မတ် ၁၂-၂၀၁၉ သစ်တော် မတ်လ ၁၀ ရက် ညနေက အဂတိလိုက်စားမှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာလဲ့လဲ့မော်ကို ပါတီစည်းကမ်းအရ ပါတီတာဝန်က ရပ်စဲပြီးအရေးယူနိုင်တယ်လို့ NLD ဗဟိုပြန်ကြားရေးတာဝန်ခံမုံရွာအောင်ရှင်ကပြောပါတယ်။ ” ဝန်ကြီးချူပ်ဆိုတော့ သူက အစိုးရကိုး အစိုးရဆိုတော့ အစိုးရက အရေးယူတယ် ပါတီဆိုဒ်က အရေးယူတယ်ဆိုတာက ပါတီဝင်အဖြစ်က ဒါမှမဟုတ် ပါတီရဲ့တာဝန်ကနေရပ်စဲတာ ဒါမျိုးတွေလည်းဖြစ်လာနိုင်တယ်ပေါ့ဗျာ ပါတီက အခု ကျွန်တော်သိရသလောက်တော့ ဒါကိုလုပ်မယ် မလုပ်ဘူးဆိုတာကတော့ ထစ်ထစ်ချမပြောနိုင်ဘူး သို့သော်လည်းပဲ လုပ်ရိုးလုပ်စဉ်ပေါ့လေ ဟိုးစောစောပိုင်းတုန်းကလုပ်ခဲ့တဲ့ အစဉ်အလာတိုင်းဆိုရင်တော့ ပါတီကဒါကိုစိစစ်ပြီးတော့ သူ့ကိုပါတီရဲ့စည်းမျဉ်း စည်းကမ်းအရ အရေးယူတာပြန်ပြီးဖြသ်လာနိုင်ပါတယ်” လို့ ပါတီဗဟိုပြန်ကြားရေးတာဝန်ခံ ဦးအောင်ရှင် ပြောပါတယ်။ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ကော့ သောင်းမြို့နယ် တရားရုံးမှာ ချုပ်ရက် ရမန်ယူပြီး ထားဝယ်အကျဉ်းထောင်ကို ပို့ဆောင်ထားပြီး နောက်တစ်ကြိမ် ရုံးချိန်ကိုတော့…
Read MoreMonth: March 2019
မန္တလေးတိုင်းအတွင်းက မြန်မာ့သရက် ဝယ်လိုအား တန်ချိန် ၅ထောင်ကျော် ကျဆင်း
မန္တလေး၊ မတ် ၁၂-၂၀၁၉ ဟိန်းကို(VOM) မန္တလေးတိုင်းမှာ စိုက်ပျိုးရောင်းချနေတဲ့ မြန်မာ့သရက်သီးတွေကို ပြည်ပနိုင်ငံ တရုတ်ပြည်ကို အရင်ကတည်းက တင်သွင်းရောင်းချခဲ့ရာမှာ ၂၀၁၈ခုနှစ်ပိုင်းကစပြီး တန်ချိန် ၅ထောင်ကျော် ရောင်းအားကျဆင်းခဲ့တယ်လို့ မန္တလေးတိုင်း သရက်အစုအဖွဲ့ ကနေ သိရပါတယ်။ ” တရုတ်ပြည်ဘက်က လွန်ခဲ့တဲ့၅နှစ်ကတည်းက သရက်သီးတွေစိုက်တယ်၊ သူတို့အစိုးရကိုယ်တိုင်က သရက်သီးဇုံဆိုပြီး စနစ်တကျစိုက်ပျိုးခိုင်းတယ်၊ နေရာမလပ်စိုက်ခိုင်းတဲ့အပြင် ပညာရှင်တွေပါ ဝိုင်းကူလုပ်တယ်၊ သူတို့ဆီကို ဒီက အမြဲတမ်းသွားနေတဲ့ မြန်မာသရက်သီးတင်ပို့တဲ့ ဈေးကွက်မရှိတော့ဘူးဆိုရင် မကြာခင်နှစ်အတွင်းမှာ မြန်မာသရက်သီးတွေကို ဘောလုံးကန်ရမလား၊ ရေချိုးရမလားဆိုတာတွေ ဖြစ်လာနိုင်တယ်” လို့ မန္တလေးတိုင်းသရက်အစုအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပြောပါတယ်။ အချို့မြန်မာသရက်သီးတွေဟာ ရာသီဥတု ပြောင်းလဲမှုရယ်၊ အရည်အသွေးပိုင်းဆိုင်ရာ ကျဆင်းမှုတွေကြောင့် ခုလို တင်ပို့ရောင်းချ မှု ကျဆင်းခဲ့တာဖြစ်ပါတယ်။ “တရုတ်ပြည်ဘက်က မျှော်လင့်တာက အရည်အသွေးသိပ်မြင့်တဲ့ သရက်သီးတွေကို လိုချင်ကြတယ်၊ နောက်တစ်ခါ…
Read Moreအယူသည်း မှုတွေကြောင့်အသက်အာခံထားရှိမှုနည်းပါးနေသေး
မတ် ၁၂-၂၀၁၉ ကိုထွန်း (နေပြည်တော်) မြန်မာနိုင်ငံမှာ အယူသည်းမှုတွေရှိနေအတွက် အသက်အာမခံထားရှိသူနည်းပါးနေတယ်လို့ အာမခံလုပ်ငန်းတွေဆီကနေ သိရပါတယ်။ လက်ရှိ အသက်အာမခံထား ရှိမှုနှုန်းဟာ နိုင်ငံခြားသားကုမ္ပဏီ တွေနဲ့ ယှဉ်ကြည့်ရင် အလွန် နည်းနေပြီး စိတ်ဝင်စားမှုအနည်း ငယ်သာရှိသေးတာလို့ လည်း ဧရာမြန်မာအာမခံမှ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်း ကပြောပါတယ်။ ”အာမခံထားရှိမှုက ကိုယ့်ကို အန္တရာယ်ဖြစ်ပါစေလို့ ဆုတောင်း သလိုဖြစ်တယ်ဆိုတဲ့ အယူသည်းမှု တွေကြောင့် အသက်အာခံထားရှိ မှုက နည်းတယ်။ အခုနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီတွေကတော့ ထားကြတယ်။ သင်္ဘောသားတွေတို့ လုပ်ငန်းကြီးလုပ်သူတို့တွေက သူတို့ကုမ္ပဏီအတွက် ဝန် ထမ်းတွေအတွက် ထားကြတယ်။ တစ်ကိုယ်ရေတစ်ကာယထားရှိတာတွေ က နည်းသေးတယ်” ဧရာမြန်မာအာမခံက မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းကပြောပါတယ်။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆ဝ ကျော်အထိ မြန်မာ့အာမခံ လုပ်ငန်းတစ်ခုသာရှိခဲ့ပေမယ့် ၂ဝ၁၁ ခုနှစ်မှာ…
Read Moreသမီးဖြစ်သူကို ပညာရေးကိုဘဲ အာရုံစိုက်ခိုင်းဦးမယ်ဆိုတဲ့ မင်းမော်ကွန်း
ရန်ကုန် မတ် ၁၂-၂၀၁၉ သင်းသဒ္ဒါ ပရိသတ်အမြင်မှာငယ်ရွယ် နုပျိုနေတဲ့သရုပ်ဆောင် မင်းမော်ကွန်းရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ သမီးဖြစ်သူ လေပြေသွေးကို အနုပညာထက် ပညာရေးကိုဘဲ အာရုံစိုက်ခိုင်းဦးမယ်လို့ ဆိုပါတယ်။ “သမီးလေးက အနုပညာဝါသနာကြီးတယ် ဒါရိုက်တာခိုင်းတဲ့ အတိုင်းသမီးလေးက လုပ်နိုင်တယ်။ သူကိုအ ခုတော့ ပညာရေးကိုဘဲ ဂရုစိုက်လုပ်စေဦးမယ်။ နောက်ပိုင်းသူစိတ်ပေါ့ သူဆက်လုပ်ချင်တယ်။ သူရွေး ချယ်မယ် ဆိုရင်မတားပါဘူး ဆက်ပြီးလုပ်ခိုင်းမယ်။ ကျွန်တော်မကန့်ကွက်ပါဘူး၊ ကျွန်တော်ရဲ့ MTV သီချင်း လေးကို သမီးလေးနဲ့ အမှတ်တရရိုက်ချင်တယ်”လို့ဆိုပါတယ်။ မင်းမော်ကွန်းတို့ မြေပဲယိုအဖွဲ့ရဲ့ “ခဏလောက်ပြုံးပါ” MTVမှာ သမီးဖြစ်သူ လေပြေသွေးကို ကောင် လေးတွေနဲ့ တွဲရိုက်ခိုင်းရမှာကို အဖေတစ်ယောက်အနေနဲ့ အူတိုတဲ့အတွက် မိန်းကလေးချင်းချစ်ကြတဲ့ ဇာတ် လမ်းပုံစံမျိုး ရိုက်ခဲ့တယ်လို့ သိရပါတယ်။ ” အဖေတစ်ယောက် အနေနဲ့ သမီးကို ကောင်လေးတွေနဲ့တွဲပြီး ရိုက်ခိုင်းဖို့ကျတော့ အူတိုတာပေါ့နော်။ ကျွန်တော်ရဲ့…
Read Moreဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းဖို့တာဝန်ယူမယ့်သူမရှိရင် ရပ်တည်ချက်ချက်အတိုင်းဆက်လုပ်မယ်လို့ ကရင်နီပြည်လူငယ်များပြော
