ဇီးကုန်း မေ ၁၁-၂၀၁၉
မိုးယံ (VOM)
ပဲခူးတိုင်း ဇီးကုန်းမြို့ ခရိုင်ကညနက ယာဉ်လိုင်စင်ပြုလုပ်ပေးရာမှာ ငွေကြေးကောက်ခံမှုတွေ ရှိခဲ့တယ်လို့ ယာဉ်လိုင်စင်ပြုလုပ်သူတွေက ပြောပါတယ်။
“ ဒီနေ့ နံက် ၉ နာရီလောက်က ယာဉ်လိုင်စင်ပြုလုပ်ဖို့ ခန်းမ ထဲကိုလာခဲ့ပါတယ် အဲဒီမှာ လိုင်စင်လုပ်ဖို့ စာရင်းပေးတော့ စာရင်းကိုင်တဲ့သူက ငွေသုံးထောင် အပိုပေးလို့ပြောတယ် ။ ကျွန်တော်တို့က ဘာအတွက်လဲ ဘာကြောင့်တောင်းတာလဲမေးတော့ ခရိုင် ကညန က ဝန်ထမ်းတွေ စားဖို့သောက်ဖို့ အတွက် တောင်းတာပါလို့ပြောပါတယ် ။ ကျွန်တော် တို့ယာဉ်လိုင်စင် လုပ်ဖို့လာတဲ့သူတွေ အကုန် တစ်ယောက် သုံးထောင် ပေးခဲ့ရပါတယ်” လို့ ယာဉ်လိုင်စင်လုပ်ခဲ့တဲ့ ဦးမင်းမင်းက ပြောပါတယ်။ ဒီအထွက် ငွေလက်ခံပြေစာလည်း ထုတ်မပေးဘူးလို့ သိရပါတယ်။
ဒီကိစ္စကို ဇီးကုန်းမြို့နယ် မော်တော်ယာဉ် အသင်း ဒုဥက္ကဠ ဦးအောင်ဇော်တင့်ရှင်းပြတာက
” ကျွန်တော်တို့ မြို့နယ် မော်တော်ယာဉ် အသင်းက တောင်းတာပါ ယာဉ်လိုင်စင်လုပ်ပြီးတဲ့အခါ သာယာဝတီ မြို့ကို သွားယူရမယ် လာလုပ်ပေးတဲ့ ကညန ကဝန်ထမ်းတွေကိုဧည့်ခံကျွေးမွေးရမယ် ဒါတွေအတွက် တစ်ယောက်ကို သုံးထောင် တောင်းတာပါ ” လို့ ပြောပါတယ်။
`ကျွန်တော်တို့ ခရိုင် ကညန က တိုင်းအစိုးရ ညွှန်ကြားချက် အရ ယာဉ်လိုင်စင် လုပ်ပေးတာပါ တရားဝင် လိုင်စင်အတွက် ကျသင့်ငွေ ကလွဲလို့ တခြားငွေကြေး လုံးဝ ကောက်ခံခြင်းမရှိပါဘူး´လို့ ခရိုင် ကညန ဦးစီးမှုး ဦးအောင်ဇေဝင်းက ရှင်းပြပါတယ်။
ပဲခူးတိုင်း ကျေက်တံခါး ပေါက်ခေါင်း ကျောက်ကြီး ဇီးကုန်းမြို့နယ်တို့တွင် မော်တော်ယာဉ် မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် ၊ လိုင်စင်သက်တမ်း တိုးတာတွေ ဆောင်ရွက်ပေးခဲ့ပြီး ဇီးကုန်းမြိ့နယ်မှာတော့ ဒီနေ့ မေလ ၁၁ရက်နေ့မှာ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
#voiceofmyanmar #ဇီးကုန်း #ကညန #ယာဉ်မောင်းလိုင်စင်