စစ်ကိုင်းမြို့မှာ နိဗ္ဗာန်ဈေးပွဲတော် ပြုလုပ်

စစ်ကိုင်း မတ် ၃၀-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ပန်းဘဲတန်းရပ်ကွက်မှာ မဟာဒုတ်ဘုံဆွမ်းလောင်းအသင်းရဲ့(၆)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ ညနေ (၃)နာရီ အချိန် ကနေ စတင်ပြီး ပန်းဘဲတန်းရပ်ကွက် ရွှေဘုန်းပွင့် ရွှေဘုန်းမြင့်ဘုရားရှေ့ကနေ မန္တလေးမုံရွာလမ်းမကြီးပေါ် နဲ့ ကုန်တိုက်လမ်းအတိုင်း နိဗ္ဗာန်ဈေးစတုဒီသာဆိုင်ခန်းတွေ ခင်းကျင်းပြီး နိဗ္ဗာန်ဈေးပွဲတော်ပြုလုပ်နေပါတယ်။ ပန်းဘဲတန်းရပ်ကွက် ရွှေဘုန်းပွင့် ရွှေဘုန်းမြင့် ဘုရားဂေါပကအဖွဲ့က ဦးဆောင်ပြီး မဟာဒုတ်ဘုံဆွမ်းလောင်းအသင်းကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လက်ရှိအချိန်မှာ သက်တမ်း ၆ နှစ်ပြည့်ဖြစ်ပြီးဖြစ်တယ်လို့ သိရပါတယ်။ “ရပ်ကွက်သူ၊ရပ်ကွက်သားအလှူ ရှင်များက စေတနာအလျောက်တတ်နိုင်သလောက် လှူဒါန်းကျွေးမွေးတာပါ ၊ဒီမဟာဒုတ်ဘုံဆွမ်းလောင်းအသင်း နိဗ္ဗာန်ဈေးပွဲစတုဒီသာလှူဒါန်းကျွေးမွေးပွဲက စစ်ကိုင်းမှာအစည်ကားဆုံးနိဗ္ဗာန်ဈေးပွဲဖြစ်ပါတယ်။နေပူထဲမှာတိုးမပေါက်စည်ကားတဲ့ပွဲဖြစ်ပါတယ်။ဒီနှစ်လည်းအလှူရှင် ကုသိုလ်ရှင် ၇၀ နီးပါးကျွေးမွေးပါတယ် “ဟု ရွှေဘုန်းပွင့်ရွှေဘုန်းမြင့်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆွေကပြောပါတယ်။ (၅)ကြိမ်မြောက်အဖြစ် ပြုလုပ်တဲ့နိဗ္ဗာန်ဈေးပွဲတော်ကိုရပ်ကွက်မိသားစုအလိုက်၊ အဖွဲ့အစည်းအလိုက်အလှူရှင် စုစုပေါင်း အလှူရှင် ၇၀ ခန့်တို့ က ကြာဆန်ကြော်၊ခေါက်ဆွဲကြော်၊မုန့်လင်မယား၊မုန့်ဟင်းခါး၊၊ကြာဆံဟင်းခါး၊ခေါက်ဆွဲသုပ်၊ကောက်ညှင်းပေါင်း၊အကြော်၊လက်ဖက်သုတ်၊ထပ်တရာ၊မုန်ကျွဲသဲ၊မုန့်လင်မယား၊သာကူပြင်၊ဖွာလူဒါ၊ရွှေရင်အေး၊ထပ်တစ်ရာ၊လက်ဖက်ရည်၊ကွမ်းယာ စတဲ့စားသောက်ဖွယ်ရာမျိုးစုံတို့နဲ့ဧည်ခံကျွေးမွေးပြီး လာရောက်စားသောက်သူတွေနဲ့စည်းကားနေပါတယ်။   #voiceofmyanmar…

Read More

ရွှေဖက်စပ်တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကနေ အလုပ်ရှင်၊ အလုပ်သမား ECစာချုပ် ချိုးဖောက်တယ်လို့  အလုပ်သမားတွေက သတင်းစာရှင်း

