စစ်တွေ၊ ဧပြီ ၇-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ နှစ်ဦးဟာ ရသေ့တောင်မြို့ဟောပြောပွဲမှာ ပြောကြားခဲ့တာတွေနဲ့ပတ်သက်လို့ နှစ်ရှည်ထောင်ထောင်ဒဏ်ကျခံ နေရသူတွေဖြစ်ကြပါတယ်။ အဲ့ဒီနှစ်ဦးစလုံးမှာ နိုင်ငံတ်ာပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ နှစ် ၂၀၊ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ ၂ နှစ် စီကျခံနေရတာဖြစ်ပြီး မဧပြီလ ၆ ရက်နေ့ညနေပိုင်းက မိသားစုတွေကိုအသိမပေးဘဲ ထောင်ပြောင်းရွှေ့သွားတယ်လို့ ဆိုပါတယ်။ “ထောင်ပြောင်းသွားတယ်ဆိုတာဟုတ်ပါတယ်။ မနေ့ကညနေပိုင်းမှာ ပြောင်းသွားတာပါ။ ကျွန်တော်တို့ မိသားစုတွေကိုလည်း အသိမပေးခဲ့ပါဘူး။ သတင်းကြားလို့ ကျွန်တော်တို့လိုက်သွားတဲ့အချိန်မှာ ယူသွားပါပြီ။ ပြည်ထဲရေးကနေ သီးသန့်လေယာဉ်နဲ့ ယူသွားတာလို့သိရပါတယ်။ ထောင်ကပြောတဲ့သတင်းတွေအရတော့ အင်းစိန်ထောင်ကိုရောက်နေတယ်လို့ သိရပါတယ်။တွေ့ခွင့်တော့မရသေးဘူး”လို့ စာရေးဆရာဝေဟင်အောင်ရဲ့ အစ်ကို ဦးသိန်းဝင်းကပြောပါတယ်။ လက်ရှိမှာတော့ သူတို့နှစ်ဦးကို အင်းစိန်အကျဉ်းထောင်မှာ ရှိနေကြောင်းသတင်းရရှိထားပြီး မနက်ဖြန် ဧပြီ ၈ ရက်နေ့မှာ…
Read MoreMonth: April 2019
၁၀ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကိုမန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကရရှိပြီး ပြည်သူ့ဂုဏ်ရည် (အထူးဆု)ကို ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်အပါအဝင် ၄ ဦးရရှိခဲ့
ရန်ကုန် ၊ ဧပြီ ၇ TGH (vom) ၁၀ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကရရှိခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည် (အထူးဆု) ဆုကိုတော့ မဆွတ်ဆိုင်းထွယ်၊ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်၊ ဒေါ်အိအိညိမ်း အပါအဝင် Clean Yangon Campaign က ရရှိခဲ့တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ပြည်သူ့ဂုဏ်ရည်အသင်းကထုတ်ပြန်ခဲ့ပါတယ်။ ဧပြီလ ၆ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင် နှင့် အထူးဆုရှင်များကြေငြာတဲ့ပွဲမှာ ရွေးချယ်ကြေငြာခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ဂုဏ်ရည်ဆု နဲ့ အထူးဆုတွေအတွက် ဂုဏ်ပြုဆုငွေနဲ့ ဆုတံဆိပ်တွေကိုတော့ ဧပြီလ ၂၈ ရက်နေ့ မန္တလေးမြို့Mandalay Convention Center မှာ ပေးအပ်သွားမှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ပြည်သူ့ဂုဏ်ရည်အသင်းက ဒီကနေ့မနက်မှာထုတ်ပြန်ကြေငြာခဲ့တာဖြစ်ပါတယ်။ ၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုထားတဲ့ အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ် အမည်စာရင်းတွေထဲကနေ ပြည်သူ့ဂုဏ်ရည်အသင်းရဲ့…
