အလုပ်သမားနေ့မှာ အလုပ်သမားအခွင့်အရေးရရှိရေး ဆန္ဒပြတောင်းဆို

မန္တလေး၊ မေ ၁-၂၀၁၉

ဟိန်းကို(VOM)

မန္တလေးမြို့မှာ ဒီကနေ့ နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်မှာ မြန်မာနိုင်ငံစက်မှုလက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်နဲ့ အလုပ်သမားသမဂ္ဂအဖွဲ့မှ အလုပ်သမား ၂၀၀ခန့် စုပေါင်းပြီး အလုပ်သမားရေးကိစ္စတွေမှာ အစိုးရနဲ့လွတ်တော်က အလေးထားဆောင်ရွက်ပေးဖို့အတွက် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

လမ်းလျှောက်ဆန္ဒပြတာကို ပြည်ကြီးတံခွန်မြို့နယ်၊ ကျန်စစ်သားလမ်း နဲ့ လမ်း ၆၀ထောင့်က မြန်မာနိုင်ငံစက်မှုလက်မှု နှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်မှ စတင်စုဝေးလမ်းလျှောက်ပြီး ၊ ဗန္ဓုလလမ်းမှ လမ်း ၆၀ ထောင့်၊ ၆၂လမ်း မှ ၆၂လမ်းအတိုင်း ဖိုးရာဇာလမ်းထိ စက်မှုဇုန်ကနောင်ခန်းမရှေ့ထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

#voiceofmyanmar #မေဒေး #အလုပ်သမားနေ့ #အလုပ်သမားအခွင့်အရေး

Related posts

Leave a Comment

VOM News

FREE
VIEW