စဥ့်ကူး မတ် ၃၀-၂၀၉ သွေးသစ်(VOM) မန္တလေးတိုင်းဒေသကြီး စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကံတောင်ကျေးရွာ၊ ရွှေညောင်ထောက်ရပ်ကွက်မှာ မတ်(၂၉)ရက် နေ့လယ်ပိုင်းက ထက်ရည်လင်း ရွှေဖက်စပ်တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီအနေနဲ့ အလုပ်သမားဥပဒေချိုးဖောက်မှုတွေ ရှိနေတယ်လို့  အလုပ်သမားတွေက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဓိကအနေနဲ့ အလုပ်သမား သမဂ္ဂခေါင်းဆောင် တွေကို နယ်တွေကို ရွှေ့ပြောင်းခိုင်းတဲ့အပေါ်အငြင်းပွားမှုဖြစ်ပွားခဲ့တာဖြစ်ပြီး ကုမ္ပဏီဘက်ကနေ လူမှုဖူလှုံရေးကိစ္စတွေအပါအ၀င် အချိန်ပိုကြေးစတာ တွေကို ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။ “ကျွန်တော်တို့ ခုံသမာဓိရှေ့မှာ ချုပ်ဆိုထားတဲ့စာချုပ်တွေကို သူတို့ ဖက်ကချိုးဖောက်တာတွေရှိတယ်။ကျွန်တော်တို့ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်လိုအပ်ချက်မရှိတဲ့နယ်ကို ပို့ပစ်တယ်။သမဂ္ဂပြိုကွဲအောင်လုပ်တယ်လို့ ထင်လို့ ကျွန်တော်တို့ ကမပြောင်းနိုင်ဘူးပြောတယ်၊အဲ့ဒီအတွက် ကျွန်တော်တို့ ကိုလုပ်ငန်းခွင်ထဲပေးမ၀င်တော့ဘူး”လို့ အလုပ်ထုတ်ပယ်ခံထားရတဲ့ အလုပ်သမားခေါင်းဆောင် ကိုအောင်ကြည်မင်းကပြောပါတယ်။ ထက်ရည်လင်းကုမ္ပဏီအနေနဲ့ သူတို့ ကို တရားဝင်အလုပ်ထုတ်ပယ်ထားခြင်းမရှိပဲ လုပ်ငန်းလိုအပ်ချက်အရ ရွှေ့ပြောင်းခိုင်းတာဖြစ်တယ်လို့ ဆိုပါတယ်။အဲ့ဒီအငြင်းပွားမှုအတွက် အလုပ်သမားခုံသမာဓိအဖွဲ့မှာ နစ်နာကြေးကိစ္စတွေအတွက် ဖြေရှင်းခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ကုမ္ပဏီအနေနဲ့က သူတို့သုံးဦးစလုံးကို…

Read More

ရေကြီးရေလျှံမှုတွေ မဖြစ်အောင်  ရေမြောင်းတွေမှာ ရေတံခါးတပ် ပြီး ပန့်နဲ့မောင်းထုတ်တဲ့စနစ်မျိုးလုပ်နေတယ်လို့ ဝန်ကြီးချုပ်ပြော