မတ် ၁၂-၂၀၁၉ သစ်တော် ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းဖို့ တာဝန်ယူမယ့်သူမရှိခဲ့ရင် ရပ်တည်ချက်အတိုင်းဆက်လက် လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည် လူငယ်များအင်အားစုက ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကရင်နီပြည် လူငယ်များအင်အားစု သပိတ်ကော်မတီဝင် မရိုစီကျော်က ” ကျွန်မတို့ ကရင်နီလူငယ်အင်အားစုအနေနဲ့ ဆက်ပြီးတော့မှ ဒီအရေးနဲ့ပတ်သတ်ပြီး လှုပ်ရှားသွားမယ် ဘယ်လိုပုံစံနဲ့လှုပ်ရှားမယ်ဆိုတာကိုတော့ လှုပ်ရှားမှုတစ်ခု ထွက်လာတဲ့အချိန်ကြမှ သိကြရလိမ့်မယ်ပေါ့ ဘယ်လိုပဲဖြစ်ဖြစ်ဒီတိုက်ပွဲကိုတော့ဆက်တိုက်သွားမယ်။ ဘယ်သူမှာမှ တာဝန်မရှိဘူးဆိုရင်တော့ ကျွန်မတို့ ကရင်နီလူငယ်မှာပဲ တာဝန်ရှိတယ်ဆိုရင် ကျွန်မတို့ရပ်တည်ချက်အတိုင်း ဖယ်ရှားရေး ဖြုတ်ချရေး တာဝန်ရှိသွားတယ်။ တုန့်ပြန်မှုတစ်စုံတရာမရှိဘူးဆိုရင်တော့ ရပ်တည်ချက်အတိုင်းဆက်လုပ်မယ်” လို့ပြောပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ဆိုင်းဖို့ ဆွေးနွေးခဲ့တာ ၁လပြည့်ခဲ့ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ထိခိုက်စေတဲ့ ကြေးရုပ်ကိုမတ်လ ၁၇ ရက် နောက်ဆုံးထားရွှေ့ဆိုင်းပေးဖို့ ကယားပြည် နယ်အစိုးရကို ကရင်နီပြည်လူငယ်များအင်အားစုက တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီနဲ့ ကရင်နီလူငယ်တွေရဲ့ ကြေးရုပ်ရွှေ့ပြောင်းရေးညှိနှိုင်းမှုကို ဖေဖော်ဝါရီ ၁၂ ရက်ကနေ…
Read Moreပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖြစ်ခန့်အပ်ခံရသူတွေ ကျမ်းကျိန်
မတ်လ ၁၂-၂၀၁၉ ကိုထွန်း(နေပြည်တော်) ဒီကနေ့မှာ ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၄)ရက်မြောက်နေ့မှာ နိုင်ငံတော်သမ္မတဆီက ပေးပို့ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖြစ်ခန့်အပ်တာဝန်ပေးတဲ့ ဦးညွန့်စိန်၊ဦးသက်ထွန်း၊ဦးမြင့်အောင်၊ဦးစောဒယ်နီရယ်ကြည်၊ဦးအောင်စိုးဝင်း၊ဦးသန်းအောင်၊ဦးမင်းဆွေ၊ဦးဆွေတင့်လွင်တို့ဟာ ပြည်ထောင်စုလွှတ်တော်နာယကဦးတီခွန်မြတ်ရဲ့ ရှေ့မှောက်မှာကတိသစ္စာပြုခဲ့ ကြပါတယ်။ #voiceofmyanmar #ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် #ပြည်ထောင်စုလွှတ်တော် #ဦးတီခွန်မြတ်
Read Moreတနင်္သာရီ ၀န်ကြီးချုပ်ဟောင်း ကိစ္စကို သေသေချာချာ ကိုင်တွယ်သွားမယ်
