“မင်းသိင်္ခရဲ့ စနေမောင်မောင်ပါဝင်တဲ့ဝတ္ထုတွေကို မူပိုင်ခွင့်နဲ့ ၀ယ်ယူ”

ရန်ကုန် မေ ၂- ၂၀၁၉
သင်းသဒ္ဒါ
Golden Hour Entertainment ကတော့ ဆရာကြီးမင်းသိင်္ခ​ရေးသားဖန်​တီးထားတဲ့ စ​နေ​မောင်​​မောင်​ပါဝင်​​တဲ့ဝတ္ထုများကို မူပိုင်ခွင့်နဲ့ ၀ယ်ယူခဲ့ပါတယ်။
” ဆရာကြီးမင်းသိင်္ခရဲ့ စာ​ပေမူပိုင်​ခွင့်​ရရှိထားတဲ့ ဆရာကြီး၏ ညီမအရင်း ​ဒေါ်သန်းနု​အောင်​ထံကနေ ကို​ကောင်း​ကျော်​ (Golden Hour Entertainment)ကဝယ်​ယူလိုက်​တာဖြစ်​ပါတယ်​။
ဇာတ်​​ကောင်​များကို ရုပ်​ရှင်​အဖြစ်​ ရိုက်​ကူးဖန်​တီးထုတ်​လုပ်​သွားမှာဖြစ်​ပါတယ်။ လက်ရှိမှာ သရုပ်​​ဆောင်​နိုင်းနိုင်း၊​​ဒေါင်း၊​အောင်​မြင့်​မြတ်​တို့ကို​ရွေးချယ်​ထားပါတယ်​။အခြားသရုပ်​​ဆောင်​များကိုလည်း ​ရွေးချယ်​မှာဖြစ်​ပြီး ထပ်​မံ​ကြေငြာသွားမယ်​”လို့ဆိုပါတယ်။
စ​နေ​မောင်​​မောင်​ပါဝင်​​သော ဝတ္ထုဇာတ်​လမ်း၊ဇာတ်​​ကောင်​များကို မူပိုင်​ခွင့်​နဲ့ဝယ်​ယူ​ကြောင်း လက်​မှတ်​ထိုးတဲ့ပွဲကိုတော့ ​မေလ ၂ရက်​ ဒီ​နေ့က ရန်ကုန်မြို့ အလုံမြို့နယ်ရဲ့ Golden Hour Entertainment ရုံးခန်းမှာပြုလုပ်​ခဲ့ရာမှာ သရုပ်​​ဆောင်​နိုင်းနိုင်း၊​​ဒေါင်း၊​အောင်​မြင့်​မြတ်​တို့လည်းတက်​​ရောက်​ခဲ့ပါတယ်​။
သရုပ်​​ဆောင်​နိုင်းနိုင်းနဲ့ Golden Hourရဲ့ ၆ ကား​မြောက်​လက်​တွဲမယ့်​ဇာတ်​ကားဖြစ်​ပြီး၊​ဒေါင်းအ​နေနဲ့ နှစ်​ကား​မြောက်​၊​အောင်​မြင့်​မြတ်​အ​နေနဲ့ ပထမဆုံးဇာတ်​ကားဖြစ်​ပါတယ်​။ Golden Hourအတွက်’သမုဒယနွယ်​’ရုပ်​ရှင်​ကားကြီးရိုက်​ကူး​ပေးထားတဲ့ ဒါရိုက်​တာသီဟစိုးက ‘ဆားပုလင်းနှင်း​မောင်​နဲ့စ​နေ​မောင်​​မောင်​’ဇာတ်​ကားကို ရိုက်​ကူး​ပေးမှာဖြစ်​ပြီး ဒုတိယ​မြောက်​ လက်​တွဲတဲ့ဇာတ်​ကားလည်းဖြစ်​ပါတယ်​လို့ သိရပါတယ်။
ဓာတ်ပုံ – သင်းသဒ္ဒါ

 

#voiceofmyanmar #မင်းသိင်္ခ #Golden Hour Entertainment

Related posts

Leave a Comment

VOM News

FREE
VIEW