Read Moreလျှပ်စစ် ကဏ္ဍအရှုံးပေါ်နေမှုအတွက် ဓတ်အားခတိုးမြှင့်ဖို့ လိုအပ်နေလို့ ဆို
ရန်ကုန် ၊ဧပြီ ၇ TGH ( vom) လျပ်စစ်ကဏ္ဍအရှုံးပေါ်နေတာကို ကာမိဖို့အတွက် သင့်တင့်မျှတတဲ့ ဓာတ်အားခနူန်းထားတွေကာက်ခံနိုင်ဖို့လိုတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကပြောပါတယ်။ ဒါဟာ လျှပ်စစ်တစ်ယူနစ်ထုတ်တိုင်းမှာ ငွေကျပ် ၁၁၀ ကျပ်ကနေ ၁၁၅ ကျပ်ထိ ကျသင့်တဲ့အချိန်မှာ သုံးစွဲတဲ့ ပြည်သူတွေကို လျပ်စစ်တစ်ယူနစ် အတွက် ၃၅ ကျပ်၊ ၅၀ ကျပ်နဲ့သာ ရောင်းချပေးနေတာကြောင့် ထုတ်လုပ်မှုကုန်ကျစ ရိတ်နဲ့ ရောင်းချစရိတ် ကွာခြားပြီး လျှပ်စစ်ကဏ္ဍမှာ အရှုံးပေါ်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ “ထုတ်လုပ်မှုကူန်ကျစ ရိတ်နှင့် ရောင်းချစရိတ်မက အရမ်းကွာခြားတဲ့အခြေအနေမှာရှိနေတဲ့အတွက် ရေအားလျှပ်စစ်ကနေရတဲ့ ဓာတ်အားကို ပိုတိုးပြီးထုတ်ဖို့စဉ်းစားပါတယ်။ ဘာကြောင့်ဆို ရေအားလျှပ်စစ်နဲ့ ဓာတ်အားထုတ်လုပ်တဲ့စနစ်က ပိုပြီးသက်သာလို့ဖြစ်တယ်။ လျှပ်စစ် လည်းပိုထွက်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်က ပိုသက်သာတယ်ဒါမှသာ အရှုံးကိုပိုပြီးထိန်းနိုင်မှာဖြစ်ပါတယ်။”လို့ ဒုတိယဝန်ကြီးက ပြောပါတယ်။ ရေအားလျှပ်စစ်ထုတ်နိုင်နေပေမယ့်လည်း ပြီးခဲ့သောဘဏ္ဍာနှစ်တုန်းက ငွေကျပ် ၁၆၂ ဘီလီယံဝန်းကျင်…
Read Moreကနီမြို့မှာ လေပြင်းတိုက်ခတ် အဆောက်အဦး ၇၀ ကျော် ပျက်စီး
ကနီ ဧပြီ ၇-၂၀၁၉ မိုင်ချယ်ရီ(VOM) စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှာ ဧပြီလ ၆ ရက်နေ့ ညနေပိုင်းနဲ့ ညပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကြောင့် လူနေအိမ် အပါအ၀င် အဆောက်အဦး ၇၀ ကျော် ပျက်စီးခဲ့တယ်လို့ စစ်ကိုင်းတိုင်း ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနရုံးကနေ သိရပါတယ်။ ကနီမြို့နယ် မှာ တိုက်ခတ်ခဲ့တဲ့လေပြင်းကြောင့် ကျေးရွာ ၁၉ ရွာ က လူနေအိမ် ၆၇ လုံး အမိုးလန်ပျက်စီးခဲ့ပြီး လူနေအိမ် ၃ လုံး ပြိုကျပျက်စီးပြီးတော့ စာသင်ကျောင်းဆောင် နဲ့ ဘုန်းတော်ကြီးကျောင်းဆောင် စုစုပေါင်း (၃)လုံး အမိုးလန်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီလို ပျက်စီးခဲ့ပေမယ့် လူသေဆုံး ထိခိုက်ဒဏ်ရာ ရတာတွေ မရှိဘူးလို့ သိရပါတယ်။ပျက်စီးသွားတဲ့ နေအိမ်အတွက် ထောက်ပံ့မှုတွေကိုတော့ ဧပြီလ ၈ ရက်နေ့ တနင်္လာနေ့မှာ ပြုလုပ်မှာ…