မတ် ၁၂-၂၀၁၉ ကိုထွန်း(နေပြည်တော်) အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီကနေ တနင်္သာရီ ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အပါအ၀င်လေးဦးကိစ္စကို ဖိဖိစီးစီး ကိုင်တွယ်သွားမယ်လို့ သမ္မတရုံး ပြန်ကြာရေး ဦးဇော်ဌေးကပြောပါတယ်။ တစ်လကျော်အကြာစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက်မှာတော့ တနင်္သာရီ ၀န်ကြီးချုပ်ကို အဂတိလိုက်စားတယ်လို့ ပေါ်ပေါက်တဲ့အတွက် မတ်လ (၁၀)ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ “လက်ရှိကတော့ ထိန်းသိမ်းထားတယ်။ သူ့ကိုတော့ ဥပဒေနဲ့အညီ အဂတိလိုက်စားမှုတိုက်ဖျက်ရေးက ထုတ်ပြန်ထားတဲ့အတိုင်း အဲ့အတိုင်းပဲ ထိန်းသိမ်းပြီးစစ်ဆေးတာတွေ လုပ်မှာပါ။ ဟိုဘက်မှာလည်း FDA ညွှန်ချုပ် စစ်ဆေးသလို ပဲ ဒီအတိုင်းပဲစစ်ဆေးမှာဖြစ်ပါတယ်။အဂတိလိုက်စားမှုကတော့ ပြောထားပြီးသားပေါ့။မူလကတည်းကလည်းပြောထားတယ်။ ပြောထားတာကဘာလဲဆိုတော့ လုံးဝခွင့်မလွှတ်ဘူးပြောထားတယ်။ လူကြီးတော်တော်များများကလည်းပြောပါတယ်။ သမ္မတကြီးခရီးစဉ် ၊အတိုင်ပင်ခံခရီးစဉ် နောက်နိုင်ငံရေးဆိုင်ရာ မိန့်ခွန်းတွေမှာလည်း ပြောပါတယ်။”လို့ ဦးဇော်ဌေးက ပြောပါတယ်။ လက်ရှိအချိန်မှာ တနင်္သာရီ ၀န်ကြီးချုပ်နေရာကို ခေတ္တ၀န်ကြီးချုပ်အဖြစ် သံယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးမြင့်မောင်ကို ပူးတွဲတာဝန်ပေးအပ်ထားတယ်လို့ သိရပါတယ်။…
Read Moreဆောင်းသီးနှံလုပ်ငန်းတွေ ဖြစ်ထွန်းခဲ့ပေမယ့် စစ်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဈေးကွက်ကိုထိခိုက်နေ
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် ဒေသမတည်မငြိမ်ဖြစ်နေတာကြောင့် လေးမြို့မြစ်ကြောင်းအတွင်းမှာရှိတဲ့ ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေကို ထိခိုက်မှုတွေရှိလာနေတယ်လို့ တောင်သူတွေကပြောပါတယ်။ လေးမြို့ဒေသဟာ ဆောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်တဲ့ဒေသတစ်ခုဖြစ်ပြီး အခုအချိန်ဟာ သီးနှံရိတ်သိမ်းဆဲကာလဖြစ်တဲ့အတွက် အရောင်းအဝယ်လုပ်ငန်းတွေကို စတင်လုပ်ကိုင်နေကြတဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် အခက်အခဲတွေရှိနေတယ်လို့ ဆိုပါတယ်။ “ပုံမှန်ဆိုရင် အရောင်းအဝယ်တွေလုပ်ကြပြီ။ မြေပဲတို့ပဲကြီးတို့  ပေါ်တဲ့ရာသီဆိုတော့ အရင်နှစ်တွေကဆိုရင် အခုလိုရာသီမှာ ပဲဝယ်သူတွေအများကြီးပဲ။ အခုတိုက်ပွဲတွေဖြစ်တော့ ဘယ်သူမှလာမဝယ်ဘူးဖြစ်နေတယ်။ စိုးရိမ်ပြီးတော့ မလာကြတာပါ။”လို့ မြေပဲတောင်သူ ဦးမောင်လှမြင့်ကပြောပါတယ်။ အရင်နှစ်က မြေပဲတစ်တောင်းကို ကျပ် ၄၀၀၀ ဝန်းကျင်သာရရှိခဲ့ပေမယ့် အခုနှစ်မှာတော့ ကျပ် ၅၀၀၀ ကျော်အထိ ဈေးပေါက်နေပေမယ့် အရောင်းအဝယ်လုပ်မယ့်အချိန်မှာ ဒေသမတည်မငြိမ်ဖြစ်သွားတဲ့အတွက် ဝယ်သူမရှိသလို ပဲဈေးတွေလည်း ကျဆင်းလာနေတယ်လို့ သိရပါတယ်။ “ထိုခိုက်မှုတွေတော့ အများကြီးရှိတာပေါ့နော်။ ပဲစိုက်တဲ့သူတွေအပြင် တခြားသီးနှံစိုက်ပျိုးတဲ့သူတွေလည်းဆုံးရှုံးမှုတွေ ရှိပါတယ်။ ကိုင်းတွေ၊ ယာတွေကိုပစ်ပြီးတော့ ထွက်ပြေးနေကြရတယ်ဆိုတော့ တရိစ္ဆာန်တွေကအစ…
