ဧရာဝတီမြစ်ကိုပြန်တိုက်ယူမယ်လို့ ပြည်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ချို့ဟြေ

ပြည်- မေလ ၁၁ -၂၀၁၉

လမင်း (VOM)

 

 

ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ပက်သက်ပြီး ဧရာဝတီမြစ်ကို ပြန်ရွေးမယူဘဲ ပြန်တိုက်ယူမယ်လို့ ပြည်မြို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ချို့က မေလ ၁၀ ရက်နေ့ကပြုလုပ်တဲ့မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး တောင်းဆိုပွဲမှာဟြေကြားခဲ့ပါတယ် ။

 

 

“ခေါင်းစဉ်ကြီးတပ်လိုက်ကတည်းက ဧရာဝတီမြစ်ကိုပြန်ရွေးမယ်တဲ့ ကျွန်တော်တို့ကဧရာဝတီမြစ်ကိုပြန်ရွေးမှာမဟုတ်ဘူး ရှင်းရှင်းဟြေမယ်ဗျာ တရားမ၀င်တဲ့အစိုးရလက်ထက်မှာလုပ်သွားတဲ့ဟာကို ပြန်တိုက်ယူမယ်လို့” ပြည်မြို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူကိုဝင်းလှိုင်ကဟြေပါတယ် ။

 

 

မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးတောင်းဆိုပွဲကို ပြည်မြို့မှာ မေလ ၁၀ ရက်နေ့ ည ၆ နာရီခွဲခန့်က ဗိုလ်ချုပ်မြင်းစီးကျောက်ရုပ်ရှေ့မှာ စတင်ပြုလုပ်ခဲ့ပြီး နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရမယ့်အကြောင်း ဟောဟြေလှူံ့ဆော်ခဲ့ကြပါတယ် ။

 

 

ဧရာဝတီမြစ်ဆုံအား ပြန်လည်ရွေးယူရန် လူတစ်ယောက်လျှင်ဒေါ်လာတစ်ရာ ပေးဆောင်ရန်ဟြေကြားခဲ့သည့်အပေါ် သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက် ပြည်ခရိုင်က ဦးချစ်ဆောင်ဦးက “ အဲ့ဒါကိုကျွန်တော်တို့ကသဘောမတူဘူး လူတစ်ယောက်ကဒေါ်လာတစ်ရာပေးရမယ်မြစ်ဆုံကိုပြန်ရွေးဖို့ ကျွန်တော်တို့မှာရွေးစရာမလိုဘူးဗျာ့ ကျွန်တော်တို့ချုပ်ခဲ့တဲ့စာချုပ်မဟုတ်ဘူးအရင်အစိုးရကနေပြီးတော့ရင်တာဝန်မဲ့စွာချုပ်ခဲ့တဲ့စာချုပ်ဖြစ်တယ် အဲ့တော့သူတို့ကသူတို့ပြန်လျော်ပါလားဗျာ” လို့ဟြေပါတယ် ။

 

 

One Dollor Campain လှုပ်ရှားမှု့ဟာ ဧရာဝတီကို ပြန်ရွေးယူမယ်ဆိုတဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ဟြေကြားခဲ့ခြင်းဖြစ်ပြီး ဧရာဝတီကိုတစ်ဒေါ်လာစီစုပြီး ပြန်ရွေးယူမယ့်ကိစ္စသည် လူမှု့ကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့တာတွေ့ရပါတယ်။

 

 

#voiceofmyanmar  #ဧရာဝတီ #ပြည် #ဧရာဝတီကိုပြန်တိုက်ယူမယ်

Related posts

Leave a Comment

VOM News

FREE
VIEW