Read Moreပဲခူးတိုင်း ဥသျှစ်ပင်မြို့မှာ မီးလောင်မှုဖြစ်ပွား
ဧပြီ ၆-၂၀၁၉ ဂျန်ကိုးလ် ဧပြီ၆ရက်မနက်၈နာရီခန့်က ပဲခူးတိုင်းပန်းတောင်းမြို့နယ်ဥသျှစ်ပင်မြို့ရတနာပုံရပ်ကွက် ဇီဇ၀ါ၎လမ်းက လှိုင်ရတနာ ပညာရိပ်မွန် အမျိုးသမီးသီးသန့်ဘော်ဒါဆောင်တလုံး မီးလောင်ဆုံးရှုံခဲ့တယ်လို့သိရပါတယ်။ မနက်ခင်းစာချက်ပြုတ်တဲ့မီးကြွင်းမီးကျန်ကနေ မီးလောင်မှုကြောင့်သွပ်မိုး ကျောက်ပြားကာ၂ထပ်အိမ်တလုံးနဲ့ခေါင်းရင်းအိမ်တခြမ်းမီးဟပ်မီးကျွမ်းထိခိုက်မှု ရှိခဲ့တယ်လို့မီးသတ်တပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ “အဓိက က မီးသတ်ကိုသတင်းပို့တာနောက်ကျလို့ မီးသတ်ကားက၄စီးတောင်ရှိတာ မြို့ထဲဆိုတော့၃မိနစ်နဲ့မီးသတ်ကားရောက်လာတယ်”လို့ပြည်တော်သာအုပ်ချုပ်ရေးမှူးဦးအောင်ကိုကပြောပါတယ်။မီးလောင်ရာကို ရပ်ကွက်နေပြည်သူတွေ မြို့သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ မီးသတ်တပ်ဖွဲ့တွေ ပူးပေါင်းငြိမ်းသတ်ခဲ့ကြပြီး ၅မိနစ်အတွင်းမီးညွန့်ချိုးနိုင်ခဲ့တယ်လို့ရပ်ကွက်နေပြည်သူတွေကပြောပါတယ်။ “အမှုကို မီးသတ်လက်ထောက်ဦးစီးမှူးကျော်ကိုကိုကတရားလိုပြုလုပ်ပြီး ဥသျှစ်ပင်နယ်မြေရဲစခန်းမှာဒုရဲအုပ်သော်ဇင်ထွဋ်က (ပ)၃၁/၂၀၁၉ ပုဒ်မ၂၈၅နှင့်အမှုစစ်အဖြစ်ဆောင်ရွက်နေတယ်”လို့ရဲအုပ်ဝင်းကိုကပြောပါတယ်။ ဥသျှစ်ပင်နယ်မြေ မကျီးထုံးကျေးရွာမှာလည်းမနေ့ကဧပြီ၅ရက်မှာအိမ်တလုံးမီးလောင်ဆုံးရှုံးခဲ့သေးတယ်လို့သိရပါတယ်။ #voiceofmyanmar #မီးလောင် #ပဲခူးတိုင်း #ဥသျှစ်ပင်မြို့
Read Moreကွန်ဒိုမီဒီယံ တည်ထောင်သူကို လုပ်ငန်းလိုင်စင်တွေ စတင်ထုတ်ပေး
ရန်ကုန် ၊ ဧပြီ ၆ TGH (VOM) စုပေါင်းပိုင်အဆောက်အအုံ(ကွန်ဒိုမီယံ)ဆိုင်ရာ တည်ထောင်သူ လုပ်ငန်းလိုင်စင်ကို ဒီကနေ့ ဧပြီလ ၆ ရက်နေ့မှာ စုပေါင်းပိုင်အဆောက်အအုံတွေ တည်ဆောက်မယ့် လုပ်ငန်းရှင် ၃၂ ဦးကို တရားဝင်ထုတ်ပေးခဲ့ပါတယ်။ ကွန်ဒိုမီဒီယံ(စုပေါင်းပိုင်အဆောက်အအုံ) ဥပဒေအရ ကွန်ဒိုမီဒီယံတည်ဆောက်မယ့်သူတွေအပါအ၀င် တည်ဆောက်နေဆဲ ဖြစ်တဲ့ လုပ်ငန်းရှင်တွေကို လုပ်ငန်းလိုင်စင်တွေ တရားဝင်စတင် ထုတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ “ခုပွဲက လုပ်ငန်းလိုင်စင်ပေးအပ်ပွဲဖြစ်တယ်။အရင်တုန်းကတော့ ဆောက်လုပ်ရေးလုပ်ငန်းလိုင်စင်ပဲရှိတယ်။အခု Developer လုပ်ငန်းလိုင်စင်ခေါ်တယ် စုပေါင်းပိုင်းအဆောက်အအုံများကို တည်ဆောက်တဲ့လုပ်ငန်းတွေကို လုပ်ငန်းလိုင်စင်ပေးအပ်တဲ့ပွဲဖြစ်တယ်။အရင်တုန်းက Developer ဆိုပြီးတော့ တရားဝင်လုပ်ငန်းလိုင်စင်မရှိဘူး။အခု