သမီးဖြစ်သူကို ပညာရေးကိုဘဲ အာရုံစိုက်ခိုင်းဦးမယ်ဆိုတဲ့ မင်းမော်ကွန်း

ရန်ကုန် မတ် ၁၂-၂၀၁၉

သင်းသဒ္ဒါ

ပရိသတ်အမြင်မှာငယ်ရွယ် နုပျိုနေတဲ့သရုပ်ဆောင် မင်းမော်ကွန်းရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ သမီးဖြစ်သူ လေပြေသွေးကို အနုပညာထက် ပညာရေးကိုဘဲ အာရုံစိုက်ခိုင်းဦးမယ်လို့ ဆိုပါတယ်။

“သမီးလေးက အနုပညာဝါသနာကြီးတယ် ဒါရိုက်တာခိုင်းတဲ့ အတိုင်းသမီးလေးက လုပ်နိုင်တယ်။ သူကိုအ ခုတော့ ပညာရေးကိုဘဲ ဂရုစိုက်လုပ်စေဦးမယ်။ နောက်ပိုင်းသူစိတ်ပေါ့ သူဆက်လုပ်ချင်တယ်။ သူရွေး ချယ်မယ် ဆိုရင်မတားပါဘူး ဆက်ပြီးလုပ်ခိုင်းမယ်။ ကျွန်တော်မကန့်ကွက်ပါဘူး၊ ကျွန်တော်ရဲ့ MTV သီချင်း လေးကို သမီးလေးနဲ့ အမှတ်တရရိုက်ချင်တယ်”လို့ဆိုပါတယ်။

မင်းမော်ကွန်းတို့ မြေပဲယိုအဖွဲ့ရဲ့ “ခဏလောက်ပြုံးပါ” MTVမှာ သမီးဖြစ်သူ လေပြေသွေးကို ကောင် လေးတွေနဲ့ တွဲရိုက်ခိုင်းရမှာကို အဖေတစ်ယောက်အနေနဲ့ အူတိုတဲ့အတွက် မိန်းကလေးချင်းချစ်ကြတဲ့ ဇာတ် လမ်းပုံစံမျိုး ရိုက်ခဲ့တယ်လို့ သိရပါတယ်။

” အဖေတစ်ယောက် အနေနဲ့ သမီးကို ကောင်လေးတွေနဲ့တွဲပြီး ရိုက်ခိုင်းဖို့ကျတော့ အူတိုတာပေါ့နော်။ ကျွန်တော်ရဲ့ MTV လေးမှာတော့ မတွဲစေချင်သေးလို့ သရုပ်ဆောင်လုပ်လာပြီဆိုရင်တော့ တွဲရမှာပါဘဲ၊ ဒါပေမဲ့ ဒီထဲမှာကျွန်တော်မတွဲစေချင်သေးလို့ မိန်းကလေးအချစ်ဘက်ကို ပြောင်းပေးဖို့ ကျွန်တော်ဒါရိုက်တာကို တောင်း ဆိုခဲ့တာပါ။ မင်းသမီးစလုပ်ပြီဆိုရင်တော့ ရိုက်ရမှာပါဘဲလေ၊သူရိုက်ချင်တာရိုက်ပါ။ကျွန်တော် သီချင်းနဲ့က အ ဆက်ပြတ်နေတာကြာပြီလေ အဲ့ဒါကြောင့် တင်ပေးဖြစ်တာပါ”လို့ ဆိုပါတယ်။

ဓာတ်ပုံ- သင်းသဒ္ဒါ

 

#voiceofmyanmar #မင်းမော်ကွန်း #လေပြေသွေး #ပညာရေး

Related posts

Leave a Comment

VOM News

FREE
VIEW