လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်ပြီး စရဖ အဖွဲ့ရဲ့ ဆောင်ရွက်ချက်အပေါ် ကိုယ်စားလှယ်တွေရဲ့အမေး ကာကွယ်ရေးဒုဝန်ကြီးဖြေ

နေပြည်တော်၊ မေ-၁၀-၂၀၁၉ ဒီပ(နေပြည်တော်)     လွှတ်တော်ကိုယ်စားလှယ်များရဲ့ လှုပ်ရှားမှုများအပေါ် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ(စရဖ)၏ ဆောင်ရွက်ချက်များဟာ လွတ်လပ်မှုကို ချိုးဖောက်ရာမရောက်ဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားလိုက်ပါတယ်။     မေလ(၁၀)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကော့သောင်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဇော်ကနေ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လှုပ်ရှားမှုများအပေါ်မှာ  စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ ညီညွှတ်ခြင်းရှိမရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အခုလို ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။   ဦးခင်ဇော်က “ကာကွယ်ရေးဝန်ကြီးဌာဘက်ကနေ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်တယ်လို့ပြောပါတယ် ဒါပေမယ့် ဒီပုဂ္ဂိုလ်တွေကို ကျွန်တော်တို့ မေးမြန်းတဲ့အခါမှာ နာမည်ပဲပြောပြီး ကိုယ်ပိုင်နံပတ်မပြောပါဘူး အဲ့ဒါက ပွင့်လင်းမြင်သာစွာ ရှိမရှိဆိုတာ ၀န်ကြီးအနေနဲ့ ဖြေကြားလို့ရရင် ဖြေကြားပေးပါ” လို့ မေးခွန်းထုတ်ခဲ့ပါတယ်။   “အဓိကက လူသိရှင်ကြား…

Read More

လက်မထပ်ရသေးခင် ချစ်သူကို ထုတ်မပြဘူးဆိုတဲ့ မအေးသောင်း

ရန်ကန် မေ ၁၀ -၂၀၁၉ သင်းသဒ္ဒါ (VOM)   ပရိသတ်အချစ်တော် အေးဝတ်ရည်သောင်းကတော့ လက်မထပ်ရသေးခင် ချစ်သူကို ထုတ်မပြဘူးလို့ဆိုပါတယ်။   ”ချစ်သူဘ၀မှာတော့  ပေါက်စီအနေနဲ့ ပရိသတ်ကို ချပြဖို့တော့ အစီအစဉ်မရှိပါဘူး။ ပေါက်စီက ပြဿနာ မရှိပေမယ့် သူကတော့ မနေတတ်ဘူး။ သူများတွေရဲ့ ကိုယ့်အကြောင်း တစ်ခုခုလာပြောရင် ဒီ ပြောဆိုမှုတွေအ တွက် စိတ်ဖိစီးမှုတွေဖြစ်မှာ ကြောက်တယ်လေ။ပေါက်စီရဲ့ ချစ်သူမှန်းသိလို့ နေရခက်စိုးလို့ ဘယ်သူဆိုတာ ထုတ်မပြတာပါ။လူတွေ မသိလေ ပိုကြိုက်လေပေါ့။သူက ပေါက်စီထက် ပိုရှက်တတ်နေပါတယ်”လို့ဆိုပါတယ်။   သူမကတော့  မေ ၂၄ ရက်နေ့စပြမယ့် ဒါရိုက်တာ သားညီ ရိုက်ကူးပေးတဲ့ အချစ်ဒရာမာ ဇာတ်လမ်းဖြစ်တဲ့ ”ရင်ခွင်ရှင်းတမ်း” ရုပ်သံဇာတ်လမ်းတွဲမှာတော့ ဟိန်းဝေယံ ၊အုပ်သာကျော် ၊ ငြိမ်းသော် ၊ သွန်းဆက် ၊ ဟန်လေး၊ သီရိစိုးနဲ့…

Read More

ထိုင်ဝမ်အပေါ် သြဇာလွှမ်းမိုးရေး တရုတ်နိုင်ငံ လုပ်ဆောင်နေတယ်လို့ သမ္မတ ဆိုင်အင်းဝမ်ဆို

