ရေကြီးရေလျှံမှုတွေ မဖြစ်အောင်  ရေမြောင်းတွေမှာ ရေတံခါးတပ် ပြီး ပန့်နဲ့မောင်းထုတ်တဲ့စနစ်မျိုးလုပ်နေတယ်လို့ ဝန်ကြီးချုပ်ပြော

 

ရန်ကုန် ၊မတ် ၃၀

TGH (vom)

ရေကြီးရေလျှံမှုတွေ မဖြစ်အောင်  ရေမြောင်းတွေမှာ ရေတံခါးတပ် ပြီး ပန့်နဲ့မောင်းထုတ်တဲ့စနစ်မျိုးကို ကမ္ဘာ့ဘဏ်အကူအညီနဲ့လုပ်ဆောင်နေတယ်လို့ ရန်ကုန်ဝန်ကြီးချုပ်ဦဖြိုးမင်းသိန်းက ပြောပါတယ်။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ရန်ကုန်အစိုးရအဖွဲ့ရဲ့  ၃နှစ်တာကာလအတွင်းမှာလည်း ရေကြီးရေလျှံမှုတွေမဖြစ်အောင် ကြိုးစားခဲ့တယ်လို့ အရင်နေ့ ကရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အရ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်မိတ်ဆက်ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ဒီလုပ်ဆောင်ခဲ့ပေမယ့်လည်း ဒီရေတက်လာရင်  မြို့ထဲမှာရှိတဲ့ ချောင်းတွေထဲကို ရေပြန်တက်လာကြောင့် မြောင်းတွေက စီးဆင်းတဲ့ ရေတွေဟာ ဒီရေတက်ချိန်မှာ ရေထောက်ပြီး နွေရာသီမှာ တခါတရံ ရေ အပေါ်ပြန်တက်တာမျိုး ကြုံနေရတယ်။ဒါကြောင့် ရေတံခါးတွေတပ်ရမယ် မြောင်းတွေကိုစနစ်တကျပြုပြင်ဖို့ လုပ်နေပါတယ်၊ရေတံခါးတွေတပ်ပြီး ပန့်နဲ့မောင်းထုတ်တဲ့စနစ်မျိုးကို ကျင့်သုံးနိုင်ဖို့ဆောင်ရွက်နေတယ်။မြို့နယ်တော်တော်များများကို ရောက်တဲ့အခါမှာလည်း အားလုံးကတစ်သံတည်းထွက်တယ် မြောင်းတွေမကောင်းဘူး၊စည်းကမ်းမဲ့အမှိုက်တွေပစ်ကြတယ်။ဒါကြောင့် ပြည်သူလူထုရဲ့အသံကိုနားထောင်ပြီးဘတ်ဂျက်ကိုရေးဆွဲဖို့ပြင်ဆင်နေတယ်။”လို့ ဦးဖြိုးမင်းသိန်း ကပြောပါတယ်။

 

ဘတ်ဂျက်ရေးဆွဲရာမှာ ပြည်သူ့အသံ ၊အမြင်တွေ နားထောင်ပြီးရေးဆွဲရမှာဖြစ်သလို  ရေးဆွဲထားတဲ့ ဘတ်ဂျက်ကိုလည်း ပြည်သူတွေ သိအောင် ပြန်ချပြဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဒီလို ပွင့်လင်းမြင်သာစွာ လုပ်ပြမှသာ တိုင်းပြည်မှာ ပိုက်ဆံဘယ်လောက်ရှိနေပြီး ရန်ကုန်တိုင်းက ငွေဘယ်လောက်သုံးစွဲနေတယ် ၊ ဘတ်ဂျက်အခြေအနေအရ ဘယ်လိုအခြေနေမျိုးတွေတော့လုပ်နိုင်ပြီး ဘယ်အရာတွေကိုတာ့ မလုပ်နိုင်သေးဘူးဆိုတာကို လူထုက သိနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

 

ဘတ်ဂျက်မှာ ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးဘတ်ဂျက်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဖွံ့ဖြိုးရေး ဘတ်ဂျက် ဆိုပြီး ၃ခုရှိရာ အဲ့ဒီဘတ်ဂျက်တွေထဲကနေ   ရေမြောင်း ကိစ္စ၊ မီးလင်းရေး တွေကိုပါ ထည့်သွင်းသုံးစွဲဖို့ စဉ်းစားရမယ်လို့ ပြောခဲ့ပါတယ်။

ရန်ကုန် တိုင်းရဲ့ဘတ်ဂျက်အခြေနေကို အစိုးရသက်တမ်းစတင်ချိန်က ဘီလီယံ ၄၀၀ ကျော်လောက်နဲ့စခဲ့ပေမယ့် ဒီကနေ့မှာတော့ ဘီလီယံ ၆၅၀ ထိရှိလာကာ  ၂၀၀ဘီလီယံကျော် တိုးပြီး ရှာဖွေ သုံးစွဲနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

#voiceofmyanmar #ဖြိုးမင်းသိန်း #ရေထိန်းတံခါး #ဘတ်ဂျက်

 

Related posts

Leave a Comment

VOM News

FREE
VIEW