ့ပတ်သက်ပြီး တာဝန်ရှိရဲအရာရှိတစ်ဦးက “ကွင်းဆက်တရားခံဖေါ်ထုတ်ရဦးမှာမို့ ဘာမှမပြောလိုဘူး ဖြစ်နိုင်ရင်သတင်းမတင်စေချင်ဘူး” လို့ ပြောသော်လည်း မြို့ခံတို့၏လူမှု့ကွန်ယက်စာမျက်နှာများစွာမှာ တင်ထားပြီးကြသည်ကိုတွေ့ရပါတယ်။ အမှုနဲ့ပတ်သက်ပြီး သိန်းကျော် ၊ အောင်စိန်နဲ့  ကျော်မင်းဦး တို့ကို ငဖဲမြို့နယ် ပဒါန်းနယ်မြေရဲစခန်းက မူးယစ် (ပ)၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း စုံစမ်းသိရှိရပါတယ်။

 

ငဖဲမြို့နယ်မှာ၂၀၁၈ဒီဇင်ဘာလ၂၇နေ့ကလည်း မူးယစ်တပ်ဖွဲ့စု၁၅ကပဲ  ဘိန်းစိမ်း၁၂၀ဂရမ်နဲ့ လူ၃ဦးမိခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့ပြီး တရားမဝင်ဘိန်းခင်းတွေကိုလည်း ရှာဖွေဖျက်ဆီးနေကြောင်းသိရပါတယ် ။

 

ဓာတ်ပုံရဲတပ်ဖွဲ့

 

#voiceofmyanmar #ငဖဲ#မကွေးတိုင်း#မင်းဘူးခရိုင်#မူးယစ်ဆေးဖမ်းမိ#wy

 

Related posts

Leave a Comment

VOM News

FREE
VIEW