သိမ်းဆည်းခံခဲ့ရသည့် လယ်သမားများကို​လျော်​​ကြေး​ပေးရန်​ ဘီလီယံ ၄၀ နီးပါရှိ

ရန်​ကုန်​ ၊ ​မေ ၁-၂၀၁၉

သူရိန် (VOM)

 

 

သိမ်းဆည်းခဲ့တဲ့လယ်ယာမြေတွေကို ရောင်းချပြီး လယ်သမားများ ကို လျော်ကြေးပေးဖို့ ဘီလီယံ ၄၀ နီးပါးခန့် ရှိ​တယ်​လို့ရန်​ကုန်​ တိုင်းဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်းက ​ပြောကြားလိုက်​ပါတယ်​။

 

 

“ကျွန်တော်တို့ မြေလျော်ကြေးပေးဖို့ ရှိပါတယ်။ မြေလျော်ကြေးပေးတဲ့ ကိစ္စပေါ်မှာ မြေလိုချင်တယ် လျော်ကြေးမလိုချင်ဘူးဆိုတဲ့ အသံတွေလဲ ကြားရပါတယ်။ ဒီမြေတွေကို ရောင်းပါမယ်။ အသိမ်းခံရတဲ့ လယ်သမားတွေကို အဲ့အချိန်ကာလက ပေါက်ဈေးနဲ့ လျော်ကြေးပေးပါမယ်။ သိမ်းဆည်းခံခဲ့ရသည့် လယ်သမားများကို လျော်ကြေးပေးဖို့က ဘီလီယံ ၄၀ နီးပါးခန့် ရှိတာ​ကြောင့်​မြေ​တွေကို ကာလပေါက်ဈေး အတိုင်း ထုတ်ရောင်းသွားမယ်​။ ဒီမြေပေါ်မှာ သူနေနေတယ်ဆိုရင် သူ့ရဲ့ အခြေခံအဆောက်အအုံကြေးထည့်ဝင်ထားတဲ့ မြေပေါ်မှာ ဝယ်ပါ ကျွန်တော်တို့ရောင်းမယ်​။အခုလွှတ်တော်မှာ လမ်းခင်းပေးပါ မြောင်း ဖောက်ပေးပါ လမ်းကူးတံတားတွေ လုပ်ပေးပါဆိုတဲ့ ပိုက်ဆံကို နှစ်တိုင်း ဘီလီယံနဲ့ချီပြီး မြှုပ်နှံနေရပါတယ် ။အဲ့ဒီဘီလီယံနဲ့ချီပြီး မြှုပ်နှံလို့ ဒဂုံမြို့သစ်ကြီးဟာ အခုအဆင့်ကို ရောက်လာတာဖြစ်ပါတယ်။ ဒီငွေတွေ မထည့်ဘဲနဲ့ လယ်ကွင်းထဲမှာပဲရှိတဲ့ မြေကြီးတစ်ခုရဲ့တန်ဖိုး ဟာ ဒီဈေးမဖြစ်နိုင်ပါဘူး။ အခုလိုမျိုး အခြေခံအဆောက်အအုံကြေးတွေ အများကြီးထည့်ပြီးတဲ့ မြေကိုမှ လယ်သမားက လယ်ဈေးနဲ့ပြန်ယူပြီး အပြင်မှာ ဒီအခြေခံအဆောက်အအုံထည့်ထားတဲ့ဈေးနဲ့ ပြန်ရောင်း မယ်ဆိုတာတော့ တိုင်းဒေသကြီးအစိုးရက နိင်ငံတော်နဲ့ ပြည်သူ့ ဘဏ္ဍာငွေတွေအပေါ်မှာသစ္စာရှိရပါလိမ့်မယ် “ လို့ဝန်​ကြီးချုပ်​ဦးဖြိုးမင်းသိန်း ကပြောပါတယ်​။

 

 

လှိုင်​သာယာ၊ အင်းဂလိုင်​ကွင်းမှာ လယ်​သိမ်းခံထားရသူ ​ဒေါ်လှရီကတော့  “ကျွန်​မတို့က​လျော်​​ကြေးဆိုတာထက်​ကိုယ့်​လယ်​ကိုပြန်​လိုချင်​ပါတယ်​။ တခြားအလုပ်​လဲမလုပ်​စားတက်​ဘူး။ လယ်​ကို​နောက်​ဆုံးပြန်​မရနိုင်​ဘူးဆိုရင်​​တော့ ကာလ​ပေါက်​​ဈေးအတိုင်း​လျော်​​ကြေး​တော့ရချင်​ပါတယ်​” လို့​ပြောပါတယ်​။

 

 

 

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဒီလိုထုတ်ရောင်းရာမှာဒီမြေ​တွေအပေါ် လုပ်ငန်းရှင်​တွေဘက်က လုပ်ငန်းဆောင်ရွက်မယ်​ဆိုရင်​ရောင်းချပေးမှာဖြစ်​​ပေမယ့်​ဒီ​မြေ​တွေ ကို ဝယ်ယူပြီး မြေကစားတာကို ခွင့်ပြုမှာ မဟုတ်ဘဲ အမှန်တကယ် စက်ရုံ၊အလုပ်ရုံ​တွေ လာရောက် တည် ဆောက်တာနဲ့ဒီနေရာမှာ အမှန်တကယ် အများပြည်သူ နေထိုင်ရေးကိစ္စအတွက် အဆင်ပြေနိုင်တဲ့တန်ဖိုးသင့် ၊တန်ဖိုးမျှတသည့် အိမ်ရာ​တွေပေါ်ထွန်းရေး ကို လုပ်ဆောင်​ရမှာဖြစ်​ပါတယ်​။ ဒီမြေ​တွေကို မကြာမီကာလမှာထုတ်ရောင်းဖို့အတွက် တိုင်းဒေသကြီးမှာ ကော်မတီတစ်ရပ်ဖွဲ့စည်းထား ​တယ်​လို့လည်း ပြောသွားပါတယ်​။

 

ဓာတ်​ပုံ…လယ်​ယာ​မြေဆိုင်​ရာရှင်းလင်းပွဲတခု

 

#voiceofmyanmar #လယ်ယာမြေ #သိမ်းဆည်းခံလယ်မြေတွေလျော်ကြေးပေးမည်

Related posts

Leave a Comment

VOM News

FREE
VIEW