စစ်ကိုင်း၊ မင်းကွန်းမှာ သက်ငယ်မုဒိမ်းမှုဖြစ်

စစ်ကိုင်း မေ ၁-၂၀၁၉

မောင်တာရာ (VOM)

 

စစ်ကိုင်းမြို့နယ် မင်းကွန်းကျေးရွာအုပ်စု ဈေးဆိပ်ကျေးရွာမှာ ဧပြီလ ၃၀ ရက်နေ့ ည ၁၀ နာရီခွဲ အချိန်ခန့် က အသက်မပြည့်သေးကလေးငယ်ကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းမြို့မရဲစခန်းက သိရပါတယ်။

 

 

ကျူးလွန်သူဟာ ကင်းကျေးရွာအုပ်စု၊ ရှားရောင်းရွာနေထိုင်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီး အသက် (၁၉)နှစ်  ဖြစ်ပြီး ကျူးလွန်ခံရသူ မိန်းကလေးကတော့  ဈေးဆိပ်ကျေးရွာက အသက် (၁၁)နှစ်ကျော်ခန့်ရှိတဲ့  မ—-ဖြစ်ပါတယ်။

 

 

 

ဖြစ်စဉ်မှာ  ကျူးလွန်ခံရသူ မိန်းကလေးရဲ့ မိခင်ဟာ မင်းကွန်း (တောင်)ရွာ ကနေ အိမ်ပြန်ရောက်တော့ သမီးဖြစ်သူကို အိမ်မှာ မတွေ့လို့ စုံးစမ်းရာက သိကျွမ်းသူ  ဇင်ဟန်ထက် (ခ) မှတ်ကြီးက ကွမ်းယာဝယ်ဖို့် မ ——- နှင့် တရွာတည်းနေ သူငယ်ချင်းဖြစ်သူ မပုမ (ခ)မမြမြသန်း(၁၉)နှစ် တို့ကို ၎င်း  မောင်းနှင်းတဲ့ ၁၈ /ယ ××× New Anbo 125 ရုပ်ဆိုး အနက်ရောင် ဆိုင်ကယ်နဲ့ မင်းကွန်း ဓမ္မနာဒဘက်သို့ ခေါ်ဆောင်သွားသဖြင့် လိုက်ပါသွားကြောင်း  သိရတဲ့ အတွက် သွားရောက် ရှာဖွေခဲ့ပါတယ်။

 

 

အဲလို သွားရှာတာ မတွေ့လို့ပြန်လာချိန်မှာတော့ သမီးဖြစ်သူနဲ့ မပုမတို့ကို မေလ ၁ ရက်နေ့  ၁ နာရီခွဲအချိန် ဇင်ဟန်ထက် (ခ) မှတ်ကြီးက ဆိုင်ကယ်နဲ့ ပြန်လိုက်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ သမီးဖြစ်တဲ့ မ— ကို မိခင်ခဲ့မေးကြည့်တဲ့အခါမှာတော့ဇင်ဟန်ထက် (ခ) မှတ်ကြီးက ကွမ်းယာသွားဝယ်စဉ် မပုမအား ဓမ္မနာဒကျောင်းရှေ့တွင် ချထားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် မ —– အား ဓမ္မနာဒကျောင်း မြောက်ဘက်ရှိ မှောင်ရိပ် လူပြတ်တဲ့ သရက်ပင်အောက် ဆိုင်ကယ်နဲ့ ခေါ်သွားပြီး သားမယား တစ်ကြိမ် ပြုကျင့်ခဲ့ကြောင်း ပြောပြလို့ သိရတာကြောင့် ကျုးလွန်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီးအား အရေးယူပေးမိခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်းတန်းခဲ့တာဖြစ်ပါတယ်။

 

အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျုးလွန်သူ ဇင်ဟန်ထက် (ခ) မှတ်ကြီးကို မင်းကွန်းနယ်မြေခံရဲစခန်းက (ပ)၂၀/၂၀၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရပါတယ်။

 

#voiceofmyanmar #စစ်ကိုင်း #မင်းကွန်း #သက်ငယ်မုဒိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW