မြောက်ဦး တိမ်​ညိုရဲစခန်းမှူး လုပ်​ကြံခံရ

မြောက်​ဦး၊ မတ်​ ၂၃-၂၀၁၉

ခိုင်​လင်းစံ(VOM)

 

ရခိုင်​ပြည်​နယ်​ မြောက်​ဦးမြို့နယ်​ တိမ်​ညိုရဲစခန်းမှူး ရဲမှူးကျော်​ကျော်​လှဟာ မတ်လ၂၃ရက်နေ့ညနေ ၈ နာရီကျော်​လောက်​က လုပ်​ကြံသတ်​ဖြတ်​ခံလိုက်​ရတာဖြစ်​ပါတယ်​။

 

လုပ်​ကြံခံလိုက်​ရတဲ့ရဲမှူး ကျော်​ကျော်​လှကို သေနတ်​နဲ့ပစ်​ခတ်​သွားခဲ့တာဖြစ်ကြောင်း ဘယ်​လိုဖြစ်​ပွားခဲ့တယ်​ဆိုတာကို အတည်​ပြုပြောကြားနိုင်​ခြင်းမရှိသေးပါဘူး။

 

“လုပ်​ကြံခံလိုက်​ရတယ်​လို့တော့သိရပါတယ်​။ ဖြစ်​စဉ်​ကတော့မှန်​ပါတယ်​။ အခု မြောက်​ဦးဆေးရုံကိုရောက်​နေပါတယ်​။”လို့ မြောက်​ဦးမြို့ခံတစ်​ဦးကပြောပါတယ်​။

 

ဘယ်​သူတွေက ဘာကြောင့်​ပစ်​ခတ်​သွားတယ်​ဆိုတာကို မသိရသေးကြောင်း ဒေသခံတွေကပြောပါတယ်​။

 

“ဘယ်​သူတွေကလုပ်​ကြံသွားတာလဲတော့မသိရသေးဘူး။ စခန်းမှူးရဲ့အခြေအနေတွေလည်း မသိရသေးဘူး။ လောလောဆယ်​မှာတော့ လုံခြုံရေးတွေ တင်းကျပ်​ထားတယ်​”လို့ မြောက်​ဦးမြို့ခံတွေကပြောပါတယ်​။

 

အခုလိုမျိုး ရဲစခန်းမှူးကို လုပ်​ကြံပစ်​ခတ်​မှုဖြစ်​ပွားခဲ့တဲ့အတွက်​ တိမ်​ညိုကျေးရွာကို တပ်​မတော်​က လုံခြုံရေးတိုးမြှင့်​ထားတယ်​လို့ သူကပြောပါတယ်​။

 

 

#voiceofmyanmar  #မြောက်ဦး #တိမ်ညို #စခန်းမှူးလုပ်ကြံခံရ

Related posts

Leave a Comment

VOM News

FREE
VIEW