သေနတ်သမားတွေလက်ချက်ကြောင့် မာလီနိုင်ငံက ရွာသား ၁၃၀ ကျော်သေဆုံး

ဘာမာကို ၊မတ်၂၄-၂၀၁၉ မျိုးဆက် (VOM) မာလီနိုင်ငံအလယ်ပိုင်း ကျေးရွာတစ်ရွာမှာ မတ် ၂၃ ရက်က သေနတ်သမားတွေရဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖူလာနီမျိုးနွယ်စုက ရွားသား ၁၃၄ ဦးသေဆုံးသွားတယ်လို့ ဒေသခံ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ မျိုးနွယ်စုတွေနဲ့ ဂျီဟတ်တွေအကြားမကြားသေးမီက အကြမ်းဖက်မှုတွေထဲက အသေအပျောက်အများဆုံးဖြစ်ရပ်တစ်ဖြစ်ပါတယ်။ မာလီနိုင်ငံ၊ မော့ပ်တီဒေသအတွင်းရှိ အိုဂါဆာဂူးကျေးရွာ နေအိမ်တွေထဲက ရွာသားတွေကို သေနတ်သမားတွေက မတိုက်ခိုက်မီက ကျေးရွာကို ၀ိုင်းထားခဲ့ကြတယ်လို့ ဒေသတွင်းအရာရှိတစ်ဦးက ပြောပါတယ်။ ဒီတိုက်ခိုက်မှုဟာ ဖူလာနီမျိုးနွယ်စုအသိုင်းအဝန်းကို အဓိကပစ်မှတ်ထား ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ မျိုးနွယ်စုတွေနဲ့ ဂျီဟတ်တို့ရဲ့ အကြမ်းဖက်တာတွေ ပိုမိုများပြားလာတာနဲ့ ပတ်သက်ပြီး မာလီနိုင်ငံမှာ လက်တလောရှိနေတဲ့ ကုလသမဂ္ဂသံကိုယ်စားလှယ်တွေက စိုးရိမ်နေကြပါတယ်။ တိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်ပြီး သေဆုံးသူတွေဟာ သေနတ်တွေ ဓားတွေနဲ့ သတ်ဖြတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသတွင်းလုံခြုံရေးအရာရှိတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။…

Read More

စစ်တပ်က အာဏာသိမ်းအပြီး ငါးနှစ်ကြာပြီးနောက် ထိုင်းမှာ ရွေးကောက်ပွဲကျင်းပနေ

  ဘန်ကောက်၊ မတ်၂၄-၂၀၁၉ မျိုးဆက် (VOM) ထိုင်းနိုင်ငံမှာ ၂၀၁၄ခုနှစ်အတွင်း စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ပထမဆုံးအကြိမ်အထွေထွေ ရွေးကောက်ပွဲကို ကျင်းပပြုလုပ်နေပြီး မဲဆန္ဒရှင် သန်း၅၀မှာ မဲရုံတွေကို သွားရောက်မဲပေးနေကြပါတယ်။ ထိုင်းနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနေရတာ နှစ်ချီကြာမြင့်နေပြီဖြစ်ပြီး စစ်တပ်ကို ထောက်ခံသူတွေနဲ့ ရာထူးကနေဖယ်ရှားခံရသော ဝန်ကြီးချုပ်သက်ဆင်ရှင်နာဝပ်ကို ထောက်ခံ သူတွေအကြား အငြင်းပွားမှုတွေကလည်း ကြီးမားကျယ်ပြန့်လျက်ရှိနေပါတယ်။ ၂၀၁၄ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာပြန်လွှဲပေးဖို့နဲ့ ဒီမိုကရေစီစနစ်ပြန်လည်ပေါ်ထွန်းဖို့ ကတိပြုခဲ့ပေမယ့်လည်း ရွေးကောက်ပွဲကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပါတယ်။ လက်ရှိရွေးကောက်ပွဲမှာ ရွေးကောက်ပွဲရလဒ် ဘယ်လိုတွေပဲ ထွက်ပေါ်လာပါစေ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်ခွင့် ကျိန်းသေဆက်ရမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို စစ်တပ်က ပြဌာန်းထားတယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။ ၂၀၁၁ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ရွေးကောက်ပွဲမှ မဲပေးသူဦးရေဟာ အရင်ကထက် မြင့်မားလိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။ ရွေးကောက်ပွဲကာလအတွင်းမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တရားဥပဒေကို…

Read More

စစ်ဘေးရှောင်တွေထဲကတချို့ဟာ  စခန်းတွေမှာ နှစ်နဲ့ချီပြီးကြာသွားနိုင်တယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေပြော

စစ်တွေ၊ မတ် ၂၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်တွေထဲက ဝေးလံခေါင်ဖျားတဲ့ တောတောင်ကြားက ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်တွေဟာ ကယ်ဆယ်ရေးစခန်းတွေမှာ နှစ်နဲ့ချီပြီးကြာသွားနိုင်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။ အဲ့ဒီစစ်ဘေးရှောင်တွေဟာ ရခိုင်တိုင်းရင်းသားတွေအပါအဝင် ရခိုင်မျိုးနွယ်စုဝင်တွေဖြစ်တဲ့ မြို့၊ ခမီစတဲ့ မျိုးနွယ်စုတွေ ဖြစ်ကြပြီး အဲ့ဒီဒေသခံတွေဟာ တောင်ပေါ်ဒေသတွေမှာ နေထိုင်နေကြသူတွေဖြစ်တဲ့အတွက် လက်ရှိအခြေအနေအရ နေရပ်ပြန်ဖို့ အခွင့်အရေးနည်းပါးနေတာဖြစ်ပါတယ်။ “အခုကျွန်တော်တို့ စစ်တမ်းတွေကောက်နေတယ်။ စစ်ဘေးရှောင်တွေအားလုံးကတော့ လိုအပ်ချက်တွေရှိနေကြတာကို တွေ့ရတယ်။ အဲ့ဒီမှာ ကျွန်တော်တို့အဖွဲ့ကလုပ်နေတာက စစ်ဘေးရှောင်တွေကို အုပ်စုသုံးစုခွဲလိုက်တယ်။ တောင်ပေါ်ဒေသ ကလူတွေ၊ ဝေးလံခေါင်ဖျားဒေသကလူတွေနဲ့ လတ်တလောတိမ်းရှောင်လာတဲ့သူတွေဆိုပြီးတေ့ ခွဲလိုက်တယ်။ အဲ့ဒီအုပ်စု သုံးခုမှာ တောင်ပေါ်ဒေသကလူတွေနဲ့ ဝေးလံခေါင်ဖျားဒေသကလူတွေကတော့ နေရပ်ပြန်နိုင်မယ့် အခွင့်အရေးမရှိ သလောက် နည်းပါးနေတာကိုတွေ့ရတယ်။ စခန်းတွေမှာ နှစ်နဲ့ချီပြီးတော့ နေသွားရနိုင်ပါတယ်။”လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (REC)က ဦးဇော်ဇော်ထွန်းကပြောပါတယ်။ တောင်ပေါ်နေတိုင်းရင်းသားတွေနဲ့…

Read More

မြောက်ဦး တိမ်​ညိုရဲစခန်းမှူး လုပ်​ကြံခံရ

မြောက်​ဦး၊ မတ်​ ၂၃-၂၀၁၉ ခိုင်​လင်းစံ(VOM)   ရခိုင်​ပြည်​နယ်​ မြောက်​ဦးမြို့နယ်​ တိမ်​ညိုရဲစခန်းမှူး ရဲမှူးကျော်​ကျော်​လှဟာ မတ်လ၂၃ရက်နေ့ညနေ ၈ နာရီကျော်​လောက်​က လုပ်​ကြံသတ်​ဖြတ်​ခံလိုက်​ရတာဖြစ်​ပါတယ်​။   လုပ်​ကြံခံလိုက်​ရတဲ့ရဲမှူး ကျော်​ကျော်​လှကို သေနတ်​နဲ့ပစ်​ခတ်​သွားခဲ့တာဖြစ်ကြောင်း ဘယ်​လိုဖြစ်​ပွားခဲ့တယ်​ဆိုတာကို အတည်​ပြုပြောကြားနိုင်​ခြင်းမရှိသေးပါဘူး။   “လုပ်​ကြံခံလိုက်​ရတယ်​လို့တော့သိရပါတယ်​။ ဖြစ်​စဉ်​ကတော့မှန်​ပါတယ်​။ အခု မြောက်​ဦးဆေးရုံကိုရောက်​နေပါတယ်​။”လို့ မြောက်​ဦးမြို့ခံတစ်​ဦးကပြောပါတယ်​။   ဘယ်​သူတွေက ဘာကြောင့်​ပစ်​ခတ်​သွားတယ်​ဆိုတာကို မသိရသေးကြောင်း ဒေသခံတွေကပြောပါတယ်​။   “ဘယ်​သူတွေကလုပ်​ကြံသွားတာလဲတော့မသိရသေးဘူး။ စခန်းမှူးရဲ့အခြေအနေတွေလည်း မသိရသေးဘူး။ လောလောဆယ်​မှာတော့ လုံခြုံရေးတွေ တင်းကျပ်​ထားတယ်​”လို့ မြောက်​ဦးမြို့ခံတွေကပြောပါတယ်​။   အခုလိုမျိုး ရဲစခန်းမှူးကို လုပ်​ကြံပစ်​ခတ်​မှုဖြစ်​ပွားခဲ့တဲ့အတွက်​ တိမ်​ညိုကျေးရွာကို တပ်​မတော်​က လုံခြုံရေးတိုးမြှင့်​ထားတယ်​လို့ သူကပြောပါတယ်​။     #voiceofmyanmar  #မြောက်ဦး #တိမ်ညို #စခန်းမှူးလုပ်ကြံခံရ

Read More
VOM News

FREE
VIEW