စစ်တွေ၊ မတ် ၂၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေထဲက ဝေးလံခေါင်ဖျားတဲ့ တောတောင်ကြားက ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်တွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နှစ်နဲ့ချီပြီးကြာသွားနိုင်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တွေဟာ ရခိုင်တိုင်းရင်းသားတွေအပါအဝင် ရခိုင်မျိုးနွယ်စုဝင်တွေဖြစ်တဲ့ မြို့၊ ခမီစတဲ့ မျိုးနွယ်စုတွေ ဖြစ်ကြပြီး အဲ့ဒီဒေသခံတွေဟာ တောင်ပေါ်ဒေသတွေမှာ နေထိုင်နေကြသူတွေဖြစ်တဲ့အတွက် လက်ရှိအခြေအနေအရ နေရပ်ပြန်ဖို့ အခွင့်အရေးနည်းပါးနေတာဖြစ်ပါတယ်။ “အခုကျွန်တော်တို့ စစ်တမ်းတွေကောက်နေတယ်။ စစ်ဘေးရှောင်တွေအားလုံးကတော့ လိုအပ်ချက်တွေရှိနေကြတာကို တွေ့ရတယ်။ အဲ့ဒီမှာ ကျွန်တော်တို့အဖွဲ့ကလုပ်နေတာက စစ်ဘေးရှောင်တွေကို အုပ်စုသုံးစုခွဲလိုက်တယ်။ တောင်ပေါ်ဒေသ ကလူတွေ၊ ဝေးလံခေါင်ဖျားဒေသကလူတွေနဲ့ လတ်တလောတိမ်းရှောင်လာတဲ့သူတွေဆိုပြီးတေ့ ခွဲလိုက်တယ်။ အဲ့ဒီအုပ်စု သုံးခုမှာ တောင်ပေါ်ဒေသကလူတွေနဲ့ ဝေးလံခေါင်ဖျားဒေသကလူတွေကတော့ နေရပ်ပြန်နိုင်မယ့် အခွင့်အရေးမရှိ သလောက် နည်းပါးနေတာကိုတွေ့ရတယ်။ စခန်းတွေမှာ နှစ်နဲ့ချီပြီးတော့ နေသွားရနိုင်ပါတယ်။”လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC)က ဦးဇော်ဇော်ထွန်းကပြောပါတယ်။ တောင်ပေါ်နေတိုင်းရင်းသားတွေနဲ့…
Read MoreMonth: March 2019
မြောက်ဦး တိမ်ညိုရဲစခန်းမှူး လုပ်ကြံခံရ
မြောက်ဦး၊ မတ် ၂၃-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှူး ရဲမှူးကျော်ကျော်လှဟာ မတ်လ၂၃ရက်နေ့ညနေ ၈ နာရီကျော်လောက်က လုပ်ကြံသတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။ လုပ်ကြံခံလိုက်ရတဲ့ရဲမှူး ကျော်ကျော်လှကို သေနတ်နဲ့ပစ်ခတ်သွားခဲ့တာဖြစ်ကြောင်း ဘယ်လိုဖြစ်ပွားခဲ့တယ်ဆိုတာကို အတည်ပြုပြောကြားနိုင်ခြင်းမရှိသေးပါဘူး။ “လုပ်ကြံခံလိုက်ရတယ်လို့တော့သိရပါတယ်။ ဖြစ်စဉ်ကတော့မှန်ပါတယ်။ အခု မြောက်ဦးဆေးရုံကိုရောက်နေပါတယ်။”လို့ မြောက်ဦးမြို့ခံတစ်ဦးကပြောပါတယ်။ ဘယ်သူတွေက ဘာကြောင့်ပစ်ခတ်သွားတယ်ဆိုတာကို မသိရသေးကြောင်း ဒေသခံတွေကပြောပါတယ်။ “ဘယ်သူတွေကလုပ်ကြံသွားတာလဲတော့မသိရသေးဘူး။ စခန်းမှူးရဲ့အခြေအနေတွေလည်း မသိရသေးဘူး။ လောလောဆယ်မှာတော့ လုံခြုံရေးတွေ တင်းကျပ်ထားတယ်”လို့ မြောက်ဦးမြို့ခံတွေကပြောပါတယ်။ အခုလိုမျိုး ရဲစခန်းမှူးကို လုပ်ကြံပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် တိမ်ညိုကျေးရွာကို တပ်မတော်က လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သူကပြောပါတယ်။ #voiceofmyanmar #မြောက်ဦး #တိမ်ညို #စခန်းမှူးလုပ်ကြံခံရ
Read Moreမြန်မာ့ရုပ်ရှင် နိုင်ငံတကာအဆင့်မှီဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ရန်ကုန် မတ် ၂၃-၂၀၁၉ သင်းသဒ္ဒါ (VOM) မြန်မာ့ရုပ်ရှင် နိုင်ငံတကာအဆင်အတန်းမှီဖို့ ရည်မှန်းချက်ထား အားထုတ်ကြဖို့ နိုင်ငံတော်အတိုင်ခံ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုရွေးချယ်ပွဲကို မတ် ၂၃ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့ သုဝဏ္ဏ The One Entertainmantမှာ ကျင်းပတာမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ လက်ရှိရောက်ရှိနေတဲ့ နေရာထိတင်းတိမ်ရောင့်ရဲမနေပဲ နိုင်ငံတကာရဲ့ ရုပ်ရှင်တွေနဲ့ အဆင့်အတန်းမီအောင် ရည်မှန်းချက်ထားပြီ လက်တလောမှာ ဒေသအတွင်းရှိ ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံခြားကိုမီအောင် တိုက်တွန်းချင်ပါတယ်။ ကျွန်မတို့အာရှမှာ ကိုရီးယား ဂျပန် တရုတ် အိန္ဒိယ ရုပ်ရှင်ဇာတ်ကားတွေမှာ မိမိတို့ယဉ်ကျေးမှု သမိုင်းဝင်အမွေအနှစ်တွေကို ဖော်ဆောင်ပြသနေတာ ကမ္ဘာမှာထင်ရှားကျော်ကြားနေပါတယ်။ ကျွန်မတို့ အနေနဲ့လည်း ကိုယ့်နိုင်ငံရဲ့ သမိုင်းအမွေအနှစ်တွေ…
Read Moreနှုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူး ၉၈ ဦးအနက် ၇၀ ခန့်အလုပ်ပြန်ဝင်
မြောက်ဦး၊ မတ် ၂၃-၂၀၁၉ ခိုင်လင်းစံ(VOM) ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူး ၄ ဦးကို ၁၇ (၁) နဲလဖမ်းဆီးလိုက်တဲ့အတွက် လုံခြုံမှုမရှိဘူးဆိုပြီး အုပ်ချုပ်ရေးမှူး ၉၈ ဦးတို့က ဖေဖော်ရီ ၂ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ နှုတ်ထွက်ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီ ၉၈ ဦးထဲက ၇၀ လောက်ဟာ ဒီကနေ့မှာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတာဝန်တွေကို ပြန်လည်လက်ခံလိုက်ကြတာဖြစ်တယ်လို့ သံရှင်ပြင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆန်းကပြောပါတယ်။ “ကျွန်တော် နှုတ်ထွက်ထားတဲ့အထဲက ၇၀ လောက်ဟာ ဒီနေ့ပဲ အလုပ်ပြန်လုပ်ဖို့ လက်ခံလိုက်ကြတာပါ။ ကျန်တဲ့သူတွေကတော့ လက်မခံဘူး။ ခရိုင်ကနေ့တိုင်းဖုန်းဆက်တယ်။ တစ်ယောက်ချင်းစီကို ဆက်ပြီးတော့ပြောတယ်။ ကျွန်တော်တို့ကိုတော့မပြောဘူး။ တချို့ကလဲ ဖမ်းဆီးခံနေရတဲ့ လေးယောက်ပြန်လွတ်ဖို့အတွက်ထွက်တာဆိုပြီးတော့ သဘောထားကွဲလွဲတာတွေလည်းရှိတာပေါ့”လို့ ဦးခင်မောင်ဆန်းကပြောပါတယ်။ နှုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူး ၉၈ ဦးတို့ကို အလုပ်ပြန်လည်ဝင်ရောက်ပြီးတော့ မူလတာဝန်ကိုထမ်းဆောင်ကြဖို့အတွက် ပြည်နယ် ထွေ/အုပ်က…
Read Moreစစ်ကိုင်း အေးငြိမ်းမြေသုဿန်မှာ သဂြိလ်စရိတ်မြင့်လို့ ဒေသခံတွေအခက်ခဲဖြစ်
