ကချင်ပြည်နယ်စစ်ရှောင်စခန်း ၂ ခုသို့ လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူး ကွင်းဆင်းစစ်ဆေး

 

 

မြစ်ကြီးနား မေ ၁၁-၂၀၁၉

ရန်အောင်ထွန်း (VOM)

 

 

ကချင်ပြည်နယ်ကမြစ်ကြီးနားမြို့ကို မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ရောက်ရှိလာတဲ့ လူသားချင်း စာနာမှု အရေးကိစ္စများဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူး မစ္စအာရ်ဆူလာမြူလာ ပါဝင်တဲ့ အဖွဲ့ဟာ  မိုင်းနားကျေးရွာနှင့် ငွေပျော်စံပြကျေးရွာက စစ်ရှောင်စခန်းတွေဆီ ကွင်းဆင်းမယ်လို့ သိရပါတယ်။

 

လူသားချင်းစာနာမှု အရေးကိစ္စများ ဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးအနေနဲ့ မေလ ၉ ရက်ကနေ ၁၅ ရက် အထိ ရန်ကုန်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေပြည်တော် ခရီးစဉ်သွားရောက်မှာဖြစ်ပါတယ်။

 

#voiceofmyanmar  #ကချင်ပြည်နယ် #UN # ကုလသမဂ္ဂ # လက်ထောက်အထွေထွေအတွင်းရေးမှူး #ကချင်စစ်ရှောင်စခန်း

 

Related posts

Leave a Comment

VOM News

FREE
VIEW