ကွန်ဒိုမီဒီယံဥပဒေအရ ကွန်ဒိုမီဒီယံတည်ဆောက်မယ့်သူတွေကို အရင်ပေးအပ်တာဖြစ်တယ်။ဒီထဲမှာ ပြည်တွင်း နဲ့ဖက်စပ်လုပ်ငန်းတွေလည်းပါတယ်။”လို့ Myanmar Developer Association ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးဇော်ရဲဝင်းက ပြောပါတယ်။ လက်ရှိမှာ ကွန်ဒိုမီဒီယံဈေးကွက်အခြေနေအရ နိုင်ငံခြားသား ၀ယ်ယူမှုအခြေအနေ အားရစရာ မရှိသေးပေမယ့် လည်း စိတ်ဝင်တစားနဲ့မေးမြန်းမှုတွေရှိကြောင်းနဲ့ ကွန်ဒိုမီဒီယံဥပဒေအရ…
Read Moreကျောက်မီးသွေးပြာပုံထဲ လူတွေ ကူးခတ်နေတဲ့မြို့
ဧပြီ ၆-၂၀၁၉ စိုင်းထွန်းအောင်လွင် (က) ငါးတွေကသေ ညှော်နံ့ကနံ ကလော-အောင်ပန်းလမ်းခွဲကနေ ပင်လောင်းမြို့ဘက်ကို ချိုးလိုက်တာနဲ့ ကားလမ်းဘေးတဘက်တချက်ကို ဝှေ့ကြည့်လိုက်တော့ တောင်တန်းတွေနဲ့ ကားလမ်းအကြားမှာ စိုက်ခင်းတွေက စိမ်းစိမ်းလန်းလန်း ဝေေ၀ဆာဆာနဲ့ပါ။ အထက်ဘီလူးချောင်း တံတားကို ရောက်တာနဲ့ ကားလမ်းရဲ့ ဘယ်ဘက်မှာ မလှမ်းမကမ်းမှာ ဘိလပ်မြေ စက်ရုံခေါင်းတိုင်ကို တွေ့ရတဲ့ အတွက် ရွာမကျ တိုက်နယ်မကတော့တဲ့ တီကျစ်မြို့ကလေးကို ရောက်လာခဲ့ပြီဆိုတာ သတိပြုမိလိုက်ပါတယ်။ မြို့မဘုန်းကြီးကျောင်းဝန်းထဲ ရောက်တာနဲ့ ဒေသခံ တဦးဖြစ်တဲ့ ဦးကျင်မောင်က ကျောက်မီးသွေးမိုင်းခွဲမှုကြောင့် နံရံတွေ အက်နေတဲ့ ဘုန်းကြီးကျောင်း နံရံတွေကို လက်ညှိုးညွှန်ပြပါတယ်။ ‘ဒီရက်ပိုင်းက လူကြီးလာမယ်ဆိုလို့ မိုင်းမခွဲတာ၊ ခါတိုင်းက နေ့လည်တိုင်း ခွဲတယ်။ အိမ်တွေလည်း ခါတာပေါ့ အရင်က ပိုဆိုးတာပေါ့ ၊ ဒီရက်မှ မိုးကလည်း…
Read Moreမိုးမကျမီ ရသေ့တောင်က စစ်ဘေးရှောင်တွေကို တဲအိမ်တွေဆောက်လုပ်ပေးဖို့လိုအပ်နေ
ရသေ့တောင်၊ ဧပြီ ၆-၂၀၁၉ ခိုင်လင်းစံ (VOM) ရသေ့တောင်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်ပစ်ခတ်မှုတွေကြောင့် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီစစ်ဘေးရှောင်ကျေးရွာသားတွေဟာ လက်ရှိမှာ ရသေ့တောင်မြို့ပေါ်က နေရာ ၅ ခုမှာ ယာယီနေထိုင် နေကြရတာဖြစ်တဲ့အတွက် မိုးမကျမီ တဲအိမ်တွေဆောက်လုပ်ပေးဖို့ လိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူ တွေကပြောပါတယ်။ “လောလောဆယ်မှာတော့ ဘုန်းကြီးကျောင်းတွေမှာ ထားပါတယ်။ မကြာခင်မှာမိုးရွာတော့မယ်။ မိုးကျလို့ရှိရင်လည်း ဘုန်းကြီးကျောင်းတွေမှာ ဆက်ထားလို့အဆင်မပြေတော့ဘူး။ စခန်းတွေဆောက်ပေးဖို့လိုအပ်နေပါတယ်။ အစိုးရလည်း အကူအညီပေးစေချင်ပါတယ်။”လို့ စစ်ဘေးရှောင်ကူညီရေး CSO အဖွဲ့ပေါင်းစုံ ဥက္ကဌ ဦကျော်သာစိန်ကပြောပါတယ်။ ရသေ့တောင်မြို့ပေါ်ကို ရောက်ရှိခဲ့တဲ့ စစ်ဘေးရှောင်ဦးရေ ၆၀၀ ကျော်ရှိနေပြီး အဲ့ဒီလူတွေဟာ ရွှေကျင်ဘုန်းတော်ကြီး ကျောင်း၊ ပရဟိတဘုန်းတော်ကြီးကျောင်း၊ ဇောဓိပါလ ဘုန်းတော်ကြီးကျောင်း၊ ဗုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းနဲ့ အမက ၆…
