စစ်ကိုင်းက ဆွမ်းဦးပုညရှင်စေတီမှာ မှန်သားရင်ပြင် တိုးချဲ့မယ်

စစ်ကိုင်း မေ ၁၀-၂၀၁၉

မောင်တာရာ(VOM)

 

 

စစ်ကိုင်းတောင်ပေါ်က  ဆွမ်းဦးပုညရှင်စေတီတော်ရဲ့  ရင်ပြင်တော်တွေကို တိုးချဲ့ပြီး မှန်သားခင်း (View Point)ပြုလုပ်ဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ စီစဉ်ဆောင်ရွက်နေကြောင်း ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့က သိရပါတယ်။

 

 

စေတီတော်ရဲ့ အရှေ့ဘက် ရင်ပြင်တော်နဲ့ အနောက်ဘက် ရင်ပြင်တော်တွေကို  တိုးချဲ့ပြီး မှန်သားခင်း (View Point)ပြုလုပ်ရန်အတွက် ဒီလ ၈ ရက်နေ့က  စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက တရုတ်နိုင်ငံက ပညာရှင်တွေနဲ့အတူ လာရောက်ကွင်းဆင်းကြည့်ရှု့တိုင်းတာမှုတွေ ပြုလုပ်သွားတယ်လို့ ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးဝင်းက ပြောပါတယ်။

 

#voiceofmyanmar #စစ်ကိုင်း #ဆွမ်းဦးပုညရှင် #မှန်သားရင်ပြင်

Related posts

Leave a Comment

VOM News

FREE
VIEW