စစ်ကိုင်း မတ် ၂၃ -၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့နယ်၊ စာရေးကျေးရွာအနီးမှာ အသစ်တည်ဆောက်ထားတဲ့ အေးငြိမ်းမြေသုဿန်မှာ ဂူသွင်းစရိတ်နဲ့ မြေမြုပ်စရိတ်တွေအတွက် ငွေကြေးကောက်ခံမှုအပေါ် စစ်ကိုင်းမြို့နေပြည်သူများ ခံနေကြရပါတယ်။ ခုအသစ်တည်ဆောက်ထားတဲ့ အေးငြိမ်းမြေသုဿန်မှာ မြေမြုပ်ပါက (၄ ×၆) ပေကို ငွေကျပ်ငါးသိန်း၊ အလောင်းဂူသွင်းပါက (၄ ×၆) ပေကို ငွေကျပ်ဆယ်သိန်း၊ အရိုးဂူသွင်းပါက (၂ ×၂)ပေကို ငွေကျပ် ငါးသိန်း၊ စက်ဖြင့်မီးသဂြိုလ်ပါက ငွေကျပ် နှစ်သောင်းနဲ့ မှတ်ပုံတင်ကြေး ငွေကျပ် ၁၅၀၀ တို့ကို စည်ပင်သာယာကော်မတီကို ပေးသွင်းနေရပါတယ်။ လုပ်အားခတွေ အနေနဲ့ ကျင်းတူးလုပ်အားခ (၄ ×၆)ပေကို ငွေကျပ် နှစ်သောင်း၊ အလောင်းအုတ်ဂူပြုလုပ်ခြင်း(၄ ×၆)ပေကို ငွေကျပ် (၄၂၀၀၀၀ )ကျပ်၊ အရိုးအုပ်ဂူပြုလုပ်ခြင်းအတွက် ငွေကျပ် တစ်သိန်း ပေးဆောင်ရမှာဖြစ်တာကြောင့်…
Read Moreမှတ်ပုံတင်တစ်ခုကို ဖုန်း SIM Card နှစ်ခုသာကိုင်ခွင့်ပြုမယ်
ရန်ကုန် ၊မတ် ၂၃ TGH ( VOM) မှတ်ပုံတင်တစ်ခုထဲနဲ့ ဖုန်းSIM Card ၂ ခုထက်ပိုကိုင်လို့မရတဲ့ စနစ်ကို လာမယ့် ဧပြီလ တစ်ရက်နေ့မှာ စတင်ဆောင်ရွက်သွားမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ကထုတ်ပြန်ကြေငြာလိုက်ပါတယ်။ တကယ်လို့ SIM Card နှစ်ခုထက်ပိုပြီး မှတ်ပုံတင်ထားရင် SIM Card အသစ်ကိုပိတ်သိမ်းသွားမှာဖြစ်ကြောင်းနဲ့ SIM Card စနစ်တကျမှတ်ပုံတင်နိုင်ရေးအတွက် ပူးပေါင်းပါဝင်ပေးဖို့လည်း ပြောဆိုထားပါတယ်။ ” အော်ပရေတာတွေကိုထိန်းချုပ်ရမှာ။ခုဆိုဆိုင်မှာသွားဝယ်ရင် ကဒ်တွေကမှတ်ပုံတင်ပြီးသားတွေပဲရောင်းတယ်။ကဒ်လဲပြောင်းရော ပြဿနာတက်တာပဲ။ဘာလုပ်ရမှန်းမသိ၊ဘယ်ဆိုင်ဝယ်ဝယ် ကဒ်တွေကမှတ်ပုံတင်ပြီးသားတွေ၊ခုဆိုကျမ ကဒ်ပျောက်တယ် အော်ရီဒူး ကိုဆက်မေးတော့ ကျမကဒ်က ကျမနာမည်နဲ့မဟုတ်ဘူး။ပြန်လျှောက်ဖို့ ဇယားရှုပ်နေတယ် ။ပြဿနာဖြစ်ရင်တောင် ဘယ်လိုရှင်းမလဲ ။ဈေးကွက်မှာက ဆင်းကဒ်တစ်ခု ၂၀၀ ၊၃၀၀ တောင်ဖြစ်နေတာ”လို့ ရန်ကုန်မြို့နေ မသိင်္ဂီက ပြောပါတယ်။ လက်ရှိမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုတည်းနဲ့ SIM Card…
Read Moreပျောက်ဆုံးနေတဲ့သူတွေ အသတ်ခံလိုက်ရသလား ဖမ်းဆီးထားတာလား သိချင်တယ်လို့ မိသားစုတွေကပြော
မြောက်ဦး၊ မတ် ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မြောက်ပိုင်းဒေသ ရန်အောင်ပြင်ကျေးရွာအနီး ပတင်းကွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မြောက်ဦးမြို့နယ်က ဒေသခံ ၃ ဦးနဲ့ ကျောက်တော် မြို့နယ်က ဒေသခံ ၃ ဦးတို့ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပျောက်ဆုံးနေသူတွေနဲ့ တစ်လကျော်ကြာတဲ့အထိ မိသားစုတွေအဆက်အသွယ်မရရှိကြသေးတာဖြစ်ပြီး ပေါက်ဆုံးနေ သူတွေဟာ အသတ်ခံလိုက်ရတာလား၊ ဖမ်းဆီးခံနေရတာလားဆိုတာကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ပေးဖို့ အတွက် မိသားစုတွေကပြောပါတယ်။ “ကျွန်မယောက်ျားနဲ့ သူ့ယောက်ဖက အဲ့ဒီနေ့မနက်က ဆိုင်ကယ်တစ်စီးနဲ့ ရမ်းချောင်းထဲကိုသွားပါတယ်။ အဲ့ဒီမှာ ထင်းခုတ် မလို့ ထင်းတောသွားဝယ်တာပါ။ တိုက်ပွဲဖြစ်တာကြားတော့ ကျွန်မကဖုန်းဆက်ကြည့်တယ်။ သူ့တို့သာကျော်ရွာမှာ ခဏနား နေတယ်လို့ပြောတယ်။ ၁၁ နာရီလောက်မှာ နောက်တစ်ခေါက်ဆက်လိုက်တော့ ဖုန်းကိုတခြားတစ်ယောက်ကိုင်တယ်။ ကိစ္စရှိလား။ မရှိရင်မဆက်နဲ့ဆိုပြီး ဖုန်းကိုပိတ်လိုက်တယ်။ ဗမာလိုလို ရခိုင်လိုလိုပြောတယ်။…