  ရန်ကုန် ၊မတ် ၃၀ TGH (vom) ရေကြီးရေလျှံမှုတွေ မဖြစ်အောင်  ရေမြောင်းတွေမှာ ရေတံခါးတပ် ပြီး ပန့်နဲ့မောင်းထုတ်တဲ့စနစ်မျိုးကို ကမ္ဘာ့ဘဏ်အကူအညီနဲ့လုပ်ဆောင်နေတယ်လို့ ရန်ကုန်ဝန်ကြီးချုပ်ဦဖြိုးမင်းသိန်းက ပြောပါတယ်။   ဒါ့အပြင် ပြီးခဲ့တဲ့ ရန်ကုန်အစိုးရအဖွဲ့ရဲ့  ၃နှစ်တာကာလအတွင်းမှာလည်း ရေကြီးရေလျှံမှုတွေမဖြစ်အောင် ကြိုးစားခဲ့တယ်လို့ အရင်နေ့ ကရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အရ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်မိတ်ဆက်ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။   “ဒီလုပ်ဆောင်ခဲ့ပေမယ့်လည်း ဒီရေတက်လာရင်  မြို့ထဲမှာရှိတဲ့ ချောင်းတွေထဲကို ရေပြန်တက်လာကြောင့် မြောင်းတွေက စီးဆင်းတဲ့ ရေတွေဟာ ဒီရေတက်ချိန်မှာ ရေထောက်ပြီး နွေရာသီမှာ တခါတရံ ရေ အပေါ်ပြန်တက်တာမျိုး ကြုံနေရတယ်။ဒါကြောင့် ရေတံခါးတွေတပ်ရမယ် မြောင်းတွေကိုစနစ်တကျပြုပြင်ဖို့ လုပ်နေပါတယ်၊ရေတံခါးတွေတပ်ပြီး ပန့်နဲ့မောင်းထုတ်တဲ့စနစ်မျိုးကို ကျင့်သုံးနိုင်ဖို့ဆောင်ရွက်နေတယ်။မြို့နယ်တော်တော်များများကို ရောက်တဲ့အခါမှာလည်း အားလုံးကတစ်သံတည်းထွက်တယ် မြောင်းတွေမကောင်းဘူး၊စည်းကမ်းမဲ့အမှိုက်တွေပစ်ကြတယ်။ဒါကြောင့် ပြည်သူလူထုရဲ့အသံကိုနားထောင်ပြီးဘတ်ဂျက်ကိုရေးဆွဲဖို့ပြင်ဆင်နေတယ်။”လို့ ဦးဖြိုးမင်းသိန်း ကပြောပါတယ်။…

Read More

ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ရာထူးက နုတ်ထွက်မှု ပြည်သူလူထုကို ရှင်းလင်း

မင်းတပ် မတ် ၃၀-၂၀၁၉ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်း လွှတ်တော် ဒုဥက္ကဌ ရာထူးမှ နုတ်ထွက်ရ တာနဲ့ ပတ်သတ်လို့ ပြည်သူလူထုကို ရှင်းလင်းပြတဲ့ အခမ်းအနားကို မင်းတပ်မြို့ အ.ထ.က(၁) ခန်းမ မှာ  မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းက မင်းတပ်မြို့နယ် မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ဦးအောင်သန်း က အခုလို တာဝန်ကနေ နုတ်ထွက်ရခြင်းမှယ မင်းတပ်မြို့တွင်း လမ်းတာချဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မင်းတပ်မြို့က ပြည်သူတွေက တိုင်စာပို့ရာမှာ အဲ့ဒီကိစ္စ ကို စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဆီမှာသွားရောက် ရှင်းလင်းပြခြင်း မရှိတဲ့အတွက် ဖြစ်တယ်လို့  သူက အခုလို ပြောပါတယ်။ ” ကိုယ့်မြို့နယ်က ဒီလောက်ပဲ ရလို့ ဒီလောက် လုပ်တဲ့ နေရာမှာတော့ မြို့လူထုက…

Read More

နျူကလီးယားလက်နက်တွေ အမေရိကန်လွှဲပေးရမယ်လို့ ဒေါ်နယ်ထရန့်က ကင်ဂျုံအန်ကို တောင်းဆိုခဲ့

ဝါရှင်တန်၊ မတ် ၃၀-၂၀၁၉ မျိုးဆက် (VOM) ပြီးခဲ့တဲ့လက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲ ပျက်ပြားခဲ့တဲ့ နေ့မှာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေနဲ့ ဗုံးလောင်စာတွေကို အမေရိကန်ကို လွှဲပြောင်းပေးဖို့ အတွက် ဗြောင်ကျကျတိုက်တွန်းချက်ပါဝင်တဲ့ စာရွက်ပိုင်းတစ်ခုကို အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ကို ပေးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ရရှိခဲ့တဲ့ စာရွက်စာတမ်းအရ သိရပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က ဟနွိုင်းရှိ မက်ထရိုပိုလီဟိုတယ်မှာ ပြုလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်ရဲ့ ရပ်တည်ချက်ကိုဖော်ပြထားတဲ့ ကိုရီးယား-အင်္ဂလိပ်နှစ်ဘာသာနဲ့ ရေးသားထားတဲ့ စာကို ဒေါ်နယ်ထရန့်က ကင်ဂျုံအန်ကို ပေးခဲ့တယ်လို့ ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ နျူကလီးယားစွန့်လွှတ်ရေးနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရန့်က ဘယ်လိုသဘောထားတယ်ဆိုတာကို သူကိုယ်တိုင် အတိအလင်းသတ်မှတ်ပြီး ကင်ဂျုံအန်ကို ပထမဆုံးအကြိမ် တိုက်ရိုက် အသိပေးလိုက်တာဖြစ်တယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။…