Read Moreနာဂဒေသမှာ တောမီးကူးစက်ရာကနေ လူနေအိမ် ၃၁ လုံး ပျက်စီးဆုံးရှုံး
ဒုံဟီး မတ် ၁၂ မိုင်ချယ်ရီ(VOM) နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့နယ် မှာ ရှိတဲ့ ဗိုတဲနုတ်ညိုကျေးရွာ နဲ့ ဟရှိတ်လုံကူးကျေးရွာ နှစ်ရွာမှာ တောမီးကနေတဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာကြောင့် လူနေအိမ်စုစုပေါင်း ၃၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒုံဟီးမြို့ ဒေသခံတွေဆီက သိရပါတယ်။ နံနက် ၈ နာရီအချိန်က လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ဟရှိတ်လုံကူးကျေးရွာက လူနေအိမ် (၁၇)လုံး နေ့လယ် ၂ နာရီ အချိန်ခန့်က လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ဗိုတဲနုတ်ညိုကျေးရွာက လူနေအိမ် ၁၄ လုံးမီးလောင် ပျက်စီးခဲ့တာဖြစ်ပါတယ်။ မီးလောင်ခဲ့တဲ့ နေအိမ်တွေဟာဆိုရင် တစ်အိမ်နဲ့တစ်အိမ် နီးနီးကပ်ကပ်တည်ရှိတဲ့နေအိမ်တွေဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားချိန်တွေမှာ ရွာထဲမှာရှိတဲ့ လူတော်တော်များများက တောင်ယာလုပ်ငန်းခွင်တွေမှာ သွားရောက်လုပ်ကိုင်နေကြတဲ့ အချိန်ဖြစ်တာကြောင့် အခုလို ပျက်စီးဆုံးရှုံးမှု များခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ပျက်စီးသွားတဲ့နေအိမ်တွေ အတွက် ဒေသဦးစီးအဖွဲ့ကနေလည်း ကူညီထောက်ပံ့တာတွေ…
Read Moreဟာသထက် လူကြီးဆန်တဲ့ဇာတ်ရုပ်တွေ ကမ်းလှမ်းခံနေရတဲ့ ထွန်းထွန်း
ရန်ကုန် မတ် ၁၁- ၂၀၁၉ သင်းသဒ္ဒါ (VOM) အဆိုပိုင်းသာမက သရုပ်ဆောင်ပိုင်းအောင်မြင်မူရနေတဲ့ သရုပ်ဆောင် ထွန်းထွန်း ကတော့ ဟာသထက် လူကြီးဆန်တဲ့ဇာတ်ရုပ်တွေ ကမ်းလှမ်းခံနေရတယ်လို့ ဆိုပါတယ်။ ”အရင်တုန်းကတော့ ကျွန်တော့်ကို ဟာသကားတွေ အဲ့လိုကားတွေ ကမ်းလှမ်းတာများတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာတော့ နည်းနည်းလူကြီးဆန်တဲ့ဇာတ်ရုပ်တွေ ကျွန်တော့်ကို ရိုက်ဖို့အတွက် လာပြီးတော့ ကမ်း လှမ်းကြတယ်။ ကျွန်တော်မလုပ်ဖူးတဲ့ ဇာတ်ရုပ်ကို လုပ်မယ်ဆိုတာထက် လာကမ်းလှမ်းသမျှ ဇာတ်ကားတိုင်းမှာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်မယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ကာရိုက်တာဆိုရင် လက်ခံဖြစ်တယ်။ ဥပမာ- ရိုက်ဖူးပြီးသား ကာရိုက်တာထဲကမှ ကျွန်တော့်အတွက် အရမ်းခက်ခဲစေမယ့် ဟာမျိုးဆိုရင်တော့ မရိုက်ဖြစ်တာများပါတယ်”လို့ ဆိုပါတယ်။ သူကတော့ 7 Sense Film Production မှ ဒါရိုက်တာ ဝင်းလွင်ထက် က မိသားစုဒရာမာပုံစံဖန်တီးမယ့်…
Read More