Read Moreပြဿနာဖြစ်နေတဲ့နေရာတွေကို ကပ်ဘိနပ်အဖွဲ့က ရောက်မလာတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့လိုအပ်ချက်ကို မသိတာလို့ လွှတ်တော်ကိုယ်စားလှယ်ပြော
စစ်တွေ၊ ဧပြီ ၄-၂၀၁၉ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ဒေသခံကျေးရွာအများအပြားက ကျေးရွာသား နှစ်သောင်းကျော်တို့ဟာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီးတော့ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းတွေကို ရောက်ရှိခိုလှုံနေကြတာဖြစ်ပြီး အခုလိုမျိုး ပြဿနာဖြစ်ပွာနေတဲ့ ဒေသတွေကို ကပ်ဘိနပ်အဖွဲ့ဝင်တွေ သွားရောက်လေ့လာမှုမရှိတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ လိုအပ်ချက်တွေကို မသိတာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ်အတွင်းမှာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြသူ ၁၅၀၀ လောက်ရှိနေပြီးတော့ အဲ့ဒီလူတွေဟာ ကျေးရွာတွေကို တိုက်ခိုက်ပစ်ခတ်ခံရတဲ့အတွက် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးနေကြရတာဖြစ်ကြောင်းနဲ့ သူတို့ရဲ့အခက်အခဲတွေကို လစ်လျူရှုနေတဲ့ အစိုးရကိုတင်ပြတောင်းဆိုစရာမရှိဘူးလို့ စစ်ဘေးရှောင်တွေကပြောပါတယ်။ #voiceofmyanmar #ရခိုင်ပြည်နယ် #စစ်ဘေးရှောင်
Read More၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး လူအင်အား တစ်ထောင်ကျော်နဲ့ ဆန္ဒထုတ်ဖော်
ကလေး ဧပြီ ၆-၂၀၁၉ မိုင်ချယ်ရီ(VOM) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) အပြင်ဆင်ရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို လူအင်အား တစ်ထောင်ကျော် နဲ့ ဒီနေ့ ကလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ရာမှာ “ပုဒ်မ ၅၉(စ) ဖျက်မည့်သူ ဒို့ရန်သူ ဒို့ရန်သူ ၊ ပြည်ပ ပထွေးမျှော် အဖေတော်ချင်သူများအား ချေမှုန်းကြ ချေမှုန်းကြ ၊တိုင်းရင်းသား မဟုတ်သူ သမ္မတ ဖြစ်မည့် အကြံ ဒို့လက်မခံ ဒို့လက်မခံ ၊အမျိုးသားလုံခြုံရေး အတွက် ၅၉(စ) မပြင်ဆင်ရေး ဒို့အရေး ဒို့အရေး” စတဲ့ ကြွေးကြော်သံတွေ နဲ့ ကြွေးကြော်ပြီးတော့ မနက် ၈ နာရီ အချိန်ခန့်ကနေ နေ့လယ် ၁၁ နာရီ အချိန်ထိ ကလေးမြို့ အတွင်းမှာ ရှိတဲ့ လမ်းမကြီးတစ်လျှောက် ကလေးမြို့နယ် အမျိုးသားအင်အားစုများ…
Read More