Read More

ရခိုင်ပြည်နယ် မှာ တိုက်ပွဲတွေဆက်ဖြစ်နေမှာဖြစ်ပေမယ့် လောလောဆယ်အနေအထားမှာ စစ်အုပ်ချုပ်ရေးကြေငြာဖို့ မရှိသေး

  မတ် ၃၀-၂၀၁၉ ကိုထွန်း(VOM) လက်ရှိရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားနေပေမယ့် လောလောဆယ်အနေအထားမှာ အစိုးရအနေနဲ့ စစ်အုပ်ချုပ်ရေးကြေငြာဖို့ အစီအစဉ်မရှိသေးဘူးလို့ သမ္မတအိမ်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးတာဝန်ခံ ဦးဇော်ဌေးကပြောပါတယ်။ “ဒီကိစ္စကလောလောဆယ်မှာတော့ တိုက်ပွဲကတော့ဆက်ဖြစ်နေဦးမှာပဲ၊လောလောဆယ်အနေအထားအရပေါ့၊ဘာကြောင့်လဲဆိုတော့ ကျေးရွာတွေကိုအခြေပြုတဲ့ ပျောက်ကျားစစ်ဆင်ရေးလုပ်နေတာဖြစ်တဲ့အတွက် အဲ့ဒီကိစ္စကကြာရှည်တတ်ပါတယ်။ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်တဲ့ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသမိုင်းကြောင်းကိုပြန်ကြည့်လိုက်ရင် ဒီလိုမျိုးလူထုကို အကာအကွယ်ယူပြီးလုပ်တဲ့ဟာကိုင်တွယ်ရခက်ပါတယ်။အဲ့ဒီတော့ပြတ်ပြတ်သားသားအနေအထားရဖို့ရာအတွက်တော်တော်လေးလုပ်ယူရမှာ ဖြစ်တာကြောင့်နည်းနည်းတော့ကြာရှည်နိုင်ပါတယ်၊သို့သော် ဒီနေ့ဒီအခြေအနေအပေါ်မှာ ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေးကြေညာဖို့ ဆိုတာတော့ အစိုးရမှာ အစီအစဉ်မရှိသေးပါဘူး”လို့  ဦးဇော်ဌေးကပြောပါတယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက်လည်း နေ့တိုင်းတိုးတက်လာနေပြီး လက်ရှိမှာစစ်ဘေးရှောင်သူတစ်သောင်းကျော်အထိရှိနေပြီလို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ “IDPအတွက်နိုင်ငံတော် အစိုးရက ဘာလုပ်ပေးလဲဆိုတော့ ပြည်နယ်အစိုးရကရော အဓိကတာဝန်ရှိတဲ့ လူကယ်ပြန်ဝန်ကြီးငှာနပေါ့နော် အဲ့ဒါကကူညီထောက်ပံ့မှုတွေလုပ်နေပါတယ်။အခုကျွန်တော်တို့ တိုက်တွန်းနေတာကဘာလည်းဆိုတော့ ဒီcamp (စစ်ဘေးဒုက္ခသည်စခန်း)တွေက နေရာမျိုးစုံမှာ ပြန့်ကျဲနေတယ်။ကောင်းကောင်းမွန်မွန်ထောက်ပံ့နိုင်ဖို့ အတွက်စနစ်တကျ စုစည်းပြီးတော့ အထူးသဖြင့် စားနပ်ရိက္ခာ ကျန်းမာရေးပေါ့ ဒါတွေကိုအထောက်အကူပေးနိုင်ဖို့ အတွက် လွယ်ကူတဲ့နေရာဖြစ်ရမယ်။ပြည်တွင်းပြည်ပအလှူရှင်တွေ ကူညီပံ့ပိုးမှုပေးချင်တယ်ဆိုရင်လည်း လွယ်လွယ်ကူကူပေးနိုင်တဲ့နေရာမျိုးဆိုရင်အဆင်ပြေတယ် အဲ့လိုအချက်အလက်တွေပြည့်စုံတဲ့နေရာမျိုးဖြစ်ရမယ်လို…