တိုင်ပေ၊ မေ-၁၀-၂၀၁၉ မျိုးဆက် (VOM)     ထိုင်ဝမ်အပေါ် သြဇာလွှမ်းမိုးမှုရရှိဖို့နဲ့  စိမ့်ဝင်ထိုးဖောက်ဖို့အတွက် တရုတ်နိုင်ငံက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က မေ ၁၀ ရက်က ပြောဆိုလိုက်ပြီး တရုတ်နိုင်ငံရဲ့ အားထုတ်လုပ် ဆောင်နေတာတွေကို တန်ပြန်ဖို့ ထိုင်ဝမ်အမျိုးသားလုံခြုံရေး ဌာနတွေကို ညွှန်ကြား ထားတယ်လို့သူမက ပြောပါတယ်။   ထိုင်ဝမ်ရွေးကောက်ပွဲတွေကို ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားတာတွေ သတင်းတုဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်ဖို့ အားထုတ်မှုတွေအပါအ၀င် သြဇာလွှမ်းမိုးရေး လှုပ်ရှားမှုတွေကို တရုတ်နိုင်ငံက လုပ်ဆောင်နေတယ်လို့  အမျိုးသားလုံခြုံရေး အစည်းအဝေးတစ်ရပ်အပြီးမှာ ဆိုင်အင်းဝမ်က သတင်းထောက်တွေကိုပြောပါတယ်။   တရုတ်နိုင်ငံက လုပ်ဆောင်နေတဲ့  လှုပ်ရှားမှုအသေးစိတ်ကို ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေကို ကိုင်တွယ်ဖို့ နည်းလမ်းတွေကို ထိုင်ဝမ်အမျိုးသား လုံခြုံရေးဌာနတွေက ရှာဖွေနေတယ်လို့ သူမကပြောပါတယ်။     ထိုင်ဝမ်အနေနဲ့ စစ်ရေးကျူးကျော်တာတွေကို တားဆီးသွားမှာဖြစ်ပြီး…

Read More

ဆန်သယ်ယူခွင့် ပိတ်လိုက်သည့် အတွက် ပလက်ဝမြို့တွင် ဆန်ပြတ်လပ်

ပလက်ဝ မေ ၁၀၊၂၀၁၉ မိုင်ချယ်ရီ (VOM)     ချင်းပြည်နယ် တောင်ပိုင်း အစွန်ဆုံးမှာ တည်ရှိတဲ့ ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဖက်ကနေ ကုလာတန်မြစ်ကြောင်းအတိုင်း ဆန်သယ်ယူခွင့် ကို တပ်မတော်ဖက်ကနေ ပိတ်ထားတာကြောင့် ပလက်ဝမြို့ပေါ် ဆန်ဆိုင်တွေ မှာ ဆန်ပြတ်လပ်ပြီး ဆိုင်ပါပိတ်ထားလိုက်ရပြီ ဖြစ်တယ်လို့ ပလက်ဝမြို့ပေါ်က ဆန်ဆိုင် ပိုင်ရှင်တွေ ဆီကနေ သိရပါတယ်။     ပလက်ဝမြို့နယ် အတွင်းမှာ တပ်မတော် နဲ့ အေအေလက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ကျောက်တော်မြို့ကနေ ပလက်ဝမြို့ပေါ်အထိ ဆန်သယ်ယူမှုကို တပ်မတော်ဖက်ကနေ ပိတ်ထားတာပါ။   ဒီလို ပိတ်လိုက်တာကြောင့် ပလက်ဝမြို့ပေါ်ရှိတဲ့ ဆန်ဆိုင် ၆ ဆိုင်လုံးမှာ ရောင်းစရာ ဆန် မရှိတော့တာကြောင့် ဆိုင်တွေကို ဧပြီလ ဒုတိယပတ် အရောက်မှာ စတင်ပိတ်ထားခဲ့ကြတာ…