Read Moreမတ်လ ၁၈ ရက်နေ့ မြောက်ဦးမြို့တွင်း ပစ်ခတ်မှုဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေ သတင်းစာရှင်းလင်း
မြောက်ဦး၊ မတ် ၂၃-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မြို့ခံတွေဟာ မတ်လ ၂၁ ရက်နေ့ မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ် #မြောက်ဦး #ပစ်ခတ်
Read Moreဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွတွေကို ရာနှုန်းပြည့်ခြေမှုန်းနိုင်ပြီလို့ အမေရိကန်ကြေညာ
ဝါရှင်တန်၊ မတ်၂၃-၂၀၁၉ မျိုးဆက် (VOM) ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်စစ်သွေးကြွတွေကို ရာနှုန်းပြည့် နှိမ်နှင်းနိုင်ခဲ့ပြီလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က မတ် ၂၂ ရက်မှာ ကြေညာလိုက်ပါတယ်။ အိုင်အက်စ်စစ်သွေးကြွအုပ်စုလက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကိုသရုပ်ဖော်ထားတဲ့ မြေပုံတစ်ခုကို သမ္မတဒေါ်နယ်ထရန့်က ထုတ်ဖော်ပြသခြင်းမပြုမီ အိမ်ဖြူတော်မီဒီယာတာဝန်ခံ ဆာရာဆန်ဒါက သမ္မတလေယာဉ်ပေါ်မှာ အဆိုပါကြေညာချက်ကို သတင်းထောက်တွေရှေ့မှာထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အခုလအစောပိုင်းက အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့တွေဟာ ဆီးရီးယားအရှေ့ပိုင်း ဘက်ဟော့ဇ်ဒေသရှိ အိုင်အက်စ်တို့ နောက်ဆုံးခြေကုပ်ယူထားတဲ့ နေရာက အရပ်သား ၃၀၀၀ ကိုဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီး အဲဒီနေရာရှိ အိုင်အက်စ် စစ်သွေးကြွတွေကို မတ် ၁၀ မှာ နောက်ဆုံးတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အီရတ်နဲ့ ဆီးရီးယားရှိ နယ်မြေ သုံးသောင်းလေးထောင် စတုရန်းမိုင်ကို အိုင်အက်စစ်သွေးကြွတွေရဲ့ ဘာသာရေးခေါင်းဆောင်တွေက တစ်ချိန်တုန်းက သိမ်းပိုက်ထားစိုးမိုးခဲ့ကြပါတယ်။ စစ်သွေးကြွတွေကို လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက…
Read Moreအခုနှစ်စစ်ကိုင်းသင်္ကြန်ကိုလမ်းလျှောက်သင်္ကြန်မဟုတ်တော့ဘဲ အရင်နှစ်အစီအစဉ်အတိုင်းသာကျင်းပသွားမယ်
စစ်ကိုင်း မတ် ၂၂-၂၀၁၉ အခုနှစ် စစ်ကိုင်းမှာ ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ စီစဉ်ထားပေမယ့် အကြောင်းကြောင်းကြောင့် လမ်းလျှောက်သင်္ကြန်ကိုထည့်သွင်းကျင်းပသွားတော့မှာမဟုတ်ဘူးလို့  စစ်ကိုင်းမြို့နယ်စည်ပင်သာယာရေးကော်မတီကနေသိရပါတယ်။ ရိုက်ကူး-စောပြည့်ချမ်းသာ #voiceofmyanmar #သင်္ကြန် #စစ်ကိုင်းသင်္ကြန် #ကမ်းနားလမ်း
Read More