Read More

ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့  Aung San နာမည်ပါရှိတဲ့ တစ်ကျပ်သားရွှေဒင်္ဂါးပြားပုံစံသစ်ကို ဧပြီလ ၂ မှာ ရက် စတင်ရောင်းချမယ်

ရန်ကုန် ၊မတ် ၃၀ TGH (vom) လက်ရှိ ကြယ်ပွင့်ပုံပါ တစ်ကျပ်သား ရွှေဒင်္ဂါးပြားနေရာမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့နာမည်ပါတဲ့ဒင်္ဂါးတွေကို ဧပြီလ ၂ ရက်နေ့မှာဗဟိုဘဏ်ကစတင်ရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ တစ်ကျပ်သားဒင်္ဂါးပြားကို ဝယ်ယူမှုများပြားတာကြောင့် ခုလိုပုံစံအသစ်သွန်းလောင်းထုတ်ဝေမှာဖြစ်ပြီး ပုံစံသစ် ဒင်္ဂါး တစ်ကျပ်သားမှာ အချင်း ၂၆.၀မီလီမီတာ ၊အထူအားဖြင့် ၂.၀မီလီမီတာ ရှိမယ်လို့ သိရပါတယ်။ဒင်္ဂါးပြားရဲ့ အလယ်ဗဟို မျက်နှာပြင်မှာ ဗိုလ်ချုပ်အောင်ဆန်းပုံ  ပါရှိပြီး ပုံအောက်ဘက်မှာတော့ Aung San နာမည်ပါရှိမှာဖြစ်ပါတယ်။ ဒင်္ဂါးရဲ့ အနားပတ်လည်မှာ “Central Bank of Myanmar”၊ “16.329 gm 999.9 Fine Gold”လို့ အင်္ဂလိပ်စာလုံးနဲ့ဖော်ပြထားမှာဖြစ်သလို    တခြားတစ်ဖက် မျက်နှာပြင်မှာလည်း      ”မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂ဝ၁၈၊ ၁ ကျပ်သား၊ ၉၉၉ ဒသမ ၉ သန့်စင်ရွှေ”စာသားကို   မြန်မာစာလုံးနဲ့ဖော်ပြထားမှာဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ချက်အရသိရပါတယ်။ တစ်ကျပ်သားရွှေဒင်္ဂါးဝယ်ယူတဲ့အခါ ရွှေဒင်္ဂါးပြားနဲ့အတူ…

Read More

ရေတိုက်စားမှုကြောင့် ပျက်စီးလာတဲ့ ရိရေကန်ကို ထိန်းသိမ်းဖို့  ကိုယ်ထူကိုယ်ထ ဆောင်ရွက်မယ်

ရိခေါဒါရ် မတ် ၃၀-၂၀၁၉ မိုင်ချယ်ရီ(VOM) ချင်းပြည်နယ် ရိခေါဒါရ်မြို့နယ်က အသဲနှံလုံးပုံစံ ရိရေအိုင် ကမ်းပါး ရေတိုက်စားပြီး ပြိုကျပျက်စီးနေသလို ကမ်းဘေးက သစ်ပင်ကြီးတွေ  ပြိုလဲတာတွေ ဖြစ်ပေါ်နေတာကြောင့် ရေချိုဆိပ်ကမ်းပါး ကို ကျောက်စီ လှေကားထစ် တည်ဆောက်တဲ့ လုပ်ငန်းကို ရိခေါဒါရ်မြို့မှာနေထိုင်တဲ့ လူငယ်တွေ စုပေါင်းပြီး ကိုယ်ထူကိုယ်ထပြုလုပ်သွားမှာ ဖြစ်တယ်လို့ ရိလူငယ်အဖွဲ့ က ကိုလားလ်မှိန်းမွန်နာ က ပြောပါတယ်။ ဒီလုပ်ငန်းလုပ်ဆောင်ဖို့ အတွက် မတ်လ ၂၉ ရက်နေ့ထဲက စတင် ပြင်ဆင်နေပြီဖြစ်ပြီး လူတွေနားခိုဖို့ ပြုလုပ်ထားတဲ့ ဘန်ဂလိုတွေ ရှိတဲ့ ဘက်ခြမ်း ကို အမြင့် ၅ ပေ အလျား ၁၀ ပေ ရှိတဲ့ ကျောက်စီ ရေကာတာ လှေကားထစ် ပြုလုပ်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ ရိရေအိုင်ဟာဆိုရင် နွေရာသီကာလမှာ…

Read More

အဓိဌာန်ပဲပင်ပျိုးအိုးတွေအောင်မြင်လို့ တောင်သူလယ်သမားတွေဆန်ရည်စပါးပေါကြွယ်ဝမယ်လို့ယူဆ

  မတ်၃၀-၂၀၁၉ လမင်း (VOM) ဟိန္ဒူလူမျိုးတို့ရဲ့ရိုးရာယဉ်ကျေးမှု အယူဆအရကျင်းပပြုလုပ်တဲ့ ကာရိယမ္မာန်မယ်တော်ကြီးဘုရားပွဲကို ပြည်မြို့ ၊ မူလတက္ကသိုလ်ကျောင်းလမ်းမှာရှိတဲ့ မယ်တော်ကြီးဘုရားကျောင်းမှာ မတ်လ ၁၉ ရက်နေ့ကနေ မတ်လ ၂၈ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါတယ် ။ ကာရိယမ္မာန်မယ်တော်ကြီးဘုရားပွဲတော်မှာ ဆယ်ရက်တိတိ အဓိဌာန်ပဲပင်ပေါက်အိုးပင်တွေကိုပျိုးပြီး ပဲပင်ပေါက်ပင်တွေရှင်သန်ကြီးထွားလာတဲ့အချိန်မှာ ပွဲတော်ကိုအောင်မြင်စွာကျင်းပနိုင်ခဲ့တာကြောင့် အောင်ပွဲအထိမ်းအမှတ်အနေနဲ့ ပဲပင်ပေါက်ပျိုးအိုးတွေကို ဧရာဝတီမြစ်ထဲမှာသွားရောက်ရေမျောကြတာဖြစ်ပါတယ် ။ ” အခုလိုပဲပင်ပေါက်တွေရှင်သန်ကြီးထွားလာတဲ့အတွက် တောင်သူလယ်သမားတွေကြီးပွားတိုးတက်ပြီး ဆန်ရည်စပါးပေါများမှာဖြစ်တယ်ဆိုပြီး ယူဆတယ် “လို့ စရိကာရိယမ္မာန်ဘုရားကျောင်းမှ စူပရာမန်းနီး ဘာသာရေးဆရာတော်မှဟြေပါတယ် ။ ဘုရားပွဲတော်ကို မူလတက္ကသိုလ်ကျောင်းလမ်းမှာရှိတဲ့ စရိကာရိယမ္မာန်ဘုရားကျောင်းမှာ ၁၀ ရက်တိတိကျင်းပပြုလုပ်ခဲ့ပြီး နေ့စဉ် ပူဇော်ပွဲတွေပြုလုပ်ခဲ့ကာလာရောက်ကြတဲ့ဧည့်သည်တွေနဲ့ဟိန္ဒူဘာသာဝင်တွေကို နံနက်ခင်းစာအာလူးပူတီ နှင့် နေ့လည်စာသတ်သတ်လွတ်ထမင်းတို့ကျွေးမွေးခဲ့ကြပါတယ် ။ ” မယ်တော်ကြီးရဲ့ပွဲတော်ဖြစ်တဲ့အတွက် ဒီလိုပဲပင်ပေါက်ကိုမထည့်ဘဲနဲ့မြို့ထဲလှည့်လည်လို့မရဘူး အဲ့ဒါကြောင့်ပဲပင်ပေါက်ထည့်ရတာ ” လို့ ဘုရားပွဲမှာ လာရောက်ဆင်နွဲသူ ဒေါ်ခင်ခင်မြင့်ကဟြေပါတယ် ။ ပဲပင်ပေါက်ရေမျောပွဲကို…

Read More
VOM News

FREE
VIEW