Read More

ရန်ကုန်တိုင်းအတွင်း    ဆိုင်ကယ်စီးခွင့်ရဖို့က ဝန်ကြီးချုပ်အပေါ်မှာ မူတည်

ရန်ကုန်၊ မေ ၁၀-၂၀၁၉ သိင်္ဂီ (VOM)   ရန်ကုန်တိုင်းအတွင်း    မော်တော်ဆိုင်ကယ်စီးနင်းခွင့်ရရှိဖို့ လုပ်ပေးခြင်းမပေးခြင်းက ဝန်ကြီးချုပ်အပေါ်မှာ မူတည်တယ်လို့ ရန်ကုန်တိုင်းအတွင်း  ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ရရှိရေး လှုပ်ရှားနေသောကော်မတီ တာဝန်ခံ ကိုဝင်းကျော်မောင်က ပြောပါတယ်။   လာမယ့် မေလ ၁၃ ရက်နေ့မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် ၊လွှတ်တော် အပါအဝင် သက်ဆိုင်ရာဌာနတွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားဝင်ဥပဒေနဲ့အညီ မော်တော်ဆိုင်ကယ်စီးခွင့် ပြန်လည်ပေးအပ်ဖို့ ပြည်သူ့ဆန္ဒ သဘောထားရေးထိုးထားတဲ့ လက်မှတ်တွေနဲ့အတူ တရားဝင်တင်ပြတောင်းဆိုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။   ” ပြည်သူဆန္ဒ ပြည်သူတစ်ယောက်အနေနဲ့ ဆိုရင် ခုစာတင်တဲ့နည်းလမ်း နဲ့မရရင် နောက်နည်းလမ်းနဲ့တောင်းဆိုမယ်၊ ဝန်ကြီးချုပ်လုပ်ပေးခြင်းမလုပ်ပေးခြင်းကတော့ သူ့အပေါ်မူတည်တယ်။ ရန်ကုန်ထဲမှာ ybs မရောက်တဲ့နေရာတွေအများကြီးရှိတယ်။ အဲ့နေရာတွေအတွက် ဆိုင်ကယ်စီးနင်းခွင့်မဖြစ်မနေလိုတယ်။ နေရာတိုင်း ybs မရောက်နိုင်ဘူး”လို့ တာဝန်ခံ ကိုဝင်းကျော်မောင်ကပြောပါတယ်။   အစိုးရ ရုံးတွေအခြေစိုက်ရာ နေပြည်တော်အပါအဝင်…

Read More

မြောက်ကိုရီးယားက ဒုံးပျံတွေထပ်ပြီးစမ်းသပ်၊ အမေရိကန်နဲ့ တင်းမာမှုမြင့်တက်နေ

ဆိုးလ်၊ မေ-၁၀-၂၀၁၉ မျိုးဆက် (VOM)   မြောက်ကိုရီးယားဟာ တစ်ပတ်အတွင်း ဒုတိယအကြိမ်အဖြစ် တာတိုပစ်ဒုံးပျံနှစ်စင်းကို မေ ၉ ရက်နေ့က ပစ်လွှတ်ခဲ့ပြီး အဲဒီနေ့မှာဘဲ အမေရိကန်ကလည်း မြောက်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းကို ဖမ်းဆီးလိုက်တာကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုတွေ ပြန်လည်မြင့်တက်နေပါတယ်။     ဒီလိုဒုံးပျံတွေ ပစ်လွှတ်တာနဲ့ပတ်သက်ပြီး ဘယ်သူမှ ပျှော်ရမှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားနဲ့ နောက်ထပ်ဆွေးနွေးပွဲတွေလုပ်ဖို့ကိုတော့ တံခါးဖွင့်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။     ဒီိလိုလုပ်ဆောင်တာဟာ ဖေဖော်ဝါရီလအတွင်းက ဆွေးနွေးမှုမအောင်မြင်ခဲ့တဲ့ ဟနွိုင်းဆွေးနွေးပွဲမှာ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့တာတွေ လျှော့ချဖို့ ငြင်းဆိုခဲ့တဲ့ ဒေါ်နယ်ထရန့်အပေါ် ဆန္ဒပြတဲ့သဘောဖြစ်ဖွယ်ရှိပြီး ဒီလုပ်ရပ်ဟာ ပြသနာပြေလည်မှာမဟုတ်ဘဲ စိုးရိမ်ဖွယ်ဖြစ်တယ်လို့ တောင်ကိုရီးယားဘက်က ပြောပါတယ်။     အမေရိကန်ကလည်း မြောက်ကိုရီးယားအပေါ်ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကိုလျှော့ချပေးဖို့ လက္ခဏာမရှိဘဲ မေ ၉…

