ဖေ့ဘွတ်ခ်သမိုင်းမှာ အဆိုးရွားဆုံး ချို့ယွင်းမှုတွေ ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်ခဲ့

ကယ်လီဖိုးနီးယား၊ မတ်၁၄-၂၀၁၉

မျိုးဆက် (VOM)

မတ် ၁၃ ရက်က ကမ္ဘာနေရာအများမှာ Facebook ၊ WhatsApp နဲ့ Instagram သုံးစွဲသူတွေဟာ ပို့စ်တင်တာ အကောင့်ဝင်တာအပါအ၀င် အဆိုပါ လူမှုကွန်ရက်တွေရဲ့ အဓိက၀န်ဆောင်မှုတွေကို အသုံးမပြုနိုင်ဖြစ်ခဲ့ရပြီး ဖေ့စ်ဘွတ်ခ်သမိုင်းမှာ အဆိုးရွားဆုံးချို့ယွင်းမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လစဉ်သုံးစွဲသူ ၂ ဒသမ၃ ဘီလီယံဝန်းကျင်ရှိတဲ့ ဖေ့စ်ဘွတ်ခ်အနေနဲ့ သုံးစွဲသူ သန်း ၁၅၀ သာရှိသေးတဲ့ ၂၀၀၈ ခုနှစ်ကလည်း အခုလိုချို့ယွင်းမှုတွေဖြစ်ပေါ်ခဲ့ဖူးပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့ အဓိကထုတ်ကုန်တွေ ဖြစ်တဲ့ မက်ဆေ့ခ်ျအက်ပလီကေးရှင်း နှစ်ခုနဲ့ ဓါတ်ပုံမျှဝေတဲ့ အင်စတာဂရမ်တို့ပါ ချို့ယွင်းမှုတွေဖြစ်ပေါ်ခဲ့ပြီး အဆိုပါချို့ယွင်းချက်နဲ့ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

ဖေ့စ်ဘွတ်ခ်ရဲ့ ထုတ်ကုန် အက်ပလီကေးရှင်းတွေအသုံးပြုနေရာမှာ ပြသနာရှိနေတယ်ဆိုတာ မိမိတို့သိရှိကြောင်းနဲ့ အဲ့ဒီပြသနာကို အမြန်ဆုံး ဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ ဖေ့စ်ဘွတ်ခ်က အင်စတာဂရမ်က တစ်ဆင့် ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီလို ချို့ယွင်းချက်တွေဖြစ်ပေါ်တာဟာ အွန်လိုင်း ဆိုက်ဘာတိုက်ခိုက်မှုတစ်ခုဖြစ်တဲ့ DDos တိုက်ခိုက်မှုကြောင့် မဟုတ်ဘူးလို့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက အခြားလူမှုကွန်ရက်တွေကတစ်ဆင့် ကောလဟာလတွေကို ပြန်လည်ရှင်းလင်းထားပါတယ်။

#voiceofmyanmar #facebook #Insragram #cyber attack

Related posts

Leave a Comment

VOM News

FREE
VIEW