Read More

ရသေ့တောင်​က လူဦးရေ ၁၀၀ ဝန်းကျင်​ခန့်​ စစ်​တွေမြို့မှာလာရောက်​ခိုလှုံ

စစ်​တွေ၊ မေ ၁၀-၂၀၁၉ ခိုင်​လင်းစံ(VOM)   ရခိုင်​ပြည်​နယ်​၊ ရသေ့တောင်​မြို့နယ်​က ကျေးရွာတချို့က ဒေသခံ ၁၀၀ ဝန်းကျင်​တို့ဟာ ဒေသမတည်​မငြိမ်​မှုတွေကြောင့်​ စစ်​တွေမြို့မှာ ခိုလှုံဖို့ရောက်ရှိနေကြတာဖြစ်​ပါတယ်​။ အဲ့ဒီကျေးရွာသားတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်​ပြီးရောက်​ရှိလာခဲ့ကြတာဖြစ်​ပြီး စစ်​တွေမြို့ပေါ်က ဘုန်းတော်​ကြီးကျောင်းတွေဖြစ်​တဲ့ ကယုချောင်းကျောင်းတိုက်​၊ အမျိုးသားကျောင်းတိုက်​ စတဲ့ဘုန်းတော်​ကြီးကျောင်းသုံးကျောင်းမှာ ရောက်​ရှိနေကြတာဖြစ်​ပါတယ်​။   “အန်​တီတို့က ရသေ့တောင်​မြို့နယ်​ ရေစိုးချောင်းကလာကြတာပါ။ တခြားရွာတွေက မိသားစာုတွေလည်းပါပါတယ်​။ ရွာမှာနေရတာ အဆင်​မပြေတော့ဘူး။ ဒါကြောင့်​ ဒီကိုလာကြတာပါ။ အစကတော့ အောင်​စည်​ကုန်းစခန်းမှာနေခဲ့တယ်​။ စားရေးသောက်​ရေး၊ နေရေးထိုင်​ရေး အခက်​အခဲရှိတယ်​။ ပြီးတော့ မလုံခြုံဘူး စစ်​တွေမှာဆိုရင်​ လုံခြုံမလားဆိုပြီး လာတာပါ။”လို့ ကယုချောင်းဘုန်းတော်​ကြီးကျောင်းမှာ ရောက်​ရှိနေတဲ့ ဒေါ်မချေကပြောပါတယ်​။     စစ်​တွေမြို့ကို စစ်​ဘေးခိုလှုံဖို့ရောက်​ရှိနေကြသူတွေဟာ ရသေ့တောင်​မြို့နယ်​က ရေစိုးချောင်း၊ ရေခေါင်းချောင်း၊ သိုင်းတပုတ်​၊ ခရုချောင်း၊ သပြေဆိပ်​စတဲ့ကျေးရွာသားတွေဖြစ်​ကြပါတယ်​။   “ရွာမှာတပ်​ကရှိနေတယ်​။…

Read More

စစ်ကိုင်းက ဆွမ်းဦးပုညရှင်စေတီမှာ မှန်သားရင်ပြင် တိုးချဲ့မယ်

စစ်ကိုင်း မေ ၁၀-၂၀၁၉ မောင်တာရာ(VOM)     စစ်ကိုင်းတောင်ပေါ်က  ဆွမ်းဦးပုညရှင်စေတီတော်ရဲ့  ရင်ပြင်တော်တွေကို တိုးချဲ့ပြီး မှန်သားခင်း (View Point)ပြုလုပ်ဖို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကနေ စီစဉ်ဆောင်ရွက်နေကြောင်း ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့က သိရပါတယ်။     စေတီတော်ရဲ့ အရှေ့ဘက် ရင်ပြင်တော်နဲ့ အနောက်ဘက် ရင်ပြင်တော်တွေကို  တိုးချဲ့ပြီး မှန်သားခင်း (View Point)ပြုလုပ်ရန်အတွက် ဒီလ ၈ ရက်နေ့က  စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက တရုတ်နိုင်ငံက ပညာရှင်တွေနဲ့အတူ လာရောက်ကွင်းဆင်းကြည့်ရှု့တိုင်းတာမှုတွေ ပြုလုပ်သွားတယ်လို့ ဆွမ်းဦးပုညရှင် ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးဝင်းက ပြောပါတယ်။   #voiceofmyanmar #စစ်ကိုင်း #ဆွမ်းဦးပုညရှင် #မှန်သားရင်ပြင်

Read More
VOM